သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ကို တရားစွဲဆိုရေးအဆို အောက်လွှတ်တော်မှာ တင်သွင်းမည်


အမေရိကန်သမ္မတ Donald Trump. (ဇန်နဝါရီ ၆၊ ၂၀၂၁)
အမေရိကန်သမ္မတ Donald Trump. (ဇန်နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်လွှတ်တော်မှာ လူ ၅ ဦးသေဆုံးခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တော်ထဲ အတင်းဝင်ရောက်တဲ့ ဖြစ်ရပ်အတွက် သမ္မတ Donald Trump တာဝန်ခံသင့်ကြောင်း ပြောကြားနေတဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သမ္မတကို တရားစွဲဖို့ တနင်္ဂနွေနေ့မှာလည်း တွန်းအားပေးနေကြပါတယ်။

တရားစွဲရေးမစွဲရေး နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးပေမယ့် အရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရကြောင်း Electoral College ကိုယ်စားလှယ်မဲ အတည်ပြုတဲ့လုပ်ငန်း ဆောင်ရွက်နေတဲ့ လွှတ်တော်ကို တားဆီးဖို့ သမ္မတ Trump ကြိုးစားခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုမယ့် အဆိုပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က တနင်္လာနေ့မှာ တင်သွင်းဖို့ရှိပါတယ်။

ဇန်နဝါရီလ ၂၀ မှာ နောက်အစိုးရတရပ် တက်လာမယ်ဆိုတာကို အသိအမှတ်ပြုပေမယ့် ရွေးကောက်ပွဲ မဲရလဒ်ကိုတော့ ခုထိ လက်မခံသေးတဲ့ သမ္မတ Trump ကို တရားစွဲဆိုရေးနဲ့ ပတ်သက်ပြီး အရွေးကောက်ခံသမ္မတ Biden ဘက်က ဘာမှ ပြောဆိုတာ မရှိသေးပါဘူး။

လာမယ့် ၁၀ ရက်မှာ အတူတကွ ပြန်လည်တည်ဆောက်ရေးနဲ့ ရှေ့ဆက်လှမ်းမှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ Mr. Biden က တွစ်တာမှာ ရေးပါတယ်။

သမ္မတ Trump ရဲ့ သမ္မတသက်တမ်း ရှေ့သီတင်းပတ်လောက်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် သမ္မတအပေါ် တရားစွဲဆိုရေးကို အောက်လွှတ်တော်က ဒီရက်ပိုင်းအတွင်းမှာပဲ မဲခွဲဖို့ရှိကြောင်း တောင်ကာရိုလိုင်းနားပြည်နယ်က အောက်လွှတ်တော်အမတ် Jim Clyburn က Fox သတင်းဌာန မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။

အထက်လွှတ်တော်ကတော့ ရက်ပိုင်းပဲလိုတော့တဲ့ သမ္မတ Trump ရဲ့ သမ္မတသက်တမ်း မကုန်ခင် သူ့အပေါ် တရားစွဲဆိုမှု လုပ်နိုင်ခြေ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း သူ သမ္မတတာဝန်ကုန်ဆုံးပြီး နောက်ပိုင်းမှာတော့ လုပ်လာနိုင်ပါတယ်။

တရားစွဲဆိုဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ် ၁၈၀ အနည်းဆုံး လက်မှတ်ရေးထိုးဖို့ ရှိပေမယ့် ဒါဟာ အမတ် ၄၃၅ ယောက်ရှိတဲ့ အောက်လွှတ်တော်မှာ အများစုဖြစ်တဲ့ မဲ ၂၁၈ မဲရဖို့ လိုနေသေးသလို တရားစွဲဖို့ ထောက်ခံမယ့် ရီပတ်ဘလီကန်အမတ်လည်း တယောက်မှမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)




ဇနျနဝါရီလ ၂၀ မှာ နောကျအစိုးရတရပျ တကျလာမယျဆိုတာကို အသိအမှတျပွုပမေယ့ျ ရှေးကောကျပှဲ မဲရလဒျကိုတော့ ခုထိ လကျမခံသေးတဲ့ သမ်မတ Trump ကို တရားစှဲဆိုရေးနဲ့ ပတျသကျပွီး အရှေးကောကျခံသမ်မတ Biden ဘကျက ဘာမှ ပွောဆိုတာ မရှိသေးပါဘူး။





XS
SM
MD
LG