သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ရဲ႕အေကာင္႔ လူမႈကြန္ယက္မီဒီယာေတြ ပိတ္ပင္မႈအေပၚ ဂ်ာမဏီ၀န္ႀကီးခ်ဳပ္ ဘ၀င္မက်


သမၼတ Trump ရဲ႕အေကာင္႔ လူမႈကြန္ယက္မီဒီယာေတြပိတ္လိုက္

(Zawgyi/Unicode)

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ့ အေကာင့္ကို တြစ္တာနဲ႔ တျခားလူမႈကြန္ယက္ေတြက ဖယ္ရွားလိုက္ၾကတာဟာ ျပႆနာအျဖစ္ သူျမင္ေၾကာင္း ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel က တနလၤာေန႔မွာ ေျပာပါတယ္။

သမၼတထရမ့္ကို ေထာက္ခံသူေတြ ဗုဒၶဟူးေန႔က အေမရိကန္လႊတ္ေတာ္ထဲ အတင္းဝင္ေရာက္ စီးနင္းခဲ့တဲ့ ေနာက္ တြစ္တာက သမၼတရဲ့ အေကာင့္ကို ကနဦးအျဖစ္ ၁၂ နာရီထက္မနည္း ပိတ္ထားလိုက္ၿပီး ေသာၾကာေန႔မွာေတာ့ ေနာက္ထပ္ အၾကမ္းဖက္မႈေတြပိုမ်ားလာႏိုင္တဲ့ အႏၱရာယ္ ရွိတဲ့အတြက္ လို႔ ေျပာၿပီး အၿပီးတိုင္ပိတ္ပစ္လိုက္တာပါ။

ဒီလို ပိတ္လိုက္တာနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ရဲ့ ေျပာခြင့္ရ Steffen Seibert က - လြတ္လပ္စြာ ေတြးေခၚတင္ျပခြင့္ဟာ သိပ္ကို အေရးပါတဲ့ အေျခခံရပိုင္ခြင့္ တရပ္ျဖစ္ေၾကာင္း ဘာလင္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီရပိုင္ခြင့္အတြက္ ျခြင္းခ်က္ထား ႏိုင္ေပမယ့္ ဒါဟာဥပေဒကို အေျခခံရမွာျဖစ္သလို ဥပေဒျပဌာန္းခ်က္ေတြနဲ႔ အညီ လုပ္ေဆာင္ရမွာ ျဖစ္ၿပီး လူမႈမီဒီယာေတြရဲ့ ဆံုးျဖတ္ခ်က္နဲ႔ သူတို႔ အျမင္အတိုင္း လုပ္ေဆာင္ဖို႔ မဟုတ္ေၾကာင္း၊ အခုလို အေမရိကန္သမၼတတေယာက္ရဲ့ အေကာင့္ကို အၿပီးတိုင္ပိတ္ပစ္တာမ်ိဳးဟာ ျပႆနာလို႔ ဝန္ႀကီးခ်ဳပ္ Markel အေနနဲ႔ ျမင္ေၾကာင္း ေျပာၾကားခဲ့တာပါ။

ႏိုင္ငံေရးအသိုင္းဝိုင္းေတြ အတြက္ အမုန္းတရားေတြ၊ အလိမ္အညာေတြ အၾကမ္းဖက္ေစတာေတြနဲ႔ အဆိပ္အေတာက္ မျဖစ္ေစဖို႔အတြက္ တြစ္တာလို လူမႈမီဒီယာပလက္ေဖါင္းမွာ အထူးတာဝန္ရွိတယ္လို႔ ဂ်ာမဏီအစိုးရက ယံုၾကည္ေၾကာင္းလည္း Seibert ကေျပာပါတယ္။ ဒီလို ျဖစ္လာေစတဲ့ အေၾကာင္းအရာေတြကို သူတုိ႔လူမႈမီဒီယာမွာ တင္လာတာမ်ိဳးေတြ႔ရင္ ဒီအတိုင္း ထိုင္ၾကည့္ေနရမွာ မဟုတ္ဖူးလို႔လည္း ေျပာပါတယ္။

ေဖ့စ္ဘုတ္ကလည္း ၾကာသပေတးေန႔ကစၿပီး သမၼတထရမ့္ရဲ့ အေကာင့္ကို အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္ က်မ္းသစၥာက်ိန္ဆိုတဲ့ ဇန္နဝါရီလ ၂၀ ရက္ေန႔အထိ ပိတ္ထားၿပီး အၿပီးတိုင္ ပိတ္ပစ္ႏိုင္ေျခလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

သမ္မတ Trump ရဲ့အကောင့် လူမှုကွန်ယက်မီဒီယာတွေ ပိတ်ပင်မှုအပေါ် ဂျာမဏီဝန်ကြီးချုပ် ဘဝင်မကျ

(Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကောင့်ကို တွစ်တာနဲ့ တခြားလူမှုကွန်ယက်တွေက ဖယ်ရှားလိုက်ကြတာဟာ ပြဿနာအဖြစ် သူမြင်ကြောင်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel က တနင်္လာနေ့မှာ ပြောပါတယ်။

သမ္မတထရမ့်ကို ထောက်ခံသူတွေ ဗုဒ္ဓဟူးနေ့က အမေရိကန်လွှတ်တော်ထဲ အတင်းဝင်ရောက် စီးနင်းခဲ့တဲ့ နောက် တွစ်တာက သမ္မတရဲ့ အကောင့်ကို ကနဦးအဖြစ် ၁၂ နာရီထက်မနည်း ပိတ်ထားလိုက်ပြီး သောကြာနေ့မှာတော့ နောက်ထပ် အကြမ်းဖက်မှုတွေပိုများလာနိုင်တဲ့ အန္တရာယ် ရှိတဲ့အတွက် လို့ ပြောပြီး အပြီးတိုင်ပိတ်ပစ်လိုက်တာပါ။

ဒီလို ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဂျာမဏီဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ Steffen Seibert က - လွတ်လပ်စွာ တွေးခေါ်တင်ပြခွင့်ဟာ သိပ်ကို အရေးပါတဲ့ အခြေခံရပိုင်ခွင့် တရပ်ဖြစ်ကြောင်း ဘာလင်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီရပိုင်ခွင့်အတွက် ခြွင်းချက်ထား နိုင်ပေမယ့် ဒါဟာဥပဒေကို အခြေခံရမှာဖြစ်သလို ဥပဒေပြဌာန်းချက်တွေနဲ့ အညီ လုပ်ဆောင်ရမှာ ဖြစ်ပြီး လူမှုမီဒီယာတွေရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ အမြင်အတိုင်း လုပ်ဆောင်ဖို့ မဟုတ်ကြောင်း၊ အခုလို အမေရိကန်သမ္မတတယောက်ရဲ့ အကောင့်ကို အပြီးတိုင်ပိတ်ပစ်တာမျိုးဟာ ပြဿနာလို့ ဝန်ကြီးချုပ် Markel အနေနဲ့ မြင်ကြောင်း ပြောကြားခဲ့တာပါ။

နိုင်ငံရေးအသိုင်းဝိုင်းတွေ အတွက် အမုန်းတရားတွေ၊ အလိမ်အညာတွေ အကြမ်းဖက်စေတာတွေနဲ့ အဆိပ်အတောက် မဖြစ်စေဖို့အတွက် တွစ်တာလို လူမှုမီဒီယာပလက်ဖေါင်းမှာ အထူးတာဝန်ရှိတယ်လို့ ဂျာမဏီအစိုးရက ယုံကြည်ကြောင်းလည်း Seibert ကပြောပါတယ်။ ဒီလို ဖြစ်လာစေတဲ့ အကြောင်းအရာတွေကို သူတို့လူမှုမီဒီယာမှာ တင်လာတာမျိုးတွေ့ရင် ဒီအတိုင်း ထိုင်ကြည့်နေရမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

ဖေ့စ်ဘုတ်ကလည်း ကြာသပတေးနေ့ကစပြီး သမ္မတထရမ့်ရဲ့ အကောင့်ကို အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပိတ်ထားပြီး အပြီးတိုင် ပိတ်ပစ်နိုင်ခြေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG