သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ပိုင္းကယ္လီဖိုးနီးယားမွာ မ်ိဳးဗီဇေျပာင္းကိုဗစ္ပိုး ကူးစက္မႈျဖစ္ေန


ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles ၿမိဳ႕မွာ ကိုဗစ္ေရာဂါ စစ္ေဆးဖို႔ တန္းစီေနတဲ့ လူတခ်ိဳ႕။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္မႈ အျမင့္မားဆံုးျဖစ္ေနတဲ့ ကယ္လီဖိုးနီးယားေတာင္ပိုင္းမွာ ကူးစက္ျမန္မ်ိဳးဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္ပုိးသစ္တမ်ိဳး ေတြ႔ရွိတယ္လို႔ ေဆးသုေတသန ပညာရွင္ေတြကေျပာဆိုလုိက္ပါတယ္။ Los Angeles ေဆးရံုက ပိုးေတြ႔လူနာေပါင္း ၁၉၂ ေယာက္ရဲ႕ နမူနာေတြနဲ႔ ေတာင္ပိုင္းကယ္လီဖိုးနီးယားမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလမွာျဖစ္ပြားခဲ့တဲ့ ပိုးေတြ႔နမူနာေပါင္း ၄,၀၀၀ ေက်ာ္ကို စမ္းသပ္စစ္ေဆးၿပီးတဲ့ေနာက္မွာ ေတြ႔ရွိတာလို႔ အေမရိကန္မွာ အၾကီးဆံုး ေဆးပညာဆိုင္ရာ စင္တာတခုျဖစ္တဲ့ Cedars-Sinai က ထုတ္ျပန္လိုက္တာပါ။

ဒီဗီဇေျပာင္း ပိုးမ်ိဳးစိတ္သစ္ကို Los Angeles က နမူနာ ၃၅ ရာခုိင္ႏႈန္းမွာ ေတြ႔ရွိသလို ေဒသတခုလံုးအတိုင္းအတာနဲ႔ နမူနာေတြထဲက ၂၄ ရာခိုင္ႏႈန္းမွာ ေတြ႔ရွိတာျဖစ္ပါတယ္။ ဒီေလ့လာေတြ႔ရွိခ်က္ကို ထုတ္ျပန္သူေတြရဲ႕အဆိုအရ ဒီအသြင္ေျပာင္းပိုး မ်ိဳးဗီဇသစ္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက ပိုးေတြ႔ရွိမႈ တခုမွာကတည္းက စတင္ေတြ႔ရွိခဲ့တာျဖစ္ေပမဲ့ ေအာက္တိုဘာလအထိေတာ့ ေတာင္ကယ္လီဖိုးနီးယားမွာ ထပ္မေတြ႔ခဲ့ပါဘူး။ သုေတသီေတြက “CAL.20C” လို႔ အမည္ေပးထားတဲ့ ဒီပိုးမ်ိဳးစိတ္သစ္ ေပၚလာခ်ိန္နဲ႔ ေတာင္ပိုင္းကယ္လီဖိုနီးယားမွာ ဒီႏွစ္လအတြင္း ကိုဗစ္ကူးစက္မႈေတြ တိုးလာခ်ိန္ကလည္း တိုက္ဆိုင္ေနပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ရွာေဖြေတြ႔ရွိခဲ့တဲ့ ျဗိတိန္မွာျဖစ္ပြားေနတဲ့ အသြင္ေျပာင္းဗိုင္းရပ္စ္လို ပိုးမ်ိဳးစိတ္ဗီဇသစ္ဟာ တျခားေတြ႔ရွိေနတဲ့ မ်ိဳးဗီဇသစ္လိုမ်ိဳး ေသဆံုးမႈႏႈန္းေတာ့မမ်ားႏုိင္ေပမဲ့ ခပ္ျမန္ျမန္ကူးစက္မႈႏႈန္း ျမင့္မားႏိုင္ေျခ ရွိတယ္လို႔ Cedars-Sinai ေဆးသုေတသနစင္တာက ေျပာပါတယ္။ အခုေတြ႔ရွိတဲ့ ဒီကိုရိုနာဗိုင္းရပ္စ္ပ်ိဳး မ်ိဳးဗီဇသစ္ဟာ ေတာင္ကယ္လီဖိုးနီးယား၊ နယူးေယာက္နဲ႔ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာလည္း ေတြ႔ရွိတယ္လို႔ ေဆးသုေတသနပညာရွင္ေတြကေျပာပါတယ္။ လြန္ခဲ့တဲ့ ၂လေလာက္တုန္းက တရက္ကို ပိုးေတြ႔လူနာ ၃,၀၀၀ ဝန္းက်င္ရွိခဲ့တဲ့ Los Angeles County မွာ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းအတြင္း တရက္တည္းမွာကို ပိုးေတြ႔လူနာေပါင္း ၁၃,၀၀၀ ေက်ာ္ အထိျဖစ္ပြားေနၿပီျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အေမရိကန္ျပည္ေထာင္စုအတြင္း ကိုဗစ္ကူးစက္သူေရာ၊ ကိုဗစ္ေၾကာင့္ ေသဆံုးသူေရာ အေရအတြက္ တိုးလာေနၿပီး ကပ္ေရာဂါကာလအတြင္း အဆိုးဆံုးအခ်ိန္ကို ေရာက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ပိုင်းကယ်လီဖိုးနီးယားမှာ မျိုးဗီဇပြောင်းကိုဗစ်ပိုး ကူးစက်မှုဖြစ်နေ

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်မှု အမြင့်မားဆုံးဖြစ်နေတဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ကူးစက်မြန်မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တမျိုး တွေ့ရှိတယ်လို့ ဆေးသုတေသန ပညာရှင်တွေကပြောဆိုလိုက်ပါတယ်။ Los Angeles ဆေးရုံက ပိုးတွေ့လူနာပေါင်း ၁၉၂ ယောက်ရဲ့ နမူနာတွေနဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ပိုးတွေ့နမူနာပေါင်း ၄,၀၀၀ ကျော်ကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာ တွေ့ရှိတာလို့ အမေရိကန်မှာ အကြီးဆုံး ဆေးပညာဆိုင်ရာ စင်တာတခုဖြစ်တဲ့ Cedars-Sinai က ထုတ်ပြန်လိုက်တာပါ။

ဒီဗီဇပြောင်း ပိုးမျိုးစိတ်သစ်ကို Los Angeles က နမူနာ ၃၅ ရာခိုင်နှုန်းမှာ တွေ့ရှိသလို ဒေသတခုလုံးအတိုင်းအတာနဲ့ နမူနာတွေထဲက ၂၄ ရာခိုင်နှုန်းမှာ တွေ့ရှိတာဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်သူတွေရဲ့အဆိုအရ ဒီအသွင်ပြောင်းပိုး မျိုးဗီဇသစ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပိုးတွေ့ရှိမှု တခုမှာကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပေမဲ့ အောက်တိုဘာလအထိတော့ တောင်ကယ်လီဖိုးနီးယားမှာ ထပ်မတွေ့ခဲ့ပါဘူး။ သုတေသီတွေက “CAL.20C” လို့ အမည်ပေးထားတဲ့ ဒီပိုးမျိုးစိတ်သစ် ပေါ်လာချိန်နဲ့ တောင်ပိုင်းကယ်လီဖိုနီးယားမှာ ဒီနှစ်လအတွင်း ကိုဗစ်ကူးစက်မှုတွေ တိုးလာချိန်ကလည်း တိုက်ဆိုင်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိန်မှာဖြစ်ပွားနေတဲ့ အသွင်ပြောင်းဗိုင်းရပ်စ်လို ပိုးမျိုးစိတ်ဗီဇသစ်ဟာ တခြားတွေ့ရှိနေတဲ့ မျိုးဗီဇသစ်လိုမျိုး သေဆုံးမှုနှုန်းတော့မများနိုင်ပေမဲ့ ခပ်မြန်မြန်ကူးစက်မှုနှုန်း မြင့်မားနိုင်ခြေ ရှိတယ်လို့ Cedars-Sinai ဆေးသုတေသနစင်တာက ပြောပါတယ်။ အခုတွေ့ရှိတဲ့ ဒီကိုရိုနာဗိုင်းရပ်စ်ပျိုး မျိုးဗီဇသစ်ဟာ တောင်ကယ်လီဖိုးနီးယား၊ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာလည်း တွေ့ရှိတယ်လို့ ဆေးသုတေသနပညာရှင်တွေကပြောပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်တုန်းက တရက်ကို ပိုးတွေ့လူနာ ၃,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ Los Angeles County မှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းအတွင်း တရက်တည်းမှာကို ပိုးတွေ့လူနာပေါင်း ၁၃,၀၀၀ ကျော် အထိဖြစ်ပွားနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ အမေရိကန်ပြည်ထောင်စုအတွင်း ကိုဗစ်ကူးစက်သူရော၊ ကိုဗစ်ကြောင့် သေဆုံးသူရော အရေအတွက် တိုးလာနေပြီး ကပ်ရောဂါကာလအတွင်း အဆိုးဆုံးအချိန်ကို ရောက်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG