သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ေသဆံုးသူမ်ားေအာက္ေမ့ဘြယ္ ေရြးေကာက္ခံသမၼတ ဦးေဆာင္လုပ္မည္


ၿမိဳ႕ေတာ္ ဝါရွင္တန္ရွိ Washington Monument လြတ္လပ္ေရးေက်ာက္တိုင္ အနီးျမင္ကြင္း။ (ဇန္နဝါရီ ၁၈၊ ၂၀၂၁)

[Zawgyi/Unicode]

ေ႐ြးေကာက္ခံ သမၼတ Joe Biden နဲ႔ ဒုသမၼတ Kamala Harris တို႔က COVID-19 ေရာဂါေၾကာင့္ ေသဆုံးခဲ့သူ အေမရိကန္ ၄၀၀,၀၀၀ အတြက္ ေအာက္ေမ့ဘြယ္ အမွတ္တရ အခမ္းအနားကို ဝါရွင္တန္ၿမိဳ႕ေတာ္မွာ သမၼတ က်မ္းသစၥာက်ိန္ဆိုပြဲ မက်င္းပခင္ တရက္အလို အဂၤါေန႔မွာ က်င္းပမွာျဖစ္ပါတယ္။

Joe Biden ရဲ႕ ဇနီး Jill Biden နဲ႔ Kamala Harris ရဲ႕ ခင္ပြန္း Doug Emhoff တို႔လည္း အခမ္းအနားကို တက္ေရာက္မွာပါ။ ဗုဒၶဟူးေန႔ Biden နဲ႔ Harris တို႔ က်မ္းသစၥာက်ိန္ဆိုမယ့္ လႊတ္ေတာ္ေရွ႕အမ်ိဳးသားရင္ျပင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ သမၼတေဟာင္း Lincoln အမွတ္တရ အေဆာက္အအုံေရွ႕ ေရကန္မွာ မီး ၄၀၀ ထြန္းညႇိၿပီး ေအာက္ေမ့ဘြယ္အမွတ္တရ အခမ္းအနား က်င္းပမွာျဖစ္ပါတယ္။

နယူးေယာက္ Empire State အေဆာက္အအုံနဲ႔ Seattle ၿမိဳ႕က Space Needle အေဆာက္အအုံ အပါအဝင္ အေမရိကန္ျပည္ေထာင္စုတဝွမ္း အထိမ္းအမွတ္ အေဆာက္အအုံႀကီး ေတြမွာလည္း COVID-19 ေၾကာင့္ ေသဆုံးသူေတြကို ဂုဏ္ျပဳၿပီး တခ်ိန္တည္းလို အမွတ္တရ မီးေတြ ထြန္းၾကမွာျဖစ္ပါတယ္။

ႏိုင္ငံတဝွမ္း ညီၫႊတ္ေရးအတြက္ အခါသမယလို႔ သတ္မွတ္ၿပီး ရာနဲ႔ခ်ီတဲ့ ၿမိဳ႕႐ြာေတြ၊ လူမ်ိဳးစုနဲ႔ လူမႈအသိုင္းအဝိုင္းေတြ ပူးေပါင္းပါဝင္ၾကမယ္လို႔ Biden ရဲ႕ သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုေရး ဆိုင္ရာ ေကာ္မတီက ေျပာပါတယ္။

COVID-19 ေရာဂါတိုက္ဖ်က္ေရးနဲ႔ ကူညီေထာက္ပံ့ေရး ကိစၥေတြကို အစိုးရသစ္ တာဝန္ထမ္းေဆာင္တဲ့အေစာပိုင္း ကာလေတြမွာ အာ႐ုံစိုက္ ေဆာင္႐ြက္သြားမယ္လို႔ Biden ေရာ Harris ေရာ ေျပာဆိုထားပါတယ္။

အဲဒီအထဲမွာ သမၼတသစ္ တာဝန္ယူၿပီး ရက္ ၁၀၀ အတြင္းမွာ လူေပါင္း သန္း ၁၀၀ ကာကြယ္ေဆးထိုးႏိုင္ေရးကို ဦးစားေပး လုပ္ေဆာင္သြားမွာျဖစ္သလို ကိုဗစ္ေၾကာင့္ စီးပြားေရး ထိခိုက္ၿပီး ႐ုန္းကန္ေနရသူေတြကို ကူညီေရးကိစၥေတြ ပါဝင္တဲ့အေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် သေဆုံးသူများအောက်မေ့ဘွယ် ရွေးကောက်ခံသမ္မတ ဦးဆောင်လုပ်မည်

ရွေးကောက်ခံ သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့က COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူ အမေရိကန် ၄၀၀,၀၀၀ အတွက် အောက်မေ့ဘွယ် အမှတ်တရ အခမ်းအနားကို ဝါရှင်တန်မြို့တော်မှာ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မကျင်းပခင် တရက်အလို အင်္ဂါနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

Joe Biden ရဲ့ ဇနီး Jill Biden နဲ့ Kamala Harris ရဲ့ ခင်ပွန်း Doug Emhoff တို့လည်း အခမ်းအနားကို တက်ရောက်မှာပါ။ ဗုဒ္ဓဟူးနေ့ Biden နဲ့ Harris တို့ ကျမ်းသစ္စာကျိန်ဆိုမယ့် လွှတ်တော်ရှေ့အမျိုးသားရင်ပြင်နဲ့ မျက်နှာချင်းဆိုင် သမ္မတဟောင်း Lincoln အမှတ်တရ အဆောက်အအုံရှေ့ ရေကန်မှာ မီး ၄၀၀ ထွန်းညှိပြီး အောက်မေ့ဘွယ်အမှတ်တရ အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။

နယူးယောက် Empire State အဆောက်အအုံနဲ့ Seattle မြို့က Space Needle အဆောက်အအုံ အပါအဝင် အမေရိကန်ပြည်ထောင်စုတဝှမ်း အထိမ်းအမှတ် အဆောက်အအုံကြီး တွေမှာလည်း COVID-19 ကြောင့် သေဆုံးသူတွေကို ဂုဏ်ပြုပြီး တချိန်တည်းလို အမှတ်တရ မီးတွေ ထွန်းကြမှာဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ညီညွှတ်ရေးအတွက် အခါသမယလို့ သတ်မှတ်ပြီး ရာနဲ့ချီတဲ့ မြို့ရွာတွေ၊ လူမျိုးစုနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပူးပေါင်းပါဝင်ကြမယ်လို့ Biden ရဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုရေး ဆိုင်ရာ ကော်မတီက ပြောပါတယ်။

COVID-19 ရောဂါတိုက်ဖျက်ရေးနဲ့ ကူညီထောက်ပံ့ရေး ကိစ္စတွေကို အစိုးရသစ် တာဝန်ထမ်းဆောင်တဲ့အစောပိုင်း ကာလတွေမှာ အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ Biden ရော Harris ရော ပြောဆိုထားပါတယ်။

အဲဒီအထဲမှာ သမ္မတသစ် တာဝန်ယူပြီး ရက် ၁၀၀ အတွင်းမှာ လူပေါင်း သန်း ၁၀၀ ကာကွယ်ဆေးထိုးနိုင်ရေးကို ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်သလို ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်ပြီး ရုန်းကန်နေရသူတွေကို ကူညီရေးကိစ္စတွေ ပါဝင်တဲ့အကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG