သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတက်မ္းသစၥာဆိုပဲြကာလ ဝါရွင္တန္ဒီစီလံုျခံဳေရးျပင္ဆင္


ၿမိဳ႕ေတာ္ ဝါရွင္ဒန္ဒီစီရွိ အေမရိကန္လႊတ္ေတာ္အေဆာက္အဦးအနီးအနားမွာ လံုျခံဳေရးယူေနတဲ့ တပ္သားတဦး။ (ဇန္နဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္ က်မ္းသစၥာက်ိန္ဆိုမယ့္ ဇန္န၀ါရီလ ၂၀ ရက္ေန႔မတုိင္ခင္မွာပဲ ၀ါရွင္တန္ဒီစီကတာ၀န္ရွိသူေတြနဲ႔ တရားဥပေဒစိုးမိုးေရး တာ၀န္႐ွိသူေတ လုံၿခဳံေရးအရ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့တပတ္တုန္းက ေထာင္နဲ႔ခ်ီတဲ့ သမၼတ Donald Trump ကိုေထာက္ခံသူေတြ လႊတ္ေတာ္ထဲ အတင္း၀င္ေရာက္ အၾကမ္းဖက္ခဲ့တဲ့ မေမ ွ်ာ္လင့္တဲ့ အျဖစ္အပ်က္မ်ိဳး ထပ္ၿပီးေပၚေပါက္မလာေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ျပင္ဆင္ေနၾကတာပါ။ Patsy Widakuswara သတင္းေပးပို႔ထားတာကို နန္းေလာင္၀္က တင္ျပထားပါတယ္။

ေရြးေကာက္ခံသမၼတ ဂ်ိဳးဘုိင္ဒန္ရဲ ႔ ဇန္န၀ါရီလ ၂၀ ရက္ေန႔ က်မ္းသစၥာဆိုပြဲလုံၿခဳံေရးကို တာ၀န္ယူထားတဲ့ လံုျခံဳေရးအဖဲြ႕အစည္းေတြဘက္က ၿပီးခဲ့တဲ့တပတ္ကလို အၾကမ္းဖက္မႈေတြထပ္ၿပီးေပၚေပါက္မလာေအာင္ ေဆာင္ရြက္ေနၾကပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းကေတာ့ ရာထူးတာ၀န္ၿပီးဆုံးေတာ့မယ့္ သမၼတ Donald Trump ကို ေထာက္ခံသူေတြ လႊတ္ေတာ္ထဲအတင္း ၀င္ေရာက္ခဲ့တာေၾကာင့္ ေသြးထြက္သံယိုမႈေတြ ေပၚေပါက္ခဲ့တာပါ။

ဒီသီတင္းပတ္ကုန္ေလာက္မွာ ျပည္နယ္အေတာ္မ်ားမ်ားက ျပည္နယ္လုံၿခဳံေရး တပ္ဖြဲ႔၀င္ေထာင္ေသာင္းခ်ီ ၀ါရွင္တန္ဒီစီကို ေရာက္လာဖို႔ရွိပါတယ္။ ဒီစီၿမိဳ ႔ေတာ္၀န္ Muriel Bowser ကလည္း မစၥတာ ဘုိင္ဒန္ရဲ ႔ က်မ္းသစၥာဆိုပြြဲအတြက္ ျပင္ဆင္တဲ့ေနရာမွာ COVID -19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးကေန အစြန္းေရာက္သမားေတြရဲ႕ ၿခိမ္းေျခာက္မႈ စတဲ့ေမ ွ်ာ္လင့္္မထားတဲ့ စိန္ေခၚမႈေတြနဲ႔ ရင္ဆုိင္ေနရတယ္လို႔ ခုလိုေျပာပါတယ္။

"ၿငိမ္းၿငိမ္းခ်မ္းဆႏၵျပဖို႔ လာသူေတြဆိုတာဟာ၊ တေန႔က လႊတ္ေတာ္အေဆာက္အအုံထဲ အတင္းခ်ိဳးဖ်က္၀င္ေရာက္ခဲ့တဲ့ လူေတြနဲ႔ေတာ့ လုံး၀မတူပါဘူး။ လႊတ္ေတာ္အေဆာက္အဦးထဲ အတင္း၀င္ေရာက္ခဲ့တဲ့သူေတြဟာ စနစ္တက်ႀကိဳတင္ျပင္ဆင္ ေလ့က်င့္ေပးထားသူေတြျဖစ္တယ္ဆိုတာ ျပေနတယ္လို႔ က်မထင္တယ္။"

အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို (FBI) က လႊတ္ေတာ္အၾကမ္းဖက္တုိက္ခုိက္မႈနဲ႔ ပတ္သက္ၿပီး ျပည္သူလူထုက ေပးပို႔လာတဲ့ ဗီြဒီယိုနဲ႔ ဓာတ္ပုံေပါင္း ၁၀၀,၀၀၀ ေက်ာ္လက္ခံရွိထားၿပီလို႔ေျပာပါတယ္။ ဒါ့အျပင္ ဒီအမႈမွာ ပါ၀င္ပတ္သက္သူ ၁၆၀ ေက်ာ္ကို အမႈဖြင့္ထားၿပီလို႔လည္း FBI ႐ုံး လက္ေထာက္ညႊန္ၾကားေရးမွဴး Steven D'Antuono ကသတင္းစာရွင္းလင္းပြဲမွာ ခုလိုေျပာပါတယ္။

ဆူပူထၾကြေအာင္ လႈံ႔ေဆာ္မႈစြဲခ်က္နဲ႔ အေရးယူႏုိင္ဖို႔ က်ေနာ္တို႔ တိတိက်က် အာ႐ုံစိုက္လုပ္ကိုင္ေနပါတယ္။ ဒီကိစၥကိုထူးျခားတဲ့ ႏုိင္ငံတကာအၾကမ္းဖက္မႈ တန္ျပန္ေဆာင္ရြက္ေရး ဒါမွမဟုတ္ တန္ျပန္ေထာက္လွမ္းမႈ စစ္ဆင္ေရးလုပ္ငန္းမ်ိဳးေတြနဲ႔ တတန္းထဲထားၿပီး ကို္င္တြယ္ေဆာင္ရြက္ေနတာပါ။

ျပည္တြင္း အၾကမ္းဖက္၀ါဒစဲြေတြကို ႏွိမ္နင္းရတာဟာ ျပည္ပက အၾကမ္းဖက္ဝါဒစြဲေတြကို တိုက္ခိုက္ရတာမ်ိဳး မဟုတ္ဘဲ တရားေရးစိန္ေခၚခ်က္ေတြ ရွိပါတယ္။ အေမရိကန္ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရ ႏိုင္ငံသားေတြကို အခြင့္အေရးကာကြယ္မႈေတြ ရွိတဲ့အတြက္ လႊတ္ေတာ္ထဲ ၀င္ၿပီး အၾကမ္းဖက္ခဲ့တဲ့သူေတြကို ရာဇ၀တ္ေၾကာင္းအရ အေရးယူႏုိင္ေရးခက္ခဲႏုိင္တယ္လို႔ မီရွီဂန္တကၠသိုလ္က အၾကမ္းဖက္မႈ တန္ျပန္ေျခမႈန္းေရးကိစၥမွာ ကၽြမ္းက်င္သူ Javed Ali က သုံးသပ္ပါတယ္။

ဒီလို အၾကမ္းဖက္မႈေတြေပၚေပါက္ခဲ့ေပမဲ့ မစၥတာဘိုင္ဒန္ကေတာ့ အစဥ္အလာအတုိင္း လႊတ္ေတာ္အေဆာက္အအုံအျပင္ဘက္မွာ က်မ္းသစၥာဆိုမွာပါလို႔ ဒီသီတင္းပတ္အေစာပိုင္းမွာ VOA ကိုခုလို ေျဖၾကားခဲ့ပါတယ္။

“လႊတ္ေတာ္အၾကမ္းဖက္မႈမွာ ပါ၀င္ပတ္သက္ေနတဲ့ အဲဒီလူအုပ္စုေတြကို ေလးေလးနက္နက္ အာ႐ုံစုိက္ကိုင္တြယ္သြားဖို႔ အလြန္အေရးႀကီးတယ္လို႔ ထင္ပါတယ္။ အဲဒီအုပ္စုေတြက လူ႔အသက္အႏၱရာယ္ေတြကိုလည္း ၿခိမ္းေျခာက္ခဲ့သလို ျပည္သူပိုင္ပစၥည္းေတြကို ဖ်က္ဆီးခဲ့ၾကပါတယ္။ အဲဒီ လုပ္ရပ္ေတြအတြက္ သူတို႔ တာ၀န္ခံရပါလိမ့္မယ္။"

ဇန္န၀ါရီလ ၆ ရက္ေန႔ လႊတ္ေတာ္တိုက္ခိုက္မႈေပၚေပါက္လာေအာင္ အားေပးအားေျမွာက္လုပ္ခဲ့ၾကတဲ့ လက္ယာစြန္း အၾကမ္းဖက္သမားေတြနဲ႔ လူျဖဴႀကီးစိုးေရး ၀ါဒရွိသူေတြရဲ ႔ အြန္လိုင္းလႈပ္႐ွားမႈေတြကို အစိုးရတာ၀န္ရွိသူေတြ ေစာင့္ၾကည့္ေနတာ သီတင္းပတ္နဲ႔ခီ်ရွိလာပါၿပီ။ က်မ္းသစၥာဆိုပြဲကာလအတြင္း အၾကမ္းဖက္မႈေတြ ထပ္ၿပီးေပၚေပါက္လာေအာင္ စီစဥ္ေနသူေတြကို အဓိကထား ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်သမ္မတကျမ်းသစ္စာဆိုပွဲကာလ ဝါရှင်တန်ဒီစီလုံခြုံရေးပြင်ဆင်

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်ခင်မှာပဲ ဝါရှင်တန်ဒီစီကတာဝန်ရှိသူတွေနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတေ လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ ပြီးခဲ့တဲ့တပတ်တုန်းက ထောင်နဲ့ချီတဲ့ သမ္မတ Donald Trump ကိုထောက်ခံသူတွေ လွှတ်တော်ထဲ အတင်းဝင်ရောက် အကြမ်းဖက်ခဲ့တဲ့ မမေ ျှာ်လင့်တဲ့ အဖြစ်အပျက်မျိုး ထပ်ပြီးပေါ်ပေါက်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြင်ဆင်နေကြတာပါ။ Patsy Widakuswara သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာဆိုပွဲလုံခြုံရေးကို တာဝန်ယူထားတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဘက်က ပြီးခဲ့တဲ့တပတ်ကလို အကြမ်းဖက်မှုတွေထပ်ပြီးပေါ်ပေါက်မလာအောင် ဆောင်ရွက်နေကြပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတ Donald Trump ကို ထောက်ခံသူတွေ လွှတ်တော်ထဲအတင်း ဝင်ရောက်ခဲ့တာကြောင့် သွေးထွက်သံယိုမှုတွေ ပေါ်ပေါက်ခဲ့တာပါ။

ဒီသီတင်းပတ်ကုန်လောက်မှာ ပြည်နယ်အတော်များများက ပြည်နယ်လုံခြုံရေး တပ်ဖွဲ့ဝင်ထောင်သောင်းချီ ဝါရှင်တန်ဒီစီကို ရောက်လာဖို့ရှိပါတယ်။ ဒီစီမြို့တော်ဝန် Muriel Bowser ကလည်း မစ္စတာ ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာဆိုပွဲအတွက် ပြင်ဆင်တဲ့နေရာမှာ COVID -19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကနေ အစွန်းရောက်သမားတွေရဲ့ ခြိမ်းခြောက်မှု စတဲ့မေ ျှာ်လင့်မထားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခုလိုပြောပါတယ်။

"ငြိမ်းငြိမ်းချမ်းဆန္ဒပြဖို့ လာသူတွေဆိုတာဟာ၊ တနေ့က လွှတ်တော်အဆောက်အအုံထဲ အတင်းချိုးဖျက်ဝင်ရောက်ခဲ့တဲ့ လူတွေနဲ့တော့ လုံးဝမတူပါဘူး။ လွှတ်တော်အဆောက်အဦးထဲ အတင်းဝင်ရောက်ခဲ့တဲ့သူတွေဟာ စနစ်တကျကြိုတင်ပြင်ဆင် လေ့ကျင့်ပေးထားသူတွေဖြစ်တယ်ဆိုတာ ပြနေတယ်လို့ ကျမထင်တယ်။"

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က လွှတ်တော်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ပေးပို့လာတဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံပေါင်း ၁၀၀,၀၀၀ ကျော်လက်ခံရှိထားပြီလို့ပြောပါတယ်။ ဒါ့အပြင် ဒီအမှုမှာ ပါဝင်ပတ်သက်သူ ၁၆၀ ကျော်ကို အမှုဖွင့်ထားပြီလို့လည်း FBI ရုံး လက်ထောက်ညွှန်ကြားရေးမှူး Steven D'Antuono ကသတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောပါတယ်။

ဆူပူထကြွအောင် လှုံ့ဆော်မှုစွဲချက်နဲ့ အရေးယူနိုင်ဖို့ ကျနော်တို့ တိတိကျကျ အာရုံစိုက်လုပ်ကိုင်နေပါတယ်။ ဒီကိစ္စကိုထူးခြားတဲ့ နိုင်ငံတကာအကြမ်းဖက်မှု တန်ပြန်ဆောင်ရွက်ရေး ဒါမှမဟုတ် တန်ပြန်ထောက်လှမ်းမှု စစ်ဆင်ရေးလုပ်ငန်းမျိုးတွေနဲ့ တတန်းထဲထားပြီး ကိုင်တွယ်ဆောင်ရွက်နေတာပါ။

ပြည်တွင်း အကြမ်းဖက်ဝါဒစွဲတွေကို နှိမ်နင်းရတာဟာ ပြည်ပက အကြမ်းဖက်ဝါဒစွဲတွေကို တိုက်ခိုက်ရတာမျိုး မဟုတ်ဘဲ တရားရေးစိန်ခေါ်ချက်တွေ ရှိပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေကို အခွင့်အရေးကာကွယ်မှုတွေ ရှိတဲ့အတွက် လွှတ်တော်ထဲ ဝင်ပြီး အကြမ်းဖက်ခဲ့တဲ့သူတွေကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေးခက်ခဲနိုင်တယ်လို့ မီရှီဂန်တက္ကသိုလ်က အကြမ်းဖက်မှု တန်ပြန်ခြေမှုန်းရေးကိစ္စမှာ ကျွမ်းကျင်သူ Javed Ali က သုံးသပ်ပါတယ်။

ဒီလို အကြမ်းဖက်မှုတွေပေါ်ပေါက်ခဲ့ပေမဲ့ မစ္စတာဘိုင်ဒန်ကတော့ အစဉ်အလာအတိုင်း လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ ကျမ်းသစ္စာဆိုမှာပါလို့ ဒီသီတင်းပတ်အစောပိုင်းမှာ VOA ကိုခုလို ဖြေကြားခဲ့ပါတယ်။

“လွှတ်တော်အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အဲဒီလူအုပ်စုတွေကို လေးလေးနက်နက် အာရုံစိုက်ကိုင်တွယ်သွားဖို့ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒီအုပ်စုတွေက လူ့အသက်အန္တရာယ်တွေကိုလည်း ခြိမ်းခြောက်ခဲ့သလို ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီ လုပ်ရပ်တွေအတွက် သူတို့ တာဝန်ခံရပါလိမ့်မယ်။"

ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်တိုက်ခိုက်မှုပေါ်ပေါက်လာအောင် အားပေးအားမြှောက်လုပ်ခဲ့ကြတဲ့ လက်ယာစွန်း အကြမ်းဖက်သမားတွေနဲ့ လူဖြူကြီးစိုးရေး ဝါဒရှိသူတွေရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို အစိုးရတာဝန်ရှိသူတွေ စောင့်ကြည့်နေတာ သီတင်းပတ်နဲ့ချီရှိလာပါပြီ။ ကျမ်းသစ္စာဆိုပွဲကာလအတွင်း အကြမ်းဖက်မှုတွေ ထပ်ပြီးပေါ်ပေါက်လာအောင် စီစဉ်နေသူတွေကို အဓိကထား စောင့်ကြည့်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG