သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတက်မ္းက်ိန္ပြဲမတုိင္မီ လုံၿခံဳေရး တင္းက်ပ္ထားတဲ့အေပၚ ျမန္မာ-အေမရိကန္ေတြရဲ႕ အျမင္


အေမရိကန္ လႊတ္ေတာ္အေဆာက္အဦအနီး လုံၿခဳံေရးယူေနတဲ့ တပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ေရြးေကာက္ခံသမၼတ Joe Biden သမၼတသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုမယ့္ ဇန္နဝါရီလ ၂၀ ရက္မတိုင္မီ ႏုိင္ငံတဝန္း လက္နက္ကိုင္ ဆႏၵျပတာေတြ ေပၚေပါက္လာႏိုင္ေခ်ရွိတဲ့ သတင္းေတြေၾကာင့္ ျပည္နယ္အသီးသီးက ၿမဳိ႕ေတာ္ေတြမွာရွိတဲ့ လႊတ္ေတာ္အေဆာက္အဦ တဝိုက္နဲ႔ အေရးပါတဲ့ ေနရာေတြမွာ လုံၿခဳံေရး တင္းက်ပ္ထားပါတယ္။ အျပည့္အစုံကို ကုိဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ဇန္နဝါရီ ၆ ရက္ေန႔က ဝါရွင္တန္ဒီစီက အေမရိကန္လႊတ္ေတာ္ကို ဝင္ေရာက္စီးနင္း တုိက္ခုိက္ခဲ့တဲ့ ျဖစ္ရပ္အၿပီး ႏုိင္ငံတဝန္း ျပည္နယ္ေတြရဲ႕ ၿမိဳ႕ေတာ္ေတြမွာ လက္နက္ကိုင္ ဆႏၵျပတာေတြ ျဖစ္လာႏုိင္တယ္လို႔ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ုိ (FBI) က သတိေပးထားတာပါ။ ဒီသတိေပးခ်က္နဲ႔အတူ လုံၿခဳံေရးကိုလည္း အထူးတိုးျမႇင့္ တင္းက်ပ္ထားပါတယ္။

အစိုးရ႐ုံးစုိက္ရာ ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္က ႏိုင္ငံေတာ္ရဲ႕ လႊတ္ေတာ္အေဆာက္အဦတဝိုက္၊ သမၼတအိမ္ျဖဴေတာ္နဲ႔ အျခား အထင္ကရ ေနရာတဝိုက္မွာ လူတရပ္ေက်ာ္တဲ့ သံဇကာ ၿခံစည္း႐ိုးေတြေနဲ႔ ကာရံတားျမစ္ထားၿပီး ျပည္နယ္လုံၿခဳံေရးတပ္နဲ႔ ရဲတပ္ဖဲြ႔အင္အား ေသာင္းနဲ႔ခ်ီၿပီး ခ်ထားပါတယ္။

ဒီျမင္ကြင္းကိုေတာ့ ဒီစီၿမဳိ႕ထဲ ေန႔စဥ္ ဝင္ထြက္သြားလာ အလုပ္လုပ္ေနတဲ့ ဦးမ်ဳိးေဇာ္က ခုလို ေျပာျပပါတယ္။

“ဒီစီၿမဳိ႕မွာ ဘယ္ကေန စပိတ္ထားလဲဆိုေတာ့ K Street တေလွ်ာက္လုံး ပိတ္ထားၿပီးမွ ဒီ အထိမ္းအမွတ္ေက်ာက္တိုင္ ဧရိယာပတ္လည္၊ လႊတ္ေတာ္ Capitol ပတ္လည္၊ အိမ္ျဖဴေတာ္ပတ္လည္မွာ သံဇကာေတြ ကာထားၿပီးေတာ့ လူကိုေတာ့ ထိုက္သင့္သေလာက္ သြားလို႔ရေအာင္ ဖြင့္ထားေပးတယ္။ အဲဒီမွာ လက္နက္ကိုင္ အေစာင့္ေတြကလည္း လက္နက္အသစ္ေတြ အေကာင္းစားေတြနဲ႔ သူတို႔ လုံၿခဳံေရးယူထားၾကတယ္။ အင္အား အင္မတန္မ်ားတယ္။ အေမရိကားမွာ တခါမွ အခုလို မႀကဳံဘူး မေတြ႔ဖူးဘူး။ သမၼတသစ္ ျဖစ္လာမယ့္ Joe Biden ရဲ႕ပဲြကို အင္မတန္မွ သူတို႔ လုံလုံၿခဳံၿခဳံ လုပ္ထားတဲ့သေဘာ ရွိပါတယ္။ သမၼတ Donald Trump ရဲ႕ မဆင္ျခင္မႈေၾကာင့္ အခုလိုျဖစ္လာတယ္လို႔ က်ေနာ္ယူဆတယ္။ ရွင္းရွင္းေျပာရင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေကာင္းျမတ္တဲ့ ဒီသမၼတ က်မ္းသစၥာက်ိန္ပဲြႀကီး ျဖစ္ရမွာကို သူ (Donald Trump) က ျဖစ္ေစခ်င္ပုံမရဘူး။ ေရြးေကာက္ပဲြအ႐ႈံးကို ခုထိ လက္မခံဘူးဆိုေတာ့ ဒါက မေကာင္းတဲ့လကၡဏာပဲ။”

၂၀၂၀ ေရြးေကာက္ပဲြမွာ Donald Trump နဲ႔ Joe Biden တို႔ၾကား အႀကိတ္အနယ္ ျဖစ္ခဲ့ရတာက ေဂ်ာ္ဂ်ီယာျပည္နယ္ျဖစ္ၿပီး အေစာပုိင္းက Trump အႏိုင္ရမယ္ ထင္ေၾကးရွိခဲ့ေပမယ့္ မဲအားလုံး ေရတြက္ၿပီးခ်ိန္မွာ ႐ႈံးနိမ့္ခဲ့ရတဲ့ျပည္နယ္ ျဖစ္ပါတယ္။ ေဂ်ာ္ဂ်ီယာျပည္နယ္ရဲ႕ၿမဳိ႕ေတာ္ အတၱလႏၱာက လုံၿခဳံေရး အေနအထား၊ လူေတြရဲ႕ စုိးရိမ္စိတ္နဲ႔ ပတ္သက္လို႔ ေျပာလာသူက အဲဒီၿမဳိ႕မွာေနတဲ့ ဦးေဇာ္ႀကီးပါ။

“ေဂ်ာ္ဂ်ီယာျပည္နယ္ လႊတ္ေတာ္ရဲ႕ အနားတဝုိက္မွာေတာ့ သံဆူးႀကဳိးေတြ ကာထားတယ္။ ၿခံစည္း႐ုိးကို လုံလုံၿခဳံၿခဳံ ကာထားၿပီးေတာ့ လုံၿခဳံေရးအျပည့္ ခ်ထားတယ္။ လႊတ္ေတာ္အဝင္အထြက္မွာ အေစာင့္ေတြ တင္းတင္းက်ပ္က်ပ္ ထားထားတယ္။ အထဲမွာေရာ အျပည့္အဝ ခ်ထားတယ္။ ၿပီးေတာ့ ရဲကားေတြလည္း အျပည့္ေရာက္ေနၿပီ။ ၿပီးလို႔ရွိရင္ ျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႔ေတြ အင္အားအျပည့္နဲ႔ ယူနီေဖာင္း အျပည့္အစုံနဲ႔ အကုန္လုံးခ်ထားတယ္။ ေနာက္ၿပီး ပတ္ပတ္လည္မွာ မိုင္းရွာ မုိင္းရွင္း ေသခ်ာလုပ္ေနၾကတယ္။ ေနာက္ၿပီးေတာ့ တခ်ဳိ႕ကားႀကီးေတြ လူအရမ္းမ်ားရင္ စစ္တယ္။ ေနာက္တခုက ဒီရက္ပိုင္းအတြင္း လက္နက္ေတြကို ေသနတ္ေရာင္းတဲ့ ဆိုင္ေတြမွာ လူေတြက တန္းစီၿပီး ဝယ္ၾကတာေတြရွိတယ္။ အဲဒီေတာ့ လူေတြက သို႔ေလာ သို႔ေလာ ျဖစ္ေနၾကတယ္။ ေနာက္တခုက ဒီမွာ လူေတြက အရင္ကလို ကားေတြဘာေတြနဲ႔ အလံေတြဘာေတြေထာင္ၿပီး သြားေနလာေနတာမ်ဳိး မရွိေတာ့ဘူး။ အေျခအေနက တမ်ဳိးႀကီး ျဖစ္ေနတယ္။ လူေတြ အေတာ္မ်ားမ်ားက လန္႔ေနတယ္။ တခုခုျဖစ္ခဲ့သည္ရွိေသာ္ဆိုတဲ့ အေတြးနဲ႔ က်ေနာ္တို႔လည္း သတိထားၿပီး ေနေနရပါတယ္။ အျပင္မထြက္ရဲပါဘူး။”

လက္နက္ကိုင္ဆႏၵျပမႈေတြ ျဖစ္လာႏိုင္တယ္ဆိုတဲ့ FBI ရဲ႕ သတိေပးခ်က္ေၾကာင့္ အေမရိကန္ အေနာက္ဘက္ျခမ္း ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ၿမဳိ႕ေတာ္ Sacramento မွာလည္း လုံၿခဳံေရး တင္းက်ပ္ထားေၾကာင္း ဆန္ဖရန္စစၥကိုၿမဳိ႕မွာေနတဲ့ ဦးကိုကိုေလးက ေျပာပါတယ္။

“အဓိကကေတာ့ ျပည္နယ္လႊတ္ေတာ္ကို သူတို႔က ဆႏၵျပၾကမွာ ျဖစ္တဲ့အတြက္ Sacramento မွာေတာ့ သူတို႔ လုံၿခဳံေရးအျပည့္ ယူထားတာ ရွိပါတယ္။ ရဲေတြတင္ မကဘူး၊ ျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြပါ ျဖန္႔ခ်ထားတယ္။ ဘာလုိ႔လဲဆိုေတာ့ ဆႏၵျပတဲ့အခါ ဖဲြ႔စည္းပုံက ခြင့္ျပဳခ်က္အတိုင္း လြတ္လပ္စြာ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပခြင့္ရွိသလို ဒီႏိုင္ငံကလူေတြမွာ လက္နက္ကိုင္ေဆာင္ခြင့္လည္း ရွိတယ္။ အရင္တုန္းက အျခားျပည္နယ္ေတြမွာ ေတြ႔ဖူးမယ္ထင္တယ္။ Donald Trump ေထာက္ခံသူေတြ ဆႏၵျပၾကတဲ့အခါ သူတို႔ဆီမွာ လက္နက္ေတြပါ ရွာေတြ႔ရွိခဲ့တယ္။ အခုလည္း ဆႏၵျပတဲ့အထဲမွာ စစ္မႈထမ္းေဟာင္းေတြ ပါလာႏိုင္တယ္ဆိုေတာ့ သူတုိ႔က လက္နက္ကိုင္ေဆာင္ခြင့္လည္းရွိတယ္၊ ဆႏၵျပခြင့္လည္း ရွိတယ္။ ဒါေပမယ့္ ပဋိပကၡဆိုတာ ဆႏၵျပေနတုန္း တေယာက္ေယာက္ ထေဖာက္လုိက္လို႔ရွိရင္ ဝုန္းကနဲဒိုင္းကနဲ ျဖစ္သြားႏိုင္တယ္။ ပစ္ၾကခတ္ၾကမယ္ဆိုရင္ မလုိလားအပ္တာေတြ ျဖစ္လာႏိုင္တယ္၊ မေသသင့္ဘဲ ေသကုန္မွာေပါ့ဗ်ာ။ အဲဒီအတြက္ ျပည္နယ္လုံၿခဳံေရး တပ္ဖဲြ႔ေတြကေတာ့ အဆင္သင့္ လုပ္ထားၾကတာပါ။ အခုဟာက ဒီမုိကရက္နဲ႔ ရီပတ္ဘလစ္ကန္ၾကားက မူဝါဒေရးရာ အျငင္းပြားမႈ မဟုတ္ဘူးေလ။ အခုက အမုန္းတရားေပါ့။ အစြန္းေရာက္တဲ့ လူျဖဴေတြက ဒီႏိုင္ငံကို သူတို႔ပဲ အုပ္ခ်ဳပ္ရမယ္ဆိုတဲ့ စိတ္မ်ဳိး သူတုိ႔မွာ ရွိၾကတာကိုး။ အဲဒီေတာ့ ကုိယ္ကေတာ့ သတိဝီရိယနဲ႔ ေနရမယ့္သေဘာ ရွိတာေပါ့။”

ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီကို ကာကြယ္ဖို႔ ျပည္နယ္လံုၿခံဳေရးတပ္ဖဲြ႔ဝင္ ၂ ေသာင္းခဲြနဲ႔ တျခားဌာနေတြက ရဲတပ္ဖဲြ႔ဝင္ ေထာင္ေပါင္းမ်ားစြာကို ခ်ထားပါတယ္။ ဒုသမၼတ Mike Pence ကေတာ့ သမၼတ က်မ္းသစၥာက်ိန္ဆုိပဲြကို ေဘးကင္းလုံၿခဳံမႈရွိရွိ က်င္းပႏုိင္မွာျဖစ္တယ္လို႔ အေမရိကန္ျပည္သူေတြကို အာမခံ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

သမ္မတကျမ်းကျိန်ပွဲမတိုင်မီ လုံခြုံရေး တင်းကျပ်ထားတဲ့အပေါ် မြန်မာ-အမေရိကန်တွေရဲ့ အမြင်

ရွေးကောက်ခံသမ္မတ Joe Biden သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီလ ၂၀ ရက်မတိုင်မီ နိုင်ငံတဝန်း လက်နက်ကိုင် ဆန္ဒပြတာတွေ ပေါ်ပေါက်လာနိုင်ချေရှိတဲ့ သတင်းတွေကြောင့် ပြည်နယ်အသီးသီးက မြို့တော်တွေမှာရှိတဲ့ လွှတ်တော်အဆောက်အဦ တဝိုက်နဲ့ အရေးပါတဲ့ နေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့က ဝါရှင်တန်ဒီစီက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး နိုင်ငံတဝန်း ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ လက်နက်ကိုင် ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က သတိပေးထားတာပါ။ ဒီသတိပေးချက်နဲ့အတူ လုံခြုံရေးကိုလည်း အထူးတိုးမြှင့် တင်းကျပ်ထားပါတယ်။

အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်က နိုင်ငံတော်ရဲ့ လွှတ်တော်အဆောက်အဦတဝိုက်၊ သမ္မတအိမ်ဖြူတော်နဲ့ အခြား အထင်ကရ နေရာတဝိုက်မှာ လူတရပ်ကျော်တဲ့ သံဇကာ ခြံစည်းရိုးတွေနေဲ့ ကာရံတားမြစ်ထားပြီး ပြည်နယ်လုံခြုံရေးတပ်နဲ့ ရဲတပ်ဖွဲ့အင်အား သောင်းနဲ့ချီပြီး ချထားပါတယ်။

ဒီမြင်ကွင်းကိုတော့ ဒီစီမြို့ထဲ နေ့စဉ် ဝင်ထွက်သွားလာ အလုပ်လုပ်နေတဲ့ ဦးမျိုးဇော်က ခုလို ပြောပြပါတယ်။

“ဒီစီမြို့မှာ ဘယ်ကနေ စပိတ်ထားလဲဆိုတော့ K Street တလျှောက်လုံး ပိတ်ထားပြီးမှ ဒီ အထိမ်းအမှတ်ကျောက်တိုင် ဧရိယာပတ်လည်၊ လွှတ်တော် Capitol ပတ်လည်၊ အိမ်ဖြူတော်ပတ်လည်မှာ သံဇကာတွေ ကာထားပြီးတော့ လူကိုတော့ ထိုက်သင့်သလောက် သွားလို့ရအောင် ဖွင့်ထားပေးတယ်။ အဲဒီမှာ လက်နက်ကိုင် အစောင့်တွေကလည်း လက်နက်အသစ်တွေ အကောင်းစားတွေနဲ့ သူတို့ လုံခြုံရေးယူထားကြတယ်။ အင်အား အင်မတန်များတယ်။ အမေရိကားမှာ တခါမှ အခုလို မကြုံဘူး မတွေ့ဖူးဘူး။ သမ္မတသစ် ဖြစ်လာမယ့် Joe Biden ရဲ့ပွဲကို အင်မတန်မှ သူတို့ လုံလုံခြုံခြုံ လုပ်ထားတဲ့သဘော ရှိပါတယ်။ သမ္မတ Donald Trump ရဲ့ မဆင်ခြင်မှုကြောင့် အခုလိုဖြစ်လာတယ်လို့ ကျနော်ယူဆတယ်။ ရှင်းရှင်းပြောရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းမြတ်တဲ့ ဒီသမ္မတ ကျမ်းသစ္စာကျိန်ပွဲကြီး ဖြစ်ရမှာကို သူ (Donald Trump) က ဖြစ်စေချင်ပုံမရဘူး။ ရွေးကောက်ပွဲအရှုံးကို ခုထိ လက်မခံဘူးဆိုတော့ ဒါက မကောင်းတဲ့လက္ခဏာပဲ။”

၂၀၂၀ ရွေးကောက်ပွဲမှာ Donald Trump နဲ့ Joe Biden တို့ကြား အကြိတ်အနယ် ဖြစ်ခဲ့ရတာက ဂျော်ဂျီယာပြည်နယ်ဖြစ်ပြီး အစောပိုင်းက Trump အနိုင်ရမယ် ထင်ကြေးရှိခဲ့ပေမယ့် မဲအားလုံး ရေတွက်ပြီးချိန်မှာ ရှုံးနိမ့်ခဲ့ရတဲ့ပြည်နယ် ဖြစ်ပါတယ်။ ဂျော်ဂျီယာပြည်နယ်ရဲ့မြို့တော် အတ္တလန္တာက လုံခြုံရေး အနေအထား၊ လူတွေရဲ့ စိုးရိမ်စိတ်နဲ့ ပတ်သက်လို့ ပြောလာသူက အဲဒီမြို့မှာနေတဲ့ ဦးဇော်ကြီးပါ။

“ဂျော်ဂျီယာပြည်နယ် လွှတ်တော်ရဲ့ အနားတဝိုက်မှာတော့ သံဆူးကြိုးတွေ ကာထားတယ်။ ခြံစည်းရိုးကို လုံလုံခြုံခြုံ ကာထားပြီးတော့ လုံခြုံရေးအပြည့် ချထားတယ်။ လွှတ်တော်အဝင်အထွက်မှာ အစောင့်တွေ တင်းတင်းကျပ်ကျပ် ထားထားတယ်။ အထဲမှာရော အပြည့်အဝ ချထားတယ်။ ပြီးတော့ ရဲကားတွေလည်း အပြည့်ရောက်နေပြီ။ ပြီးလို့ရှိရင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တွေ အင်အားအပြည့်နဲ့ ယူနီဖောင်း အပြည့်အစုံနဲ့ အကုန်လုံးချထားတယ်။ နောက်ပြီး ပတ်ပတ်လည်မှာ မိုင်းရှာ မိုင်းရှင်း သေချာလုပ်နေကြတယ်။ နောက်ပြီးတော့ တချို့ကားကြီးတွေ လူအရမ်းများရင် စစ်တယ်။ နောက်တခုက ဒီရက်ပိုင်းအတွင်း လက်နက်တွေကို သေနတ်ရောင်းတဲ့ ဆိုင်တွေမှာ လူတွေက တန်းစီပြီး ဝယ်ကြတာတွေရှိတယ်။ အဲဒီတော့ လူတွေက သို့လော သို့လော ဖြစ်နေကြတယ်။ နောက်တခုက ဒီမှာ လူတွေက အရင်ကလို ကားတွေဘာတွေနဲ့ အလံတွေဘာတွေထောင်ပြီး သွားနေလာနေတာမျိုး မရှိတော့ဘူး။ အခြေအနေက တမျိုးကြီး ဖြစ်နေတယ်။ လူတွေ အတော်များများက လန့်နေတယ်။ တခုခုဖြစ်ခဲ့သည်ရှိသော်ဆိုတဲ့ အတွေးနဲ့ ကျနော်တို့လည်း သတိထားပြီး နေနေရပါတယ်။ အပြင်မထွက်ရဲပါဘူး။”

လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ FBI ရဲ့ သတိပေးချက်ကြောင့် အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော် Sacramento မှာလည်း လုံခြုံရေး တင်းကျပ်ထားကြောင်း ဆန်ဖရန်စစ္စကိုမြို့မှာနေတဲ့ ဦးကိုကိုလေးက ပြောပါတယ်။

“အဓိကကတော့ ပြည်နယ်လွှတ်တော်ကို သူတို့က ဆန္ဒပြကြမှာ ဖြစ်တဲ့အတွက် Sacramento မှာတော့ သူတို့ လုံခြုံရေးအပြည့် ယူထားတာ ရှိပါတယ်။ ရဲတွေတင် မကဘူး၊ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ ဖြန့်ချထားတယ်။ ဘာလို့လဲဆိုတော့ ဆန္ဒပြတဲ့အခါ ဖွဲ့စည်းပုံက ခွင့်ပြုချက်အတိုင်း လွတ်လပ်စွာ ငြိမ်းချမ်းတဲ့ ဆန္ဒပြခွင့်ရှိသလို ဒီနိုင်ငံကလူတွေမှာ လက်နက်ကိုင်ဆောင်ခွင့်လည်း ရှိတယ်။ အရင်တုန်းက အခြားပြည်နယ်တွေမှာ တွေ့ဖူးမယ်ထင်တယ်။ Donald Trump ထောက်ခံသူတွေ ဆန္ဒပြကြတဲ့အခါ သူတို့ဆီမှာ လက်နက်တွေပါ ရှာတွေ့ရှိခဲ့တယ်။ အခုလည်း ဆန္ဒပြတဲ့အထဲမှာ စစ်မှုထမ်းဟောင်းတွေ ပါလာနိုင်တယ်ဆိုတော့ သူတို့က လက်နက်ကိုင်ဆောင်ခွင့်လည်းရှိတယ်၊ ဆန္ဒပြခွင့်လည်း ရှိတယ်။ ဒါပေမယ့် ပဋိပက္ခဆိုတာ ဆန္ဒပြနေတုန်း တယောက်ယောက် ထဖောက်လိုက်လို့ရှိရင် ဝုန်းကနဲဒိုင်းကနဲ ဖြစ်သွားနိုင်တယ်။ ပစ်ကြခတ်ကြမယ်ဆိုရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်၊ မသေသင့်ဘဲ သေကုန်မှာပေါ့ဗျာ။ အဲဒီအတွက် ပြည်နယ်လုံခြုံရေး တပ်ဖွဲ့တွေကတော့ အဆင်သင့် လုပ်ထားကြတာပါ။ အခုဟာက ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ကြားက မူဝါဒရေးရာ အငြင်းပွားမှု မဟုတ်ဘူးလေ။ အခုက အမုန်းတရားပေါ့။ အစွန်းရောက်တဲ့ လူဖြူတွေက ဒီနိုင်ငံကို သူတို့ပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ စိတ်မျိုး သူတို့မှာ ရှိကြတာကိုး။ အဲဒီတော့ ကိုယ်ကတော့ သတိဝီရိယနဲ့ နေရမယ့်သဘော ရှိတာပေါ့။”

မြို့တော် ဝါရှင်တန်ဒီစီကို ကာကွယ်ဖို့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂ သောင်းခွဲနဲ့ တခြားဌာနတွေက ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားပါတယ်။ ဒုသမ္မတ Mike Pence ကတော့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဘေးကင်းလုံခြုံမှုရှိရှိ ကျင်းပနိုင်မှာဖြစ်တယ်လို့ အမေရိကန်ပြည်သူတွေကို အာမခံ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG