[Zawgyi/Unicode]
အေမရိကန္သမၼတ Donald Trump ကို ရာထူးကေန ဖယ္႐ွားႏိုင္တဲ့ ဖဲြ႔စည္းပံုျပင္ဆင္ခ်က္ ၂၅ ကို Trump အစိုးရ Cabinet ဝန္ႀကီးအဖဲြ႔ အသံုးျပဳဖို႔ ေအာက္လႊတ္ေတာ္အမတ္ေတြ ဒီေန႔ ဆံုးျဖတ္ေတာင္းဆိုမယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ကေျပာၾကားပါတယ္။ လႊတ္ေတာ္ရဲ႕ေတာင္းဆိုခ်က္ကို ဒုသမၼတ Mike Pence ဘက္က ၂၄ နာရီအတြင္း မတံု႔ျပန္ရင္ သမၼတအေပၚ တရားစြဲေရးအတြက္ ေအာက္လႊတ္ေတာ္မွာ ဆံုးျဖတ္ေဆာင္႐ြက္သြားမယ္လို႔ Democratic ပါတီဝင္ေတြဆီ ေအာက္လႊတ္ေတာ္ဥကၠ႒ Pelosi ေပးပို႔တဲ့ စာထဲမွာ ေရးသားထားပါတယ္။
သမၼတဟာ အေမရိကန္ရဲ႕ ဖဲြ႔စည္းပံုနဲ႔ ဒီမိုကေရစီစနစ္အတြက္ ႀကီးမားတဲ့အႏၱရာယ္ျဖစ္ေနတာမို႔ ဒါကိုကာကြယ္ဖုိ႔အတြက္ အေရးေပၚ ေဆာင္႐ြက္သြားမယ္လို႔ စာထဲမွာ ေရးသားထားပါတယ္။ အေမရိကန္လႊတ္ေတာ္အေဆာက္အဦးထဲကို သမၼတ Trump အေပၚ ေထာက္ခံသူေတြ အတင္းဝင္ေရာက္တိုက္ခိုက္ခဲ့ၾကၿပီးေနာက္ ဒီျဖစ္ရပ္အတြက္ သမၼတရာထူးကေနဆင္းေပးဖို႔ ေတာင္းဆိုမႈေတြ တိုးေနတာျဖစ္ပါတယ္။
သမၼတေၾကာင့္ အေမရိကန္ဒီမိုကေရစီအေပၚ ေစာ္ကားက်ဴးလြန္မႈေတြ အ႐ွိန္ျမင့္လာေနတဲ့အတြက္ ခ်က္ခ်င္း တံု႔ျပန္ေဆာင္႐ြက္ဖုိ႔လိုအပ္တယ္လို႔ ေအာက္လႊတ္ေတာ္ဥကၠ႒က ေျပာၾကားထားပါတယ္။ လက္႐ွိသမၼတသက္တမ္းကုန္ဖုိ႔ ရက္ပိုင္းအလိုမွာ ေအာက္လႊတ္ေတာ္ဥကၠ႒ရဲ႕ ေဆာင္႐ြက္ခ်က္အေပၚ သမၼတေရာ အိမ္ျဖဴေတာ္ကပါ တံု႔ျပန္ျခင္း မ႐ွိေသးပါဘူး။
[Unicode Version]
ကန် ဖွဲ့စည်းပုံပြင်ဆင်ချက် ၂၅ သုံးဖို့ အောက်လွှတ်တော်တောင်းဆိုမည်
အမေရိကန်သမ္မတ Donald Trump ကို ရာထူးကနေ ဖယ်ရှားနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် ၂၅ ကို Trump အစိုးရ Cabinet ဝန်ကြီးအဖွဲ့ အသုံးပြုဖို့ အောက်လွှတ်တော်အမတ်တွေ ဒီနေ့ ဆုံးဖြတ်တောင်းဆိုမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားပါတယ်။ လွှတ်တော်ရဲ့တောင်းဆိုချက်ကို ဒုသမ္မတ Mike Pence ဘက်က ၂၄ နာရီအတွင်း မတုံ့ပြန်ရင် သမ္မတအပေါ် တရားစွဲရေးအတွက် အောက်လွှတ်တော်မှာ ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ Democratic ပါတီဝင်တွေဆီ အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ပေးပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။
သမ္မတဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်နေတာမို့ ဒါကိုကာကွယ်ဖို့အတွက် အရေးပေါ် ဆောင်ရွက်သွားမယ်လို့ စာထဲမှာ ရေးသားထားပါတယ်။ အမေရိကန်လွှတ်တော်အဆောက်အဦးထဲကို သမ္မတ Trump အပေါ် ထောက်ခံသူတွေ အတင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် ဒီဖြစ်ရပ်အတွက် သမ္မတရာထူးကနေဆင်းပေးဖို့ တောင်းဆိုမှုတွေ တိုးနေတာဖြစ်ပါတယ်။
သမ္မတကြောင့် အမေရိကန်ဒီမိုကရေစီအပေါ် စော်ကားကျူးလွန်မှုတွေ အရှိန်မြင့်လာနေတဲ့အတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။ လက်ရှိသမ္မတသက်တမ်းကုန်ဖို့ ရက်ပိုင်းအလိုမှာ အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်အပေါ် သမ္မတရော အိမ်ဖြူတော်ကပါ တုံ့ပြန်ခြင်း မရှိသေးပါဘူး။