သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ပိတ္ထားတဲ့ အိႏၵိယႏိုင္ငံ အထက္တန္းေက်ာင္းတခ်ိဳ႕ ျပန္ဖြင့္ၿပီ


(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့့္ အိႏိၵယ နိုင္ငံရဲ့ ျမိဳ ့ေတာ္နဲ႔ အေနာက္ေျမာက္ဘက္ Rajasthan ျပည္နယ္မွာ လေပါင္းမ်ားစြာ ပိတ္ထားခဲ့ရတဲ့ အထက္တန္းေက်ာင္းေတြကို ျပန္ဖြင့္လိုက္ပါၿပီ။

ျမိဳ ့ေတာ္ New Delhi နဲ ့ Jaipur ျမိဳ ့က ၁၀တန္းနဲ ့၁၂ တန္းေက်ာင္းသားေတြကိုေက်ာင္း၀င္းထဲမ၀င္ခင္မွာ အပူခ်ိန္တိုင္းတာကို တာ၀န္တရပ္အေနနဲ ့လုပ္ၾကရျပီး ေက်ာင္းအာဏာပိုင္ေတြကလည္း ေဘးအႏၱရာယ္ၾကိဳတင္ကာကြယ္ေရးအေနနဲ ့ နွာေခါင္းစည္းေတြနဲ ့လက္ေဆးရည္ေတြကို ေပးေ၀ေနပါတယ္။

ေရာဂါၾကိဳတင္ကာကြယ္ေရးနဲ ့ပတ္သက္ျပီး ေက်ာင္းဆရာမတဦးျဖစ္တဲ့ SARVODAYA KANYA VIDYALAYA ကေတာ့ အခုလို ေျပာပါတယ္။

“ COVID 19 နဲ ့ပက္သက္ျပီး လိုအပ္တဲ့ ၾကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြအားလံုးကို က်ေနာ္တို ့လုပ္ေနပါတယ္။ ကေလးေတြဟာ သူတို ့ေက်ာင္းထဲ၀င္လာတဲ့အခ်ိန္မွာ အပူခ်ိန္တိုင္းရပါတယ္။ သူတို ့မွာ နွာေခါင္းစည္းမရွိရင္ နွာေခါင္းစည္းေပးပါတယ္။ လက္ေဆးျပီးေတာ့မွ သူတို ့ကို အခန္းထဲ၀င္ခြင့္ေပးပါတယ္။ အတန္းထဲမွာလည္း လူခ်င္းျခားျပီးေနဖို ့ သတိေပးခ်က္ေတြ ဆက္ျပီးေပးထားပါတယ္။”

ျပည္ေထာင္စုအစိုးရကေတာ့ ေက်ာင္းေတြ၊ ေကာလိပ္ေတြနဲ ့ အျခား ပညာေရးအဖြဲ ့အစည္းေတြကို ျဖည္းျဖည္းခ်င္းျပန္လည္ဖြင့္လွစ္ရာမွာ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြကို ျပီးခဲ့တဲ့နွစ္ကတည္းက ထုတ္ျပန္ထားျပီးျဖစ္ပါတယ္။ အေသအေပ်ာက္မ်ားတဲ့ ကိုရိုနာဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ဖို ့ အိႏိၵယနုိင္ငံဟာ ပညာေရးအဖြဲ ့အစည္းေတြအားလံုးကို အြန္လိုင္းသင္တန္းေတြအျဖစ္ ျပီးခဲ့တဲ့နွစ္ မတ္လကတည္းက ေျပာင္းလဲသင္ၾကားေစခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့တနလၤာေန ့တရက္ထဲတင္ အိႏိၵယနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူ ၁၄,၀၀၀နီးပါးရွိပါတယ္။

အိႏိၵယနိုင္ငံမွာ ကမၻာေပၚမွာ အေမရိကန္ျပီးရင္ ဒုတိယကူးစက္မွုအမ်ားဆံုးျဖစ္ျပီး ကိုရိုနာဗိုင္းရပ္ေၾကာင့္ လူ တသိန္းခြဲခန္ ့ေသဆံုးခဲ့ျပီး တသန္းေက်ာ္ကူးစက္ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကြောင့်ပိတ်ထားတဲ့ အိန္ဒိယနိုင်ငံ အထက်တန်းကျောင်းတချို့ ပြန်ဖွင့်ပြီ

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ နိုင်ငံရဲ့ မြို့တော်နဲ့ အနောက်မြောက်ဘက် Rajasthan ပြည်နယ်မှာ လပေါင်းများစွာ ပိတ်ထားခဲ့ရတဲ့ အထက်တန်းကျောင်းတွေကို ပြန်ဖွင့်လိုက်ပါပြီ။

မြို့တော် New Delhi နဲ့ Jaipur မြို့က ၁၀တန်းနဲ့၁၂ တန်းကျောင်းသားတွေကိုကျောင်းဝင်းထဲမဝင်ခင်မှာ အပူချိန်တိုင်းတာကို တာဝန်တရပ်အနေနဲ့လုပ်ကြရပြီး ကျောင်းအာဏာပိုင်တွေကလည်း ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေနဲ့ နှာခေါင်းစည်းတွေနဲ့လက်ဆေးရည်တွေကို ပေးဝေနေပါတယ်။

ရောဂါကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျောင်းဆရာမတဦးဖြစ်တဲ့ SARVODAYA KANYA VIDYALAYA ကတော့ အခုလို ပြောပါတယ်။

“ COVID 19 နဲ့ပက်သက်ပြီး လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေအားလုံးကို ကျနော်တို့လုပ်နေပါတယ်။ ကလေးတွေဟာ သူတို့ကျောင်းထဲဝင်လာတဲ့အချိန်မှာ အပူချိန်တိုင်းရပါတယ်။ သူတို့မှာ နှာခေါင်းစည်းမရှိရင် နှာခေါင်းစည်းပေးပါတယ်။ လက်ဆေးပြီးတော့မှ သူတို့ကို အခန်းထဲဝင်ခွင့်ပေးပါတယ်။ အတန်းထဲမှာလည်း လူချင်းခြားပြီးနေဖို့ သတိပေးချက်တွေ ဆက်ပြီးပေးထားပါတယ်။”

ပြည်ထောင်စုအစိုးရကတော့ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ အခြား ပညာရေးအဖွဲ့အစည်းတွေကို ဖြည်းဖြည်းချင်းပြန်လည်ဖွင့်လှစ်ရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အသေအပျောက်များတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ အိန္ဒိယနိုင်ငံဟာ ပညာရေးအဖွဲ့အစည်းတွေအားလုံးကို အွန်လိုင်းသင်တန်းတွေအဖြစ် ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပြောင်းလဲသင်ကြားစေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့တရက်ထဲတင် အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၄,၀၀၀နီးပါးရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယကူးစက်မှုအများဆုံးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ကြောင့် လူ တသိန်းခွဲခန့်သေဆုံးခဲ့ပြီး တသန်းကျော်ကူးစက်ခံထားရပါတယ်။

XS
SM
MD
LG