သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အကဲဆတ္တဲ့ အျငင္းပြားနယ္စပ္မွာ တ႐ုတ္စစ္သားတဦးကို အိႏိၵယ ဖမ္းဆီးလိုက္ျခင္း


အိႏၵိယ-တ႐ုတ္ နယ္စပ္အနီး ေစာင့္ၾကပ္ေနတဲ့ အိႏၵိယစစ္သားအခ်ဳိ႕။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၂)

(Zawgyi / Unicode)

အိႏၵိယနဲ႔ တ႐ုတ္ နယ္ေျမအျငင္းပြားေနတဲ့ ဟိမဝႏၱာနယ္စပ္မွာ တ႐ုတ္စစ္သားတဦးကို ဖမ္းဆီးခဲ့ေၾကာင္း အိႏၵိယစစ္တပ္က စေနေန႔က ေျပာၾကားခဲ့ေၾကာင္း AFP သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

အဲဒီနယ္စပ္မွာ ၿပီးခဲ့တဲ့ႏွစ္က ႏွစ္ႏိုင္ငံ နယ္စပ္တိုက္ပဲြ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့တာပါ။ အဲဒီတိုက္ပဲြေၾကာင့္ အိႏိၵယစစ္သား အေယာက္ ၂၀ ေလာက္ ေသဆံုးခဲ့သလို တ႐ုတ္စစ္တပ္ဘက္မွာလည္း ေသဆံုးမႈေတြရွိေပမယ့္ အေရအတြက္ အတိအက် မသိရပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက ျဖစ္ခဲ့တဲ့ တိုက္ပဲြေတြအၿပီး အခုလို ကုန္းျမင့္ေတာင္တန္းေတြရွိေနတဲ့ နယ္စပ္မွာ တ႐ုတ္စစ္သားတဦးကို အိႏၵိယဘက္က ဖမ္းဆီးတာဟာ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံ တင္းမာမႈေတြရွိေနတဲ့ Ladakh ေဒသကို ႏွစ္ဖက္လံုးက ေသာင္းနဲ႔ခ်ီၿပီး တပ္အင္အားေတြ၊ လက္နက္ႀကီးေတြ ေစလႊတ္ခ်ထားခဲ့ၾကၿပီး လက္ရွိ ေဆာင္းရာသီ အလြန္ေအးခဲေနတဲ့ အေျခအေန ရွိေနပါတယ္။

အိႏၵိယစစ္တပ္ရဲ႕ ေၾကညာခ်က္မွာ ေသာၾကာေန႔ အေစာပိုင္းက တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္က စစ္သားကို အိႏၵိယနဲ႔ တ႐ုတ္ နယ္ျခားသတ္မွတ္ထားတဲ့ စည္းမ်ဥ္း LAC ရဲ႕ အိႏၵိယဘက္ျခမ္းမွာ ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဖမ္းဆီးခံရတဲ့ တ႐ုတ္စစ္သားကို သတ္မွတ္ထားတဲ့ လုပ္ထံုးလုပ္နည္းေတြအတိုင္း ကိုင္တြယ္ေနသလို နယ္စပ္စည္းမ်ဥ္းကို ေက်ာ္ျဖတ္လာတာနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးေနေၾကာင္းလည္း ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

တ႐ုတ္စစ္တပ္က ထုတ္ေဝတဲ့ ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ေန႔စဥ္ သတင္းစာမွာေတာ့ သူတို႔ တ႐ုတ္စစ္သားဟာ အေမွာင္ထုၾကား ႐ႈပ္ေထြးေနတဲ့ ေျမအေနအထားမွာ ေပ်ာက္ဆံုးေနၿပီး အိႏၵိယအေနနဲ႔ အေၾကာင္းၾကားဖို႔ ေတာင္းဆိုခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အိႏၵိယအေနနဲ႔ ႏွစ္ႏိုင္ငံၾကား သက္ဆိုင္တဲ့ သေဘာတူညီခ်က္ေတြကို တိတိက်က်လိုက္နာၿပီး တ႐ုတ္-အိႏၵိယ နယ္စပ္အေျခအေန ေအးခ်မ္းေစေရး အကူအညီေပးဖို႔ ေပ်ာက္ဆံုးေနတဲ့ သူတို႔စစ္သားကို ခ်က္ခ်င္းလဲႊေျပာင္းေပးသင့္ေၾကာင္း တ႐ုတ္စစ္တပ္ သတင္းစာက ေရးထားပါတယ္။

အိႏၵိယစစ္တပ္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း တ႐ုတ္စစ္သားတဦးကို နယ္ေျမက်ဴးေက်ာ္မႈနဲ႔ ေခတၱထိန္းသိမ္းထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အကဲဆတ်တဲ့ အငြင်းပွားနယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယ ဖမ်းဆီးလိုက်ခြင်း

အိန္ဒိယနဲ့ တရုတ် နယ်မြေအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်စစ်သားတဦးကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယစစ်တပ်က စနေနေ့က ပြောကြားခဲ့ကြောင်း AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီနယ်စပ်မှာ ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ လောက် သေဆုံးခဲ့သလို တရုတ်စစ်တပ်ဘက်မှာလည်း သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအပြီး အခုလို ကုန်းမြင့်တောင်တန်းတွေရှိနေတဲ့ နယ်စပ်မှာ တရုတ်စစ်သားတဦးကို အိန္ဒိယဘက်က ဖမ်းဆီးတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

နှစ်နိုင်ငံ တင်းမာမှုတွေရှိနေတဲ့ Ladakh ဒေသကို နှစ်ဖက်လုံးက သောင်းနဲ့ချီပြီး တပ်အင်အားတွေ၊ လက်နက်ကြီးတွေ စေလွှတ်ချထားခဲ့ကြပြီး လက်ရှိ ဆောင်းရာသီ အလွန်အေးခဲနေတဲ့ အခြေအနေ ရှိနေပါတယ်။

အိန္ဒိယစစ်တပ်ရဲ့ ကြေညာချက်မှာ သောကြာနေ့ အစောပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က စစ်သားကို အိန္ဒိယနဲ့ တရုတ် နယ်ခြားသတ်မှတ်ထားတဲ့ စည်းမျဉ်း LAC ရဲ့ အိန္ဒိယဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ တရုတ်စစ်သားကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုင်တွယ်နေသလို နယ်စပ်စည်းမျဉ်းကို ကျော်ဖြတ်လာတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

တရုတ်စစ်တပ်က ထုတ်ဝေတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့စဉ် သတင်းစာမှာတော့ သူတို့ တရုတ်စစ်သားဟာ အမှောင်ထုကြား ရှုပ်ထွေးနေတဲ့ မြေအနေအထားမှာ ပျောက်ဆုံးနေပြီး အိန္ဒိယအနေနဲ့ အကြောင်းကြားဖို့ တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ နှစ်နိုင်ငံကြား သက်ဆိုင်တဲ့ သဘောတူညီချက်တွေကို တိတိကျကျလိုက်နာပြီး တရုတ်-အိန္ဒိယ နယ်စပ်အခြေအနေ အေးချမ်းစေရေး အကူအညီပေးဖို့ ပျောက်ဆုံးနေတဲ့ သူတို့စစ်သားကို ချက်ချင်းလွဲှပြောင်းပေးသင့်ကြောင်း တရုတ်စစ်တပ် သတင်းစာက ရေးထားပါတယ်။

အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တရုတ်စစ်သားတဦးကို နယ်မြေကျူးကျော်မှုနဲ့ ခေတ္တထိန်းသိမ်းထားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG