သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတဝန္း လက္နက္ကိုင္ဆႏၵျပမႈ ျဖစ္ႏိုင္ေခ် FBI သတိေပး


FBI ညႊန္ၾကားေရးမွဴး Christopher Wray. (စက္တင္ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ုိ (FBI) က လာမယ့္ အေမရိကန္သမၼတ က်မ္းသစၥာက်ိန္ဆုိပဲြ မတုိင္ခင္မွာ လုံၿခဳံေရး သတိေပးခ်က္သစ္ေတြ ထုတ္ျပန္လိုက္ၿပီး ႏုိင္ငံတဝန္းက ျပည္နယ္ေတြရဲ႕ ၿမိဳ႕ေတာ္ေတြမွာ လက္နက္ကိုင္ ဆႏၵျပတာေတြ ျဖစ္လာႏုိင္တဲ့ အလားအလာေတြ ရွိတယ္လို႔ ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ကြန္ဂရက္လႊတ္ေတာ္ကလည္း ဇန္နဝါရီ ၆ ရက္ေန႔ အေမရိကန္လႊတ္ေတာ္ကို ဝင္ေရာက္စီးနင္း တုိက္ခုိက္ခဲ့တာကို စုံစမ္းစစ္ေဆးဖို႔ ပါတီႏွစ္ရပ္စလုံးက ပါဝင္တဲ့ အမ်ိဳးသားေကာ္မရွင္တရပ္ ဖြဲ႔ဖုိ႔အတြက္ အဆုိျပဳခ်က္ေတြကိုလည္း စဥ္းစားေနပါတယ္။ ဗြီအိုေအသတင္းေထာက္ Patsy Widakuswara သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ဇန္နဝါရီ ၂၀ ရက္ေန႔မွာလုပ္မယ့္ အေမရိကန္ရဲ႕ ေရြေးကာက္ခံသမၼတ Joe Biden ရဲ႕ သမၼတက်မ္းသစၥာက်ိန္ဆုိပဲြ မတုိင္ခင္ ႏုိင္ငံတဝန္းက ျပည္နယ္ေတြရဲ႕ ၿမိဳ႕ေတာ္ေတြမွာ လုံၿခဳံေရးေတြ တုိးျမႇင့္ခ်ထားလိုက္ပါတယ္။ အေမရိကန္မွာ လက္နက္ကိုင္ဆႏၵျပဖို႔ အလားအလာေတြနဲ႔ ပတ္သက္ၿပီး အင္တာနက္ အြန္လိုင္းကေန ေျပာေနတာေတြကို FBI ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ုိက လိုက္လံစုံစမ္းေနခ်ိန္မွာပဲ အခုလို လုံၿခဳံေရးေတြ တုိးျမႇင့္ခ်ထားလိုက္တာ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး FBI ညႊန္ၾကားေရးမွဴး Christopher Wray က ...

“ျဖစ္ႏိုင္ေခ်ဆိုတဲ့ အသံုးအႏႈန္း ဘာေၾကာင့္သံုးတာလဲဆိုေတာ့ စိတ္ထဲမွာ ေစ့ေဆာ္မႈ ျဖစ္ေနတာလား၊ ရည္ရြယ္ခ်က္ရွိရွိကို လုပ္ေနတာလား ဆိုတာကို ခဲြျခမ္းဖို႔က တကယ့္ကို အကဲစမ္းခ်က္တရပ္ ျဖစ္ေနလို႔ပါ။” လို႔ ေျပာပါတယ္။

ဇန္နဝါရီ ၆ ရက္ေန႔ အေမရိကန္လႊတ္ေတာ္ကို သမၼတ Trump ကို ေထာက္ခံတဲ့သူေတြ ဝင္ေရာက္စီးနင္းခဲ့မႈနဲ႔ ဆက္စပ္ၿပီး FBI က သံသယရွိတဲ့သူ ၂၇၀ ေက်ာ္ကို ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး ၁၀၀ ေက်ာ္ကို ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ေရြးေကာက္ပဲြမွာ မဲခုိးတာေတြ မဲမသမာမႈေတြ လုပ္တယ္ဆုိတဲ့ မမွန္မကန္ ေျပာဆုိမႈေတြေၾကာင့္ အဲဒီလူေတြဟာ ေဒါသေတြထြက္ၿပီး လႊတ္ေတာ္ကို ဝင္စီးတဲ့အထိ ျဖစ္ခဲ့တာပါ။ ဒီထဲမွာ တခ်ိဳ႕က အေမရိကန္စစ္တပ္ ဒါမွမဟုတ္ ရဲတပ္ဖဲြ႔မွာ အခုလက္ရွိ တာဝန္ထမ္းေဆာင္ေနသူ ဒါမွမဟုတ္ အရင္က တာဝန္ထမ္းေဆာင္ခဲ့သူေတြပါ ပါဝင္တယ္လို႔ Brennan Center for Justice ဌာနက Michael German က ေျပာပါတယ္။

“ဒီျပႆနာက က်ေနာ္တုိ႔ရဲ႕ သမုိင္းတေလွ်ာက္လုံးမွာ အၿမဲတမ္းရွိလာခဲ့တဲ့ ျပႆနာပါ။ အဲဒါက ဘာလဲဆုိေတာ့ စစ္တပ္နဲ႔ ရဲက တခ်ိဳ႕ဟာ လူျဖဴႀကီးစိုးေရးဝါဒီေတြနဲ႔ လယ္ယာစြန္းေရာက္ စစ္ေသြးႂကြအဖဲြ႔ေတြမွာ ပါဝင္ပတ္သက္ပါတယ္။”

ၿမိဳ႕ေတာ္ဝါရွင္တန္ကို ကာကြယ္ဖို႔အတြက္ေတာ့ ျပည္နယ္လံုၿခံဳေရးတပ္ ၂ ေသာင္းခဲြနဲ႔ တျခားဌာနေတြက ရဲတပ္ဖဲြ႔ဝင္ ေထာင္ေပါင္းမ်ားစြာကို ခ်ထားပါတယ္။ ဒုသမၼတ Mike Pence ကေတာ့ သမၼတက်မ္းသစၥာက်ိန္ဆုိပဲြကို ေဘးကင္းလုံၿခဳံမႈရွိရွိ က်င္းပႏုိင္မွာျဖစ္တယ္လို႔ အေမရိကန္ျပည္သူေတြကို ထပ္ၿပီးေတာ့ အာမခံ ေျပာဆုိပါတယ္။

“ေရြးေကာက္ခံသမၼတ Joe Biden နဲ႔ ေရြးေကာက္ခံ ဒုသမၼတ Kamala Harris တုိ႔ဟာ က်ေနာ္တုိ႔ရဲ႕ သမုိင္းအစဥ္အလာေတြနဲ႔အညီ အေမရိကန္ျပည္ေထာင္စုရဲ႕ သမၼတသစ္နဲ႔ ဒုသမၼတသစ္ေတြအျဖစ္နဲ႔ က်မ္းသစၥာက်ိန္ဆုိမွာ ျဖစ္ပါတယ္။”

တခ်ိန္တည္းမွာပဲ လႊတ္ေတာ္အမတ္တခ်ိဳ႕ဟာ တုိက္ခုိက္မႈမျဖစ္ခင္ တရက္က လႊတ္ေတာ္ကို လွည့္လည္ျပသၿပီး တုိက္ခုိက္မႈကို အကူအညီေပးခဲ့သလား ဆုိတာ အပါအဝင္ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ...

“တကယ္လို႔ လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ဒီပုန္ကန္ထႂကြမႈကို ႀကံရာပါလုပ္ခဲ့တယ္လို႔ ေတြ႔ရွိရင္၊ တကယ္လို႔ သူတုိ႔အေနနဲ႔ ဒီျပစ္မႈကို အေထာက္အကူေပးတာ အားေပးကူညီတာေတြ လုပ္ခဲ့ရင္၊ လႊတ္ေတာ္ျပင္ပမွာပါ တရားစဲြ အေရးယူတာေတြ ျဖစ္လာႏုိင္ပါတယ္။” လုိ႔ ေျပာပါတယ္။

လႊတ္ေတာ္အမတ္ေတြကေတာ့ ဒီတုိက္ခုိက္မႈကို စုံစမ္းစစ္ေဆးဖို႔နဲ႔ အဓိကက်တဲ့ ေမးခြန္းေတြကို ေမးဖို႔အတြက္ ပါတီ ၂ ရပ္စလုံး ပါဝင္တဲ့ ေကာ္မရွင္တရပ္ကို ဖဲြ႔စည္းဖို႔ ဥပေဒၾကမ္းတရပ္ကို တင္သြင္းထားပါတယ္။ ေမးခြန္းထုတ္စရာ အခ်က္ေတြထဲမွာေတာ့ ဒီတုိက္ခုိက္မႈနဲ႔ ပတ္သက္ၿပီး ေထာက္လွမ္းေရးသတင္း ဘာလို႔မရခဲ့တာလဲ ဆုိတာနဲ႔ ႏုိင္ငံေရးတာဝန္ရွိသူေတြ ပါဝင္ပတ္သက္ႏုိင္ေခ် ရွိသလား စတာေတြ ပါဝင္တယ္လို႔ Standford တကၠသိုလ္က Amy Zegart က ေျပာပါတယ္။

“ဘယ္လိုတုံ႔ျပန္ေဆာင္ရြက္ခဲ့ၾကသလဲ၊ ဒီတုံ႔ျပန္မႈမွာ ဘယ္လိုအေရးႀကီးတဲ့ သင္ခန္းစာေတြ ရလိုက္ၿပီး ဘယ္လိုမေအာင္ျမင္မႈေတြ ရွိခဲ့သလဲ၊ ၿပီးေတာ့ ႏုိ္င္ငံတခုအေနနဲ႔ စည္းလုံးညီညြတ္မႈကို တည္ေဆာက္တဲ့ေနရာမွာ ဇာတ္ေၾကာင္းေတြ၊ အေတြ႔အႀကဳံေတြကေန ဘာေတြကို သင္ခန္းစာယူသင့္သလဲ ဆုိတာပါ။ ဒါမွသာ ျပန္ၿပီးေတာ့ အတူတကြ ေပါင္းစည္းႏုိင္ဖို႔အတြက္ အေျခခံအခ်က္ေတြကို ရမွာျဖစ္ပါတယ္။”

လုံၿခဳံေရးအရ စိုးရိမ္မႈေတြေၾကာင့္ သမၼတက်မ္းသစၥာဆုိပဲြအႀကိဳ အစမ္းေလ့က်င့္မႈေတြကို တနဂၤေႏြေန႔ကေန တနလၤာေန႔ကို ေရႊ႕ေျပာင္းက်င္းပသြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

နိုင်ငံတဝန်း လက်နက်ကိုင်ဆန္ဒပြမှု ဖြစ်နိုင်ချေ FBI သတိပေး

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က လာမယ့် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာ လုံခြုံရေး သတိပေးချက်သစ်တွေ ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းက ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ လက်နက်ကိုင် ဆန္ဒပြတာတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ကွန်ဂရက်လွှတ်တော်ကလည်း ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကို စုံစမ်းစစ်ဆေးဖို့ ပါတီနှစ်ရပ်စလုံးက ပါဝင်တဲ့ အမျိုးသားကော်မရှင်တရပ် ဖွဲ့ဖို့အတွက် အဆိုပြုချက်တွေကိုလည်း စဉ်းစားနေပါတယ်။ ဗွီအိုအေသတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာလုပ်မယ့် အမေရိကန်ရဲ့ ရွေေးကာက်ခံသမ္မတ Joe Biden ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နိုင်ငံတဝန်းက ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။ အမေရိကန်မှာ လက်နက်ကိုင်ဆန္ဒပြဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး အင်တာနက် အွန်လိုင်းကနေ ပြောနေတာတွေကို FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုက လိုက်လံစုံစမ်းနေချိန်မှာပဲ အခုလို လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး FBI ညွှန်ကြားရေးမှူး Christopher Wray က ...

“ဖြစ်နိုင်ချေဆိုတဲ့ အသုံးအနှုန်း ဘာကြောင့်သုံးတာလဲဆိုတော့ စိတ်ထဲမှာ စေ့ဆော်မှု ဖြစ်နေတာလား၊ ရည်ရွယ်ချက်ရှိရှိကို လုပ်နေတာလား ဆိုတာကို ခွဲခြမ်းဖို့က တကယ့်ကို အကဲစမ်းချက်တရပ် ဖြစ်နေလို့ပါ။” လို့ ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို သမ္မတ Trump ကို ထောက်ခံတဲ့သူတွေ ဝင်ရောက်စီးနင်းခဲ့မှုနဲ့ ဆက်စပ်ပြီး FBI က သံသယရှိတဲ့သူ ၂၇၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲခိုးတာတွေ မဲမသမာမှုတွေ လုပ်တယ်ဆိုတဲ့ မမှန်မကန် ပြောဆိုမှုတွေကြောင့် အဲဒီလူတွေဟာ ဒေါသတွေထွက်ပြီး လွှတ်တော်ကို ဝင်စီးတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒီထဲမှာ တချို့က အမေရိကန်စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့မှာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေသူ ဒါမှမဟုတ် အရင်က တာဝန်ထမ်းဆောင်ခဲ့သူတွေပါ ပါဝင်တယ်လို့ Brennan Center for Justice ဌာနက Michael German က ပြောပါတယ်။

“ဒီပြဿနာက ကျနော်တို့ရဲ့ သမိုင်းတလျှောက်လုံးမှာ အမြဲတမ်းရှိလာခဲ့တဲ့ ပြဿနာပါ။ အဲဒါက ဘာလဲဆိုတော့ စစ်တပ်နဲ့ ရဲက တချို့ဟာ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ လယ်ယာစွန်းရောက် စစ်သွေးကြွအဖွဲ့တွေမှာ ပါဝင်ပတ်သက်ပါတယ်။”

မြို့တော်ဝါရှင်တန်ကို ကာကွယ်ဖို့အတွက်တော့ ပြည်နယ်လုံခြုံရေးတပ် ၂ သောင်းခွဲနဲ့ တခြားဌာနတွေက ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားပါတယ်။ ဒုသမ္မတ Mike Pence ကတော့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ဘေးကင်းလုံခြုံမှုရှိရှိ ကျင်းပနိုင်မှာဖြစ်တယ်လို့ အမေရိကန်ပြည်သူတွေကို ထပ်ပြီးတော့ အာမခံ ပြောဆိုပါတယ်။

“ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ဟာ ကျနော်တို့ရဲ့ သမိုင်းအစဉ်အလာတွေနဲ့အညီ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်နဲ့ ဒုသမ္မတသစ်တွေအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ လွှတ်တော်အမတ်တချို့ဟာ တိုက်ခိုက်မှုမဖြစ်ခင် တရက်က လွှတ်တော်ကို လှည့်လည်ပြသပြီး တိုက်ခိုက်မှုကို အကူအညီပေးခဲ့သလား ဆိုတာ အပါအဝင် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ...

“တကယ်လို့ လွှတ်တော်အမတ်တွေအနေနဲ့ ဒီပုန်ကန်ထကြွမှုကို ကြံရာပါလုပ်ခဲ့တယ်လို့ တွေ့ရှိရင်၊ တကယ်လို့ သူတို့အနေနဲ့ ဒီပြစ်မှုကို အထောက်အကူပေးတာ အားပေးကူညီတာတွေ လုပ်ခဲ့ရင်၊ လွှတ်တော်ပြင်ပမှာပါ တရားစွဲ အရေးယူတာတွေ ဖြစ်လာနိုင်ပါတယ်။” လို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေကတော့ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ အဓိကကျတဲ့ မေးခွန်းတွေကို မေးဖို့အတွက် ပါတီ ၂ ရပ်စလုံး ပါဝင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းဖို့ ဥပဒေကြမ်းတရပ်ကို တင်သွင်းထားပါတယ်။ မေးခွန်းထုတ်စရာ အချက်တွေထဲမှာတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးသတင်း ဘာလို့မရခဲ့တာလဲ ဆိုတာနဲ့ နိုင်ငံရေးတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နိုင်ချေ ရှိသလား စတာတွေ ပါဝင်တယ်လို့ Standford တက္ကသိုလ်က Amy Zegart က ပြောပါတယ်။

“ဘယ်လိုတုံ့ပြန်ဆောင်ရွက်ခဲ့ကြသလဲ၊ ဒီတုံ့ပြန်မှုမှာ ဘယ်လိုအရေးကြီးတဲ့ သင်ခန်းစာတွေ ရလိုက်ပြီး ဘယ်လိုမအောင်မြင်မှုတွေ ရှိခဲ့သလဲ၊ ပြီးတော့ နိုင်ငံတခုအနေနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့နေရာမှာ ဇာတ်ကြောင်းတွေ၊ အတွေ့အကြုံတွေကနေ ဘာတွေကို သင်ခန်းစာယူသင့်သလဲ ဆိုတာပါ။ ဒါမှသာ ပြန်ပြီးတော့ အတူတကွ ပေါင်းစည်းနိုင်ဖို့အတွက် အခြေခံအချက်တွေကို ရမှာဖြစ်ပါတယ်။”

လုံခြုံရေးအရ စိုးရိမ်မှုတွေကြောင့် သမ္မတကျမ်းသစ္စာဆိုပွဲအကြို အစမ်းလေ့ကျင့်မှုတွေကို တနင်္ဂနွေနေ့ကနေ တနင်္လာနေ့ကို ရွှေ့ပြောင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG