သုံးရလွယ်ကူစေသည့် Link များ

Ayatollah Ali Khamenei ချုပ်ကိုင်ထားတဲ့ အီရန်အဖွဲ့အစည်း ၂ ခုကို အမေရိကန် ဒဏ်ခတ်အရေးယူ


(Zawgyi/Unicode)

အီရန်နိုင်ငံရဲ့ ဥသျှောင် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ထိန်းချုပ်ကိုင်တွယ်ထားတဲ့ အဖွဲ့အစည်း နှစ်ခုကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် ရာထူးက မစွန့်ခွာခင် နောက်ဆုံးရက်ပိုင်းလေးအတွင်းမှာ အီရန်အပေါ် ထပ်မံ ဖိအား ပေးလိုက်တာလည်း ဖြစ်ပါတယ်။

The Execution of Imam Khomeini's Order (EIKO) နဲ့ Astan Quds Razavi (AQR), လို့ခေါ်တဲ့ အဖွဲ့နှစ်ဖွဲ့ဟာအီရန်နိုင်ငံရဲ့စီးပွားရေး အစိတ်အပိုင်းကြီးကြီးမားမားကို အီရန် အခွင့်ထူးခံတွေ ချုပ်ကိုင်နိုင်အောင် အထောက်အကူပြုနေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန် အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေနဲ့ လူနည်းစု ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ရာမှာလည်း အဲဒီ အဖွဲ့တွေက ပါဝင် ပတ်သက်နေတယ်လို့ ဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ EIKO အဖွဲ့ဟာ အီရန် အစိုးရကို ဆန့်ကျင်သူတွေ၊ လူနည်းစု ဘာသာဝင် တွေနဲ့ ပြည်ပရောက် အီရန်တွေရဲ့ မြေယာနဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူ ပြီး အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပါရှိပါတယ်။

အမေရိကန်တို့ရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုအပေါ် အီရန်တို့က တစုံတရာ တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

၂၀၁၅ ခုနှစ် အီရန် နျူးကလီးယားဆိုင်ရာ စာချုပ်ကနေ အမေရိကန်တို့ နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က ကြေညာ အပြီး လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံ ဆက်ဆံရေးက တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ စာချုပ်က နုတ်ထွက်အပြီးမှာ သမ္မတ ထရမ့်က အီရန်အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ရက်နေ့မှာ သမ္မတဖြစ်လာမယ့် Joe Biden ကတော့ အီရန်တို့က အဲဒီ စာချုပ်ပါအချက်အလက်တွေကိုပြန်လည်လိုက်နာ မယ်ဆိုရင် အမေရိကန်နိုင်ငံကလည်း အဲဒီ စာချုပ်ထဲ ပြန်ဝင်မယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG