သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြေႏွာက္ယွက္တဲ့ ႐ုရွားၾသဇာခံေတြကို ကန္အစိုးရအေရးယူ


အေမရိကန္ ဘ႑ာေရးဝန္ၾကီးဌာန အေဆာက္အဦး။ (စက္တင္ဘာ ၁၈၊ ၂၀၁၉)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲမွာ ၾကားဝင္ ေႏွာက္ယွက္ၿပီး ေ႐ြးေကာက္ခံ သမၼတ Joe Biden ရဲ႕ မဲဆြယ္ စည္း႐ုံးေရးကို ထိခိုက္ေအာင္ လုပ္ေဆာင္ခဲ့တဲ့ ႐ုရွားၾသဇာခံအဖဲြ႕၀င္ေတြကို အေမရိကန္ အစိုးရက အေရးယူလိုက္ၿပီ ျဖစ္ပါတယ္။

႐ုရွားက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ေ႐ြးေကာက္ပြဲ ၾကားဝင္ ေႏွာက္ယွက္ေရး စစ္ဆင္ေရးထဲ ပါဝင္ခဲ့တဲ့ ယူကရိန္းႏိုင္ငံက လူ ပုဂၢိဳလ္ ၇ ဦးနဲ႔ ကုမၸဏီအဖြဲ႕အစည္း ၄ ခုကို အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနက အေရးယူလိုက္တာပါ။ အဲဒီ လူပုဂၢိဳလ္ေတြနဲ႔ အဖြဲ႕အစည္းေတြ အားလုံးက ယူကရိန္း ႏိုင္ငံေရးသမား Andrii Derkach နဲ႔ ဆက္ႏြယ္ ေနတာ ျဖစ္ပါတယ္။ Andrii Derkach ဟာ ႐ုရွားႏိုင္ငံကိုယ္စားေဆာင္႐ြက္ေနတဲ့ ႐ုရွား သူလွ်ိဳလို႔ အေမရိကန္ တာဝန္ရွိသူေတြက ယူဆသတ္မွတ္ထားတာပါ။

၂၀၁၉ ခုႏွစ္က စၿပီး Derkach ဦးေဆာင္တဲ့ အဖြဲ႕က အေမရိကန္ မီဒီယာေတြ၊ အေမရိကန္ အေျခစိုက္ လူမႈမီဒီယာ ပလက္ေဖါင္းေတြနဲ႔ ဩဇာ ႀကီးမားတဲ့ အေမရိကန္ေတြကို အသုံးခ်အျမတ္ထုတ္ၿပီး သတင္းမွားေတြ ထုတ္လႊင့္တယ္လို႔ အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ ခ်က္မွာ ပါရွိပါတယ္။ ဒါ့အျပင္၊ အေမရိကန္ တာဝန္ရွိသူေတြက ယူကရိန္းႏိုင္ငံထဲ ျခစားမႈ၊ ေငြေၾကးခဝါခ်မႈေတြ က်ဴးလြန္သလို တရားမဝင္ ႏိုင္ငံေရး ဩဇာထူေထာင္ဖို႔ ႀကိဳးစားခဲ့တယ္ ဆိုတဲ့ အေထာက္အထားမဲ့ စြပ္စြဲခ်က္ေတြ ထြက္ေပၚေအာင္လည္း အဲဒီ အဖြဲ႕က လုပ္ေဆာင္ခဲ့တယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

အထူးသျဖင့္ သမၼတ Donald Trump ရဲ႕ ပုဂၢိဳလ္ေရး ေရွ႕ေန Rudy Giuliani ကို သတင္းအခ်က္အလက္ေတြ ေပးပို႔ဖို႔ ထင္ထင္ရွားရွား ေဆာင္႐ြက္ ခဲ့တယ္လို႔လည္း ဆိုပါတယ္။ အဲဒီအခ်ိန္က ဒီမိုကရက္တစ္ ကိုယ္စားလွယ္ သမၼတေလာင္း Joe Biden ရဲ႕ သား Hunter Biden နဲ႔ ပတ္သက္လို႔ မေကာင္းသတင္းေတြကို Rudy Giuliani က စုေဆာင္းေနခ်ိန္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတုန္းက Derkach က Giuliani နဲ႔ေတြ႕ဆုံခဲ့တာပါ။

ဒါေပမဲ့ Joe Biden နဲ႔ ဒီမိုကရက္တစ္ပါတီကို ထိခိုက္ေအာင္ လုပ္ေနတဲ့ ႐ုရွားရဲ႕ ႀကိဳးပမ္း ေဆာင္႐ြက္ခ်က္ေတြနဲ႔ Derkach တို႔ ဆက္စပ္ေနေၾကာင္း အေမရိကန္ တန္ျပန္ ေထာက္လွမ္းေရးဌာန တာဝန္ရွိသူေတြက သတိေပး အၿပီး တစ္လ အၾကာ လြန္ခဲ့တဲ့ စက္တင္ဘာလကေတာ့ ဘ႑ာေရး ဝန္ႀကီးဌာန တာဝန္ရွိသူေတြက Derkach ကို ပိတ္ဆို႔ အေရးယူ ခဲ့ပါတယ္။

တနလၤာေန႔က အသစ္ခ်မွတ္လိုက္တဲ့ ပိတ္ဆို႔ အေရးယူမႈေတြထဲ Derkach ရဲ႕ အတြင္းစည္းထဲက လူေတြနဲ႔ မီဒီယာ အဖြဲ႕အစည္းေတြ ပါဝင္တယ္လို႔ အေမရိကန္ တာဝန္ ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲနှောက်ယှက်တဲ့ ရုရှားသြဇာခံတွေကို ကန်အစိုးရအရေးယူ

ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင် နှောက်ယှက်ပြီး ရွေးကောက်ခံ သမ္မတ Joe Biden ရဲ့ မဲဆွယ် စည်းရုံးရေးကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့ ရုရှားသြဇာခံအဖွဲ့ဝင်တွေကို အမေရိကန် အစိုးရက အရေးယူလိုက်ပြီ ဖြစ်ပါတယ်။

ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ရွေးကောက်ပွဲ ကြားဝင် နှောက်ယှက်ရေး စစ်ဆင်ရေးထဲ ပါဝင်ခဲ့တဲ့ ယူကရိန်းနိုင်ငံက လူ ပုဂ္ဂိုလ် ၇ ဦးနဲ့ ကုမ္ပဏီအဖွဲ့အစည်း ၄ ခုကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူလိုက်တာပါ။ အဲဒီ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ အားလုံးက ယူကရိန်း နိုင်ငံရေးသမား Andrii Derkach နဲ့ ဆက်နွယ် နေတာ ဖြစ်ပါတယ်။ Andrii Derkach ဟာ ရုရှားနိုင်ငံကိုယ်စားဆောင်ရွက်နေတဲ့ ရုရှား သူလျှိုလို့ အမေရိကန် တာဝန်ရှိသူတွေက ယူဆသတ်မှတ်ထားတာပါ။

၂၀၁၉ ခုနှစ်က စပြီး Derkach ဦးဆောင်တဲ့ အဖွဲ့က အမေရိကန် မီဒီယာတွေ၊ အမေရိကန် အခြေစိုက် လူမှုမီဒီယာ ပလက်ဖေါင်းတွေနဲ့ ဩဇာ ကြီးမားတဲ့ အမေရိကန်တွေကို အသုံးချအမြတ်ထုတ်ပြီး သတင်းမှားတွေ ထုတ်လွှင့်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင်၊ အမေရိကန် တာဝန်ရှိသူတွေက ယူကရိန်းနိုင်ငံထဲ ခြစားမှု၊ ငွေကြေးခဝါချမှုတွေ ကျူးလွန်သလို တရားမဝင် နိုင်ငံရေး ဩဇာထူထောင်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ အထောက်အထားမဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်အောင်လည်း အဲဒီ အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အထူးသဖြင့် သမ္မတ Donald Trump ရဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေ Rudy Giuliani ကို သတင်းအချက်အလက်တွေ ပေးပို့ဖို့ ထင်ထင်ရှားရှား ဆောင်ရွက် ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်က ဒီမိုကရက်တစ် ကိုယ်စားလှယ် သမ္မတလောင်း Joe Biden ရဲ့ သား Hunter Biden နဲ့ ပတ်သက်လို့ မကောင်းသတင်းတွေကို Rudy Giuliani က စုဆောင်းနေချိန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက Derkach က Giuliani နဲ့တွေ့ဆုံခဲ့တာပါ။

ဒါပေမဲ့ Joe Biden နဲ့ ဒီမိုကရက်တစ်ပါတီကို ထိခိုက်အောင် လုပ်နေတဲ့ ရုရှားရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေနဲ့ Derkach တို့ ဆက်စပ်နေကြောင်း အမေရိကန် တန်ပြန် ထောက်လှမ်းရေးဌာန တာဝန်ရှိသူတွေက သတိပေး အပြီး တစ်လ အကြာ လွန်ခဲ့တဲ့ စက်တင်ဘာလကတော့ ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက Derkach ကို ပိတ်ဆို့ အရေးယူ ခဲ့ပါတယ်။

တနင်္လာနေ့က အသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲ Derkach ရဲ့ အတွင်းစည်းထဲက လူတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG