သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျဖစ္ထြန္းလာႏိုင္တဲ႔ ရခိုင္အလားအလာေကာင္းကို အိႏိၵယ ႀကိဳဆို


မွတ္တမ္းဓါတ္ပံု- ၂၀၁၂ တုန္းက ကုလားတန္စီမံကိန္းလုပ္ငန္းခြင္တခု

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရးအလားအလာနဲ႔ ေဒသဖြံ႔ၿဖိဳးေရးကိစၥေတြကို၊ အိႏိၵယေကာင္စစ္ဝန္ခ်ဳပ္သစ္နဲ႔ ရခိုင္အမ်ိဳးသားပါတီ (ANP) တို႔ မေန႔ညေနက ေဆြးေႏြးခဲ့ၾကပါတယ္။

စစ္ေတြက ANP ဌာနခ်ဳပ္ရံုးမွာ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔အတူ ေကာင္စစ္ဝန္ခ်ဳပ္ Dr Gautam Kumar Pandey ကို ေတြ႔ဆံုခဲ့တဲ့၊ ANP ဥကၠဌ ဦးသာထြန္းလွကို ကိုဝင္းမင္းကေမးရာမွာ အခုလိုစရွင္းျပပါတယ္။

ဦးသာထြန္းလွ။ ။ အိႏိၵယေကာင္စစ္ဝန္က ဒီကိုေရာက္လာတာ ၆ လေလာက္ရွိၿပီလို႔ ေျပာတယ္။ အိႏိၵယေကာင္စစ္ဝန္ေဟာင္း မဟုတ္ပဲနဲ႔ အခုက အသစ္ သူေရာက္လာတာ ၆ လေလာက္ရွိၿပီလို႔။ COVID ေၾကာင့္ ပါတီကိုလာၿပီးေတြ႔ဆံုလို႔ မရဘူး။ အခု ေရြးေကာက္ပြဲမွာ လည္း ANP ကအႏိုင္ရတယ္ဆိုေတာ့ အဲဒါကို ႀကိဳဆိုတဲ့အေၾကာင္းနဲ႔ သူကိုယ္တိုင္လည္း အခုလို လာေတြ႔ၿပီး ႏႈတ္ဆက္ပါတယ္ဆိုတာကို လာေျပာတာပါ။ ဂုဏ္ျပဳပါတယ္ဆိုတဲ့အေၾကာင္းလည္း ေျပာခဲ့ပါတယ္။ ရခိုင္မွာ က်ေနာ္တို႔ ANP ရခိုင္အမ်ိဳးသား ပါတီက တစံုတရာ အင္အားရွိတဲ့ ပါတီတခုအေနနဲ႔ သူတို႔ လာေတြ႔တဲ့ အစည္းအေ၀းျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ဥကၠ႒ႀကီးတို႔ ဘက္ကေရာ ဘာေတြ ျပန္ရွင္းျပျဖစ္ခဲ့သလဲ။

ဦးသာထြန္းလွ။ ။ က်ေနာ္တို႔ဘက္ကလည္း အဲဒီလို လာၿပီး လာေတြ႔တဲ့အတြက္ ႏႈတ္ဆက္တဲ့အတြက္ ေက်းဇူးတင္တဲ့အေၾကာင္း၊ ႀကိဳဆိုတဲ့အေၾကာင္းကိုက်ေနာ္တို႔ ျပန္ေျပာလိုက္ပါတယ္။ ၿပီးရင္ ရခိုင္ကလည္း အိႏိၵယနဲ႔ နယ္စပ္ေဒသျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ဘက္ကလည္း အိႏိၵယနဲ႔ ျမန္မာႏိုင္ငံနဲ႔ ဆိုင္တဲ့ က်ေနာ္တို႔ ဆက္ဆံေရးေတြ ပိုၿပီးေကာင္းမြန္ေအာင္ ပိုၿပီးတည္ေဆာက္ဖို႔ ဆႏၵရွိတဲ့အေၾကာင္းကိုလည္း က်ေနာ္တို႔ေျပာပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေနာက္ထပ္ေရာ သူတို႔ဘက္က ထူးထူးျခားျခားေျပာခဲ့တာ ရွိေသးသလား။

ဦးသာထြန္းလွ။ ။ သူတို႔ ေျပာတာကေတာ့ ေရြးေကာက္ပြဲမွာ ANP ပါတီက ရခိုင္ျပည္နယ္မွာ အမ်ားစု အႏိုင္ရထားတဲ့ ပါတီျဖစ္တယ္ဆိုတာလည္း သူတို႔ သိတယ္လို႔ ေျပာပါတယ္။ အရင္တုန္းကလည္း ရခိုင္ျပည္နယ္မွာ အမ်ားစု အႏိုင္ရခဲ့ေပမယ့္ အစိုးရဖြြဲ႔ခြင့္မရခဲ့ဘူး ဆိုတာလည္း သူတို႔သိတယ္လို႔ ေျပာပါတယ္။ သူတို႔က ရခိုင္ျပည္နယ္နဲ႔ အိႏိၵယနဲ႔ ထိေတြ႔ဆက္ဆံမႈ ေကာင္းေကာင္းမြန္မြန္ရွိဖို႔နဲ႔ ဘာပဲေျပာေျပာ ရခိုင္ျပည္နယ္မွာလည္း ကုလားတန္ project က အိႏိၵယက ရင္းႏွီးျမွဳပ္ႏွံမႈေတြ ရွိတဲ့အတြက္ ဆက္ဆံမႈကို ေကာင္းမြန္ေအာင္ သူတို႔ဘက္ကလည္း ရခိုင္နဲ႔ ဆက္ဆံဖို႔ ေျပာပါတယ္။ ျပီးရင္ ဒီဘက္မွာ ရခိုင္ျပည္နယ္မွာ စီးပြားေရးလုပ္ေနတဲ့ အုပ္စုေတြနဲ႔လည္း အိႏိၵယေကာင္စစ္ဝန္ရံုးဆိုတာက စစ္ေတြမွာ ရွိေနတာ ၊ သူတို႔နဲ႔လည္း ထိေတြ႔ဆက္ဆံေဆြးေႏြးမႈေတြ ရွိပါတယ္ဆိုတဲ့အေၾကာင္းေတြ ေျပာခဲ့တာေတြရွိတယ္။ ေနာက္တခုက အိႏိၵယ အစိုးရအေနနဲ႔လည္း ရခိုင္ျပည္နယ္မွာ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ ကို ပံ႔ပိုးမႈေတြ ရွိတယ္ဆိုတဲ့အေၾကာင္းကိုလည္း သူတို႔အဲဒါကို ေျပာခဲ့တာလည္း ရွိပါတယ္။

ကို၀င္းမင္း။ ။ဟုတ္ကဲ့ ပါတီဘက္ကေရာ ထူးထူးျခားျခားျပန္ရွင္းျပခဲ့တာ ရွိေသးလား။

ဦးသာထြန္းလွ။ ။ က်ေနာ္တို႔ကေတာ့ အိႏိၵယအစိုးရက ဒီဘက္မွာ ရင္းႏွီးျမွဳပ္ႏွံမႈေတြလုပ္ေနတာ ကုလားတန္ project စီမံကိန္းအေပၚမွာ ဒါကေတာ့ အိႏိၵယနဲ႔ ရခိုင္ကလည္း ကူးလူးဆက္ဆံမႈ ဒီလမ္းေၾကာင္း ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္သြားရင္ ေဒသခံ ျပည္သူေတြအေနနဲ႔လည္း ဖြံ႔ၿဖိဳးမႈ လုပ္ငန္းေတြ တစံုတရာ ရွိလာလိမ့္မယ္ဆုိတာကို က်ေနာ္တို႔လည္း ယံုၾကည္ပါတယ္ဆိုတဲ့အေၾကာင္းကို အဲဒါကို ရွင္းျပလိုက္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေနာက္တခုကေလ အခု AA ရခိုင္တပ္မေတာ္နဲ႔ ျမန္မာတပ္မေတာ္နဲ႔ ေဆြးေႏြးညိွႏိႈင္းမႈေတြ တစံုတရာ ျဖစ္လာတဲ့ အေပၚမွာေရာ ေဆြးေႏြးျဖစ္ၾကေသးလား။

ဦးသာထြန္းလွ။ ။ ဂ်ပန္က Mr. Sasakawa ေရာက္လာတဲ့အေပၚမွာလည္း သူတို႔က ေတြ႔ဆံုေဆြးေႏြး ၿပီး ဒီရခိုင္မွာ ခက္ခဲမႈေတြ မရွိပဲနဲ႔ တည္ၿငိမ္တဲ့အေျခအေနေပၚမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္တာကိုလည္း သူတို႔ ၀မ္းသားတဲ့အေၾကာင္း သူတို႔ ေျပာသြားပါတယ္။ ၿပီးရင္ ဒီ အိႏိၵယ အစိုးရအေနနဲ႔လည္း ဂ်ပန္အစိုးရနဲ႔ ရင္းရင္းႏွီးႏွီး ထိေတြ႔ဆက္ဆံမႈေတြ ရွိတယ္ဆိုတဲ့အေၾကာင္းလည္း ေျပာသြားခဲ့တာလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဖြစ်ထွန်းလာနိုင်တဲ့ ရခိုင်အလားအလာကောင်းကို အိန္ဒိယ ကြိုဆို

(Unicode)

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအလားအလာနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို၊ အိန္ဒိယကောင်စစ်ဝန်ချုပ်သစ်နဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့ မနေ့ညနေက ဆွေးနွေးခဲ့ကြပါတယ်။

စစ်တွေက ANP ဌာနချုပ်ရုံးမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကောင်စစ်ဝန်ချုပ် Dr Gautam Kumar Pandey ကို တွေ့ဆုံခဲ့တဲ့၊ ANP ဥက္ကဌ ဦးသာထွန်းလှကို ကိုဝင်းမင်းကမေးရာမှာ အခုလိုစရှင်းပြပါတယ်။

ဦးသာထွန်းလှ။ ။ အိန္ဒိယကောင်စစ်ဝန်က ဒီကိုရောက်လာတာ ၆ လလောက်ရှိပြီလို့ ပြောတယ်။ အိန္ဒိယကောင်စစ်ဝန်ဟောင်း မဟုတ်ပဲနဲ့ အခုက အသစ် သူရောက်လာတာ ၆ လလောက်ရှိပြီလို့။ COVID ကြောင့် ပါတီကိုလာပြီးတွေ့ဆုံလို့ မရဘူး။ အခု ရွေးကောက်ပွဲမှာ လည်း ANP ကအနိုင်ရတယ်ဆိုတော့ အဲဒါကို ကြိုဆိုတဲ့အကြောင်းနဲ့ သူကိုယ်တိုင်လည်း အခုလို လာတွေ့ပြီး နှုတ်ဆက်ပါတယ်ဆိုတာကို လာပြောတာပါ။ ဂုဏ်ပြုပါတယ်ဆိုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။ ရခိုင်မှာ ကျနော်တို့ ANP ရခိုင်အမျိုးသား ပါတီက တစုံတရာ အင်အားရှိတဲ့ ပါတီတခုအနေနဲ့ သူတို့ လာတွေ့တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဥက္ကဋ္ဌကြီးတို့ ဘက်ကရော ဘာတွေ ပြန်ရှင်းပြဖြစ်ခဲ့သလဲ။

ဦးသာထွန်းလှ။ ။ ကျနော်တို့ဘက်ကလည်း အဲဒီလို လာပြီး လာတွေ့တဲ့အတွက် နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ကြိုဆိုတဲ့အကြောင်းကိုကျနော်တို့ ပြန်ပြောလိုက်ပါတယ်။ ပြီးရင် ရခိုင်ကလည်း အိန္ဒိယနဲ့ နယ်စပ်ဒေသဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း အိန္ဒိယနဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကျနော်တို့ ဆက်ဆံရေးတွေ ပိုပြီးကောင်းမွန်အောင် ပိုပြီးတည်ဆောက်ဖို့ ဆန္ဒရှိတဲ့အကြောင်းကိုလည်း ကျနော်တို့ပြောပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ထပ်ရော သူတို့ဘက်က ထူးထူးခြားခြားပြောခဲ့တာ ရှိသေးသလား။

ဦးသာထွန်းလှ။ ။ သူတို့ ပြောတာကတော့ ရွေးကောက်ပွဲမှာ ANP ပါတီက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရထားတဲ့ ပါတီဖြစ်တယ်ဆိုတာလည်း သူတို့ သိတယ်လို့ ပြောပါတယ်။ အရင်တုန်းကလည်း ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့ခွင့်မရခဲ့ဘူး ဆိုတာလည်း သူတို့သိတယ်လို့ ပြောပါတယ်။ သူတို့က ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနဲ့ ထိတွေ့ဆက်ဆံမှု ကောင်းကောင်းမွန်မွန်ရှိဖို့နဲ့ ဘာပဲပြောပြော ရခိုင်ပြည်နယ်မှာလည်း ကုလားတန် project က အိန္ဒိယက ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့အတွက် ဆက်ဆံမှုကို ကောင်းမွန်အောင် သူတို့ဘက်ကလည်း ရခိုင်နဲ့ ဆက်ဆံဖို့ ပြောပါတယ်။ ပြီးရင် ဒီဘက်မှာ ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်နေတဲ့ အုပ်စုတွေနဲ့လည်း အိန္ဒိယကောင်စစ်ဝန်ရုံးဆိုတာက စစ်တွေမှာ ရှိနေတာ ၊ သူတို့နဲ့လည်း ထိတွေ့ဆက်ဆံဆွေးနွေးမှုတွေ ရှိပါတယ်ဆိုတဲ့အကြောင်းတွေ ပြောခဲ့တာတွေရှိတယ်။ နောက်တခုက အိန္ဒိယ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို ပံ့ပိုးမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့အဲဒါကို ပြောခဲ့တာလည်း ရှိပါတယ်။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ ပါတီဘက်ကရော ထူးထူးခြားခြားပြန်ရှင်းပြခဲ့တာ ရှိသေးလား။

ဦးသာထွန်းလှ။ ။ ကျနော်တို့ကတော့ အိန္ဒိယအစိုးရက ဒီဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတာ ကုလားတန် project စီမံကိန်းအပေါ်မှာ ဒါကတော့ အိန္ဒိယနဲ့ ရခိုင်ကလည်း ကူးလူးဆက်ဆံမှု ဒီလမ်းကြောင်း ချောချောမွေ့မွေ့ဖြစ်သွားရင် ဒေသခံ ပြည်သူတွေအနေနဲ့လည်း ဖွံ့ဖြိုးမှု လုပ်ငန်းတွေ တစုံတရာ ရှိလာလိမ့်မယ်ဆိုတာကို ကျနော်တို့လည်း ယုံကြည်ပါတယ်ဆိုတဲ့အကြောင်းကို အဲဒါကို ရှင်းပြလိုက်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်တခုကလေ အခု AA ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တစုံတရာ ဖြစ်လာတဲ့ အပေါ်မှာရော ဆွေးနွေးဖြစ်ကြသေးလား။

ဦးသာထွန်းလှ။ ။ ဂျပန်က Mr. Sasakawa ရောက်လာတဲ့အပေါ်မှာလည်း သူတို့က တွေ့ဆုံဆွေးနွေး ပြီး ဒီရခိုင်မှာ ခက်ခဲမှုတွေ မရှိပဲနဲ့ တည်ငြိမ်တဲ့အခြေအနေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တာကိုလည်း သူတို့ ဝမ်းသားတဲ့အကြောင်း သူတို့ ပြောသွားပါတယ်။ ပြီးရင် ဒီ အိန္ဒိယ အစိုးရအနေနဲ့လည်း ဂျပန်အစိုးရနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းလည်း ပြောသွားခဲ့တာလည်း ရှိပါတယ်။

XS
SM
MD
LG