သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္အေပၚဒဏ္ခတ္မႈ လူသားခ်င္းစာမႈ အကူအညီေပးေနသူေတြ မပါ


(Zawgyi/Unicode)

အီရန္ႏိုင္ငံကို လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီအတြက္ ေငြေၾကးဆိုင္ရာ၀န္ေဆာင္မႈေပးေနတဲ့ ဘဏ္ေတြကို ဒဏ္ခတ္အေရးယူဖို႔ မရွိေၾကာင္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနက အဂၤါေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ ဥေရာပသမဂၢဘက္က သက္ညွာမႈေပးဖို႔ ေမတၱာရပ္ခံခဲ့ၿပီးေနာက္ အခုလို ေၾကညာခ်က္ ထြက္ေပၚလာတာပါ။

အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈနဲ႔ ပတ္သက္လို႔ ရွင္းျပတဲ့ ထုတ္ျပန္ခ်က္မွာ- လက္သန႔္စင္ေဆးေၾကာရည္၊ အသက္ရွဴစက္ကိရိယာေတြ ဒါမွမဟုတ္
ကိုယ္ေရးကိုယ္တာ အကာအကြယ္ပစၥည္းကိရိယာေတြ အပါအ၀င္ က်န္းမာေရးနဲ႔ေဆးဘက္ဆုိင္ရာ အေထာက္အကူ ပစၥည္းေတြအတြက္ ေငြေၾကးေထာက္ပံ့တဲ့ ကိစၥမွာ ႏိုင္ငံျခားဘဏ္ေတြကို အေရးယူဒဏ္ခတ္မွာ မဟုတ္ဘူးလို႔ အေမရိကန္အရာရွိေတြက ေျပာေၾကာင္း ေဖၚျပထားပါတယ္။

ဒါအျပင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကုန္ပစၥည္းေတြ ေရာင္း၀ယ္၊ တင္ပို႔တာနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုက က်ယ္က်ယ္ျပန္႔ျပန္႔ ျခြင္းခ်က္ေတြနဲ႔ ခြင့္ျပဳထားပါတယ္။ အလားတူ အီရန္မွာရွိတဲ့ ႏိုင္ငံတကာအဖဲြ႔အစည္းေတြရဲ႕ ၀န္ထမ္းေတြ ကုန္က်စရိတ္၊ လစာအတြက္ ေငြေၾကးဆိုင္ရာလုပ္ငန္းေတြအပါအ၀င္ အျခားခြ်င္းခ်က္ေတြလည္း ရွိေနေၾကာင္း ေၾကညာခ်က္မွာ ရွင္းရွင္းလင္းလင္းေဖၚျပထားပါတယ္။
အခုလို အေမရိကန္ဘက္က အီရန္ဘဏ္ေတြကို ပိတ္ဆို႔အေရးယူမႈ အသစ္ေတြကို ျပန္ၿပီး စဥ္းစားဖို႔ ေအာက္တိုဘာလ ေႏွာင္းပိုင္းတုန္းက Trump အစိုးရကို ဂ်ာမနီ၊ ျပင္သစ္နဲ႔ ၿဗိတိန္ႏိုင္ငံေတြကတိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အီရန်အပေါ်ဒဏ်ခတ်မှု လူသားချင်းစာမှုအကူအညီပေးနေသူတွေမပါ
(Unicode)

အီရန်နိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးနေတဲ့ ဘဏ်တွေကို ဒဏ်ခတ်အရေးယူဖို့ မရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဥရောပသမဂ္ဂဘက်က သက်ညှာမှုပေးဖို့ မေတ္တာရပ်ခံခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။
အီရန်အပေါ် ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ ရှင်းပြတဲ့ ထုတ်ပြန်ချက်မှာ- လက်သန့်စင်ဆေးကြောရည်၊ အသက်ရှူစက်ကိရိယာတွေ ဒါမှမဟုတ်
ကိုယ်ရေးကိုယ်တာ အကာအကွယ်ပစ္စည်းကိရိယာတွေ အပါအဝင် ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေအတွက် ငွေကြေးထောက်ပံ့တဲ့ ကိစ္စမှာ နိုင်ငံခြားဘဏ်တွေကို အရေးယူဒဏ်ခတ်မှာ မဟုတ်ဘူးလို့ အမေရိကန်အရာရှိတွေက ပြောကြောင်း ဖေါ်ပြထားပါတယ်။

ဒါအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်းတွေ ရောင်းဝယ်၊ တင်ပို့တာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ကျယ်ကျယ်ပြန့်ပြန့် ခြွင်းချက်တွေနဲ့ ခွင့်ပြုထားပါတယ်။ အလားတူ အီရန်မှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေ ကုန်ကျစရိတ်၊ လစာအတွက် ငွေကြေးဆိုင်ရာလုပ်ငန်းတွေအပါအဝင် အခြားချွင်းချက်တွေလည်း ရှိနေကြောင်း ကြေညာချက်မှာ ရှင်းရှင်းလင်းလင်းဖေါ်ပြထားပါတယ်။
အခုလို အမေရိကန်ဘက်က အီရန်ဘဏ်တွေကို ပိတ်ဆို့အရေးယူမှု အသစ်တွေကို ပြန်ပြီး စဉ်းစားဖို့ အောက်တိုဘာလ နှောင်းပိုင်းတုန်းက Trump အစိုးရကို ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကတိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG