သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Donald Trump ကို တရားစြဲဖို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြ စတင္လုပ္ေဆာင္ၾကၿပီ


(Zawgyi/Unicode)

သမၼတ Donald Trump ကို ေထာက္ခံသူေတြက ေရြးေကာက္ပြဲရလဒ္ကိုေျပာင္းလဲေစဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ လႊတ္ေတာ္ကို အတင္းဝင္ေရာက္စီးနင္းတာဟာ သမၼတေၾကာင့္လို႔ စြပ္စြဲၿပီး ဒီမိုကရက္ေတြ ႀကီးစိုးတဲ့ ေအာက္လႊတ္ေတာ္က သမၼတကို တရားစြဲဆိုဖို႔ တနလၤာေန႔မွာ လုပ္ေဆာင္ေနၾကပါတယ္။

သမၼတထရမ့္ရဲ့ ၄ ႏွစ္တာ သမၼတသက္တမ္းဟာ ဇန္နဝါရီလ ၂၀ မွာ ၿပီးဆံုးေတာ့မွာ ျဖစ္ေပမယ့္ ဒီမုိကရက္ေတြ တင္သြင္းတဲ့ သမၼတအေပၚတရားစြဲဆိုမယ့္ စာမ်က္ႏွာ ၄ မ်က္ႏွာပါ အဆိုျပဳခ်က္ထဲမွာေတာ့ တကယ္လို႔ သမၼတကိုသာ သူ႔တာဝန္ကို ဆက္ၿပီး ထမ္းေဆာင္ခြင့္ ျပဳထားမယ္ဆိုရင္ သူဟာ အမ်ိဳးသားလံုၿခံဳေရး၊ ဒီမိုကေရစီေရးနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ အတြက္ ၿခိမ္းေျခာက္မႈတခု ျဖစ္လာမယ္ဆိုတာကို ျပသခဲ့ၿပီး ျဖစ္သလို တရားဥပေဒနဲ႔ လံုးဝကိုက္ညီမႈ မရွိတဲ့ အျပဳအမူေတြလုပ္ေဆာင္ခဲ့ေၾကာင္း ေဖၚျပထားပါတယ္။

ဒီအဆိုျပဳခ်က္အတြက္ ဒီမိုကရက္ေတြ ႀကီးစိုးထားတဲ့ ေအာက္လႊတ္ေတာ္က လာမယ့္ တရက္ ၂ ရက္ အတြင္း မဲခြဲဆံုးျဖတ္ဖုိ႔ ရွိပါတယ္။

ေအာက္လႊတ္ေတာ္မွာ သမၼတကို တရားစြဲဖို႔ ရီပတ္ဘလစ္ကင္ တေယာက္မွမပါေပမယ့္ ဒီမိုကရက္အမတ္ ၂၁၈ ေယာက္က ဒီအဆိုကို လက္မွတ္ေရးထိုးထားတာေၾကာင့္ အမတ္ဦးေရ ၄၃၅ ေယာက္ ရွိတဲ့ ေအာက္လႊတ္ေတာ္မွာ ဒီအဆို အတြက္ အမ်ားစုမဲကိုေတာ့ ရေနၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီအဆိုကို ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေခါင္းေဆာင္ေတြက အထက္လႊတ္ေတာ္ကို ခ်က္ခ်င္း တင္မယ္ မတင္ဘူးဆိုတာေတာ့ သဲသဲကြဲကြဲမသိရေသးပါဘူး။

အေရြးေကာက္ခံ သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ သူသမၼတတာဝန္ယူတဲ့အခါ သူ႔ကက္ဘိနက္အဖြဲ႔အတြက္ သူေရြးခ်ယ္ထားသူေတြကို အထက္လႊတ္ေတာ္က အတည္ျပဳေပးေရးကို ပထမဦးစားေပး လုပ္ေဆာင္ခ်င္ေၾကာင္း ေျပာၾကားထားတာပါ။

တိုက္႐ိုက္ လင့္ခ္


.............

Donald Trump ကို တရားစွဲဖို့ အောက်လွှတ်တော် ဒီမိုကရက်တွေ စတင်လုပ်ဆောင်ကြပြီ

(Unicode)

သမ္မတ Donald Trump ကို ထောက်ခံသူတွေက ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့ ကြိုးစားတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ကို အတင်းဝင်ရောက်စီးနင်းတာဟာ သမ္မတကြောင့်လို့ စွပ်စွဲပြီး ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က သမ္မတကို တရားစွဲဆိုဖို့ တနင်္လာနေ့မှာ လုပ်ဆောင်နေကြပါတယ်။

သမ္မတထရမ့်ရဲ့ ၄ နှစ်တာ သမ္မတသက်တမ်းဟာ ဇန်နဝါရီလ ၂၀ မှာ ပြီးဆုံးတော့မှာ ဖြစ်ပေမယ့် ဒီမိုကရက်တွေ တင်သွင်းတဲ့ သမ္မတအပေါ်တရားစွဲဆိုမယ့် စာမျက်နှာ ၄ မျက်နှာပါ အဆိုပြုချက်ထဲမှာတော့ တကယ်လို့ သမ္မတကိုသာ သူ့တာဝန်ကို ဆက်ပြီး ထမ်းဆောင်ခွင့် ပြုထားမယ်ဆိုရင် သူဟာ အမျိုးသားလုံခြုံရေး၊ ဒီမိုကရေစီရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာမယ်ဆိုတာကို ပြသခဲ့ပြီး ဖြစ်သလို တရားဥပဒေနဲ့ လုံးဝကိုက်ညီမှု မရှိတဲ့ အပြုအမူတွေလုပ်ဆောင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီအဆိုပြုချက်အတွက် ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က လာမယ့် တရက် ၂ ရက် အတွင်း မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

အောက်လွှတ်တော်မှာ သမ္မတကို တရားစွဲဖို့ ရီပတ်ဘလစ်ကင် တယောက်မှမပါပေမယ့် ဒီမိုကရက်အမတ် ၂၁၈ ယောက်က ဒီအဆိုကို လက်မှတ်ရေးထိုးထားတာကြောင့် အမတ်ဦးရေ ၄၃၅ ယောက် ရှိတဲ့ အောက်လွှတ်တော်မှာ ဒီအဆို အတွက် အများစုမဲကိုတော့ ရနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအဆိုကို အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင်တွေက အထက်လွှတ်တော်ကို ချက်ချင်း တင်မယ် မတင်ဘူးဆိုတာတော့ သဲသဲကွဲကွဲမသိရသေးပါဘူး။

အရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူသမ္မတတာဝန်ယူတဲ့အခါ သူ့ကက်ဘိနက်အဖွဲ့အတွက် သူရွေးချယ်ထားသူတွေကို အထက်လွှတ်တော်က အတည်ပြုပေးရေးကို ပထမဦးစားပေး လုပ်ဆောင်ချင်ကြောင်း ပြောကြားထားတာပါ။

XS
SM
MD
LG