သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူ့ကိုတရားစွဲမယ်ဆိုတဲ့ကိစ္စ Donald Trump ရယ်သွမ်းသွေးလိုက်ခြင်း


သမ္မတ ဒေါ်နယ် ထရမ့် တက္ကဆက်ပြည်နယ် မသွားခင် သတင်းထောက်တွေကို ဖြေကြား (ဇန်နဝါရီလ ၁၂ ရက် ၂၀၂၁)
သမ္မတ ဒေါ်နယ် ထရမ့် တက္ကဆက်ပြည်နယ် မသွားခင် သတင်းထောက်တွေကို ဖြေကြား (ဇန်နဝါရီလ ၁၂ ရက် ၂၀၂၁)

(Zawgyi/Unicode)

ဒီမိုကရက် အမတ်တွေက သူ့ကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတာက ရယ်စရာကောင်းတဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

"ကျွန်တော်တို့ အကြမ်းမဖက်ကြောင်း၊ တရားစွဲဖို့ ကြိုးပမ်းနေတာက အဓိပ္ပါယ် မရှိကြောင်း၊ တရားစွဲ ဆိုဖို့ လမ်းကြောင်းကို ဒီမိုကရက် ခေါင်းဆောင်တွေက ရွေးချယ်တာကြောင့် လူတွေကို ဒေါသ အမျက် ထွက်စေကြောင်း" သမ္မတ ထရမ့်က တက္ကဆက်ပြည်နယ်ကို မသွားခင် ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေ အမေရိကန် လွှတ်တော် Capitol အဆောက်အဦးထဲ အတင်း စီးနင်း ဝင်ရောက်ပြီးတဲ့နောက်မှာ သမ္မတ ထရမ့်က ပထမဆုံးအကြိမ် အများပြည်သူရှေ့မှောက်မှာ သတင်းထောက်တွေကို အခုလို စကားပြောတာ ဖြစ်ပါတယ်။

လူ ၅ ဦး သေဆုံးခဲ့ရတဲ့ လွှတ်တော်ကို ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ်အတွက်တော့ တာဝန်မခံဘဲ သူက ငြင်းဆိုသွားပါတယ်။

ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ရွေးကောက်ခံ သမ္မတ Joe Biden အနိုင်ရကြောင်း အတည်ပြုပေးဖို့ အစည်းအဝေး ကျင်းပနေတဲ့ လွှတ်တော်အမတ် တွေကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ သမ္မတ ထရမ့်က သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာပါ။

အဲဒီတုန်းက သူပြောခဲ့တာတွေကို သုံးသပ်ကြည့်ခဲ့ပြီး သင့်လျော်မှန်ကန်တယ်လို့ လူတွေက ထင်မြင်ကြတယ်လို့လည်း သမ္မတ ထရမ့် က မနေ့ အင်္ဂါနေ့က ပြောပါတယ်။

သူ့ကို တရားစွဲဖို့ ကွန်ဂရက်က ကြိုးစားနေတာဟာ နိုင်ငံရေးသမိုင်း တစ်ခုလုံးမှာ အကြီးအကျယ်ဆုံးသော အပြစ်မရှိ အပြစ် ရှာကြံမှုတစ်ခုဖြစ်ကြောင်းနဲ့ Joe Biden သမ္မတ အဖြစ် တာဝန်လွှဲပြောင်း ယူတဲ့အချိန်အထိ အကြမ်းဖက်မှုကို ထပ်မဖြစ် စေချင် ကြောင်း ပြောပါတယ်။

အဲဒီနောက် သမ္မတ ထရမ့်က အမေရိကန် အနောက်တောင်ပိုင်းက တက္ကဆက် ပြည်နယ် မက္ကဆီကို နယ်စပ်အနားမှာ ဆောက်လုပ် ထားတဲ့ နယ်စပ်တံတိုင်းကို ကြည့်ရှုဖို့ သွားရောက်ခဲ့ပါတယ်။

ဒုတိယ သမ္မတ Mike Pence နဲ့ အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ချက် အမှတ် ၂၅ က ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ သမ္မတထရမ့်ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် အောက်လွှတ်တော်က ဒေသစံတော် ချိန် အင်္ဂါနေ့ ညပိုင်းမှာ ချမှတ်ဖို့ ရှိပါတယ်။ အဲဒီ တောင်းဆိုချက်ကို ဒုသမ္မတ Pence က ၂၄ နာရီအတွင်း မလုပ်ဆောင်ဘူးဆိုရင် သမ္မတကို တရားစွဲဆိုရေး အောက်လွှတ်တော် ကွန်ဂရက်က ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

သူ့ကိုတရားစွဲမယ်ဆိုတဲ့ကိစ္စ Donald Trump ရယ်သွမ်းသွေးလိုက်ခြင်း
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်


..............

(Unicode)

ဒီမိုကရကျ အမတျတှကေ သူ့ကို တရားစှဲဆိုဖို့ ကွိုးပမျးနတောက ရယျစရာကောငျးတဲ့ အဓိပ်ပါယျမရှိတဲ့ လုပျရပျလို့ သမ်မတ ဒေါျနယျ ထရမ့ျက ပွောပါတယျ။









ဆက်စပ်သတင်းများ ...

XS
SM
MD
LG