သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ ေနာက္ဆက္တဲြ ေရြးေကာက္ပဲြ က်င္းပႏိုင္ေရး အလားအလာ


ႏုိဝင္ဘာ ၈ ရက္က က်င္းပခဲ့တဲ့ ျမန္မာ့ေရြးေကာက္ပြဲ ရန္ကုန္ၿမိဳ႕က မဲ႐ုံတခုမွာ မဲေရတြက္ေနတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္တြင္းက ေရြးေကာက္ပြဲေတြ ျပန္က်င္းပႏုိင္ေရးအတြက္ AA ရခိုင္လက္နက္ကိုင္အဖဲြ႕ေရာ ရခိုင္ပါတီေတြကပါ တိုက္တြန္းေနေပမယ့္ အခုအခ်ိန္အထိေတာ့ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြဘက္က တိတိက်က် တုံ႔ျပန္တာ မရွိေသးပါဘူး။ ေရြးေကာက္ပြဲ ျပန္က်င္းပခဲ့ရင္ မဲဆႏၵရွင္ ျပည္သူေတြရဲ႕ လံုၿခံဳေရး အထူးဂ႐ုစိုက္ေပးဖို႔ လိုမယ္လို႔လည္း ေရြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြက သတိေပးၾကပါတယ္။ အျပည့္အစုံကုိ ဗြီအုိေအ ျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲ က်င္းပခ်ိန္ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ႏုိင္ေျခမရွိဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရခိုင္ျပည္နယ္တြင္းက ၿမိဳ႕နယ္ေပါင္း ၉ ၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲက်င္းပခြင့္ ပိတ္ခဲ့တဲ့အတြက္ ရခုိင္ျပည္သူ သိန္းနဲ႔ခ်ီ ဆႏၵမဲေပးပိုင္ခြင့္ ဆံုး႐ႈံးခဲ့ရပါတယ္။ ဒါေပမယ့္ စစ္ေရးပဋိပကၡေတြ ရွိေနဆဲ ရခုိင္ျပည္နယ္တြင္းမွာ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲေတြကို အခု ဒီဇင္ဘာလတြင္းလုပ္ဖို႔ ရခိုင္လက္နက္ကိုင္တပ္ AA ရဲ႕ ကမ္းလွမ္းခ်က္ကို ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဘက္က ႀကိဳဆိုလက္ခံထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ရခုိင္ျပည္နယ္ေန႔မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဘက္ကေရာ ႏုိင္ငံေတာ္သမၼတဘက္ကပါ ရခုိင္ျပည္နယ္တြင္း ေရြးေကာက္ပြဲေတြ ျပန္လည္က်င္းပေရး ဝိုင္းဝန္းကူညီေပးၾကဖို႔ သဝဏ္လႊာေပးပို႔ၿပီး အသီးသီး တိုက္တြန္းၾကပါတယ္။ ဒီေတာ့ ရခုိင္ျပည္နယ္တြင္း ေနာက္ဆက္တြဲ ေရြးေကာက္ပြဲေတြ ျပန္က်င္းပႏိုင္ေရး ဘယ္လိုအေျခအေန ရွိေနပါသလဲ။ ANP ရခုိင္အမ်ိဳးသားပါတီရဲ႕ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္လည္းျဖစ္ ေရြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့ ၿမိဳ႕နယ္တၿမိဳ႕နယ္ျဖစ္တဲ့ ေျမပံုၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကို္ယ္စားလွယ္ ဦးေဖသန္းက ရခုိင္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရးဟာ ေရြးေကာက္ပြဲေတြ ျပန္လည္က်င္းပႏုိင္ေရးအေပၚ မူတည္တယ္လို႔ ဆိုပါတယ္။

"ႏွစ္ဖက္အဖြဲ႔အစည္းကလည္း ကူညီမယ္၊ ညိႇႏိႈင္းေဆာင္ရြက္ေပးမယ္ဆိုေတာ့ ေျမျပင္အေျခအေနကေတာ့ ေရြးေကာက္ပြဲလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ။ ရခုိင္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ဘက္ကလည္း သူတို႔မွာ အဆင္သင့္ျဖစ္တယ္လို႔ ေျပာတယ္။ က်ေနာ္တို႔ ေရွ႕ဆက္သြားမယ့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚကို သူတို႔ဟာ ဒီေရြးေကာက္ပြဲ ေတာင္းဆိုခ်က္အေပၚမွာ ဒီဆံုမွတ္တခု ေခါင္းစဥ္တခုရၿပီး ညီညြတ္သြားၾကတယ္လို႔ ျမင္တယ္။ AA ရယ္ တပ္မေတာ္ရယ္ ဒီလိုအခ်ိန္အခါမွာ သေဘာထားေပ်ာ့ေျပာင္းၿပီး ညီညြတ္ေနတဲ့အခ်ိန္မွာ အစိုးရဘက္က နည္းနည္း ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ တြန္းအား တိုက္အားေတြနဲ႔ သြားမယ္ဆိုရင္ ေရွ႕ဆက္ၿပီးေတာ့ က်ေနာ္တို႔ ရခုိင္ျပည္နယ္ဟာ တကယ့္ကို ၿငိမ္းခ်မ္းတဲ့ ေနရာေတြ ျဖစ္လာမယ္လို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ေနၾကတာပါ။ အဲ့ဒီ့အေပၚမွာ ဒီေရြးေကာက္ပြဲကုိ အခုက ဘယ္သူ႔မွာ တာဝန္ရွိမွန္းလည္းမသိ၊ ေရြးေကာက္ပြဲေကာ္မရွင္ (UEC) ကလည္း ဘာမွလည္းမေျပာ၊ အစိုးရကလည္း ဘာမွမေျပာဘူး။ အဲ့ဒါေၾကာင့္ ဒါမ်ိဳးကို အစိုးရဘက္က သဝဏ္လႊာေလးနဲ႔ပဲ က်ေနာ္တို႔ကို ႏွစ္သိမ့္ေနတယ္ဆိုရင္ေတာ့ ေရွ႕ဆက္ၿပီးေတာ့ ရလဒ္ေကာင္းေတြ ရလာမွာ မဟုတ္ဘူးလို႔ က်ေနာ္တို႔ သံုးသပ္မိတယ္။"

ေရြးေကာက္ပြဲ မက်င္းပႏုိင္ခဲ့တဲ့ ၿမိဳ႕နယ္ထဲက ေနာက္တၿမိဳ႕ျဖစ္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရခိုင္ျပည္နယ္ရဲ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစီကလည္း အစိုးရ ထိပ္သီးေခါင္းေဆာင္ေတြဘက္က ရခိုင့္အေရး သဝဏ္လႊာေတြ ေပးပို႔ေနတာနဲ႔တင္ မဟုတ္ဘဲ အမွန္တကယ္ လက္ေတြ႔က်တဲ့ ေဆာင္ရြက္ခ်က္ေတြနဲ႔ မဲေပးခြင့္ ဆံုး႐ႈံးခဲ့ရတဲ့ ရခုိင္ျပည္သူေတြအေရး လက္ေတြ႔အေကာင္အထည္ေဖာ္ပါလို႔ ဆိုပါတယ္။

"သေဘာထားႀကီးႀကီးနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီးေတာ့ ေရြးေကာက္ပြဲေတြ ျပန္က်င္းပဖို႔ လိုလားၾကတာေပါ့ေနာ္။ အစိုးရတရပ္အေနနဲ႔ တုိင္းျပည္တခု တည္ၿငိမ္ေအးခ်မ္းဖို႔အတြက္ လက္နက္ကိုင္ေတြ အခ်င္းခ်င္းေတာင္မွ လမ္းေၾကာင္းေတြနဲ႔ ညႇိႏိႈင္းေဆာင္ရြက္ေနတာေတြ ရွိတယ္။ အစိုးရဘက္က သေဘာထားႀကီးႀကီးနဲ႔ ေရြးေကာက္ပြဲေတြ ျပန္က်င္းပဖို႔ ဆႏၵေတြ ထုတ္ေဖာ္ျပသလာတဲ့အခါမွာ အစိုးရတရပ္ကလည္း သေဘာထားႀကီးႀကီးနဲ႔ ႏုိင္ငံေရးပဋိပကၡတခုကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အေကာင္အထည္ေဖာ္ဖို႔ လမ္းစျဖစ္တယ္လို႔။ ဒီမိုကေရစီႏုိင္ငံတခုမွာ ႏုိင္ငံသားေတြရဲ႕ ေမြးရာပါ အခြင့္အေရးျဖစ္တဲ့ ႏုိင္ငံနဲ႔ပတ္သက္တဲ့ ျပည္နယ္နဲ႔ပတ္သက္တဲ့ တိုင္းေဒသႀကီးနဲ႔ပတ္သက္တဲ့ ဒီမဲျပားတျပားကိုေတာ့ အေျခခံက်က် ေပးပိုင္ခြင့္ရွိရမယ္ဗ်။ က်ေနာ္တို႔မွာ ေမြးရာပါ အေျခခံက်တဲ့ အခြင့္အေရးေတာင္မွ ဆံုး႐ႈံးတယ္ဆိုရင္ ရခုိင္ျပည္နယ္တြင္းမွာ က်န္တဲ့အခြင့္အေရးေတြကို ဘယ္လိုစဥ္းစားလို႔ ရမလဲဗ်။"

ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေနတဲ့ New Myanmar Foundation ရဲ႕ အမႈေဆာင္ဒါ႐ုိက္တာ မျမနႏၵာသင္းက တကယ္လို႔ ရခိုင္ျပည္နယ္တြင္းက ေနာက္ဆက္တြဲ ေရြးေကာက္ပြဲေတြ ျပန္လုပ္ျဖစ္ခဲ့ရင္ ေရြးေကာက္ပြဲေကာ္မရွင္ဘက္က မဲ႐ုံေတြနဲ႔ မဲဆႏၵရွင္ ျပည္သူေတြရဲ႕ လံုၿခံဳေရး အထူးသတိထား ေဆာင္ရြက္သင့္သလို အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြနဲ႔ ေရြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြနဲ႔လည္း ေတြ႔ဆံုေဆြးေႏြး အေျဖရွာသင့္တယ္လို႔ အႀကံေပးပါတယ္။

"ေရြးေကာက္ပြဲျပန္လုပ္မယ္လို႔ ေျပာလာၾကတယ္။ တိုက္တြန္းတာ ၾကားလာရတာကေတာ့ ႀကိဳဆိုရမွာေပါ့ေလ။ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲေပးခြင့္မရလိုက္တဲ့ တုိင္းရင္းသားေတြအတြက္ ေကာင္းတယ္လို႔ က်မတို႔ ယူဆတယ္။ ဒါေပမယ့္ တခုပဲရွိတာကေတာ့ ဒီလိုမ်ိဳးေဒသေတြမွာ ေရြးေကာက္ပြဲေတြ တခါျပန္လုပ္မယ္ဆိုရင္ေတာ့ အပစ္အခတ္ ရပ္စဲထားဖို႔ဆိုတဲ့ အေျခအေနေတြ ကတိကဝတ္ေတြကို လုပ္ေဆာင္ေပးဖို႔ လိုအပ္မယ္။ ေနာက္ စစ္ေဘးေရွာင္စခန္းေတြက မဲစာရင္းကိစၥေတြ ေသခ်ာလုပ္ေပးဖို႔နဲ႔ ေနာက္ၿပီး အေသအခ်ာ စနစ္တက်နဲ႔ မဲဆႏၵရွင္ ျပည္သူေတြရဲ႕လံုၿခံဳေရးအတြက္ကိုလည္း အာမခံေပးႏုိင္မယ္ဆိုရင္ ပိုၿပီးေကာင္းတာေပါ့ေနာ္။

“အထူးသျဖင့္ မဲဆႏၵရွင္ေတြရဲ႕ က်န္းမာေရး၊ အခုက ကိုဗစ္ကာလလည္း ျဖစ္ေနေသးတယ္ဆိုေတာ့ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အာမခံခ်က္ေတြ ေပးဖို႔လိုတယ္။ အားလံုး ပူးေပါင္းေဆာင္ရြက္ၿပီး လုပ္ေဆာင္သင့္တယ္။ အထူးသျဖင့္ေတာ့ အဲ့ဒီ့ေဒသမွာရွိတဲ့ ေရြးေကာက္ပြဲေကာ္မရွင္ေတြ အေနနဲ႔လည္း ႀကိဳတင္ေဆြးေႏြးပြဲေတြ လုပ္သင့္ပါတယ္။ ဥပမာ လူမ်ိဳးေရး ဘာသာေရး ပဋိပကၡ သို႔တည္းမဟုတ္ လံုၿခံဳေရးအေျခအေနနဲ႔ ပတ္သက္လို႔ ကာကြယ္မႈေတြက ဘာေတြရွိမလဲ ဆိုတာကို အဲ့လို ဒီလိုအေျခအေနမ်ိဳးေတြကို ေတြ႔ဆံုေဆြးေႏြးမႈေတြကို မၾကာခဏလုပ္ၿပီး ေသခ်ာလုပ္ေဆာင္သင့္ပါတယ္။"

ရခုိင္ျပည္နယ္တြင္း ေရြးေကာက္ပြဲ မက်င္းပႏုိင္ခဲ့တဲ့ မဲဆႏၵနယ္ေျမေတြကေတာ့ ေပါက္ေတာ၊ ပုဏၰားကၽြန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေျမာက္ဦးၿမိဳ႕နယ္ စတဲ့ ၿမိဳ႕နယ္ေပါင္း ၉ ၿမိဳ႕နယ္လံုးကၽြတ္နဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္က ရပ္ကြက္ ၂ ေက်းရြာအုပ္စု ၅၂ အုပ္စု၊ အမ္းၿမိဳ႕နယ္က ရပ္ကြက္ ၃ ေက်းရြာအုပ္စု ၂၉ အုပ္စု၊ စစ္ေတြၿမိဳ႕က ေက်းရြာအုပ္စု ၄ အုပ္စု၊ ေတာင္ကုတ္ၿမိဳ႕နယ္က ရပ္ကြက္ ၁၀ ရပ္ကြက္ ေက်းရြာအုပ္စု ၅၂ အုပ္စုေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ရခိုင်ပြည်နယ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအလားအလာ

ရခိုင်ပြည်နယ်တွင်းက ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေးအတွက် AA ရခိုင်လက်နက်ကိုင်အဖွဲ့ရော ရခိုင်ပါတီတွေကပါ တိုက်တွန်းနေပေမယ့် အခုအချိန်အထိတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဘက်က တိတိကျကျ တုံ့ပြန်တာ မရှိသေးပါဘူး။ ရွေးကောက်ပွဲ ပြန်ကျင်းပခဲ့ရင် မဲဆန္ဒရှင် ပြည်သူတွေရဲ့ လုံခြုံရေး အထူးဂရုစိုက်ပေးဖို့ လိုမယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက သတိပေးကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပချိန် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ခဲ့တဲ့အတွက် ရခိုင်ပြည်သူ သိန်းနဲ့ချီ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် စစ်ရေးပဋိပက္ခတွေ ရှိနေဆဲ ရခိုင်ပြည်နယ်တွင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေကို အခု ဒီဇင်ဘာလတွင်းလုပ်ဖို့ ရခိုင်လက်နက်ကိုင်တပ် AA ရဲ့ ကမ်းလှမ်းချက်ကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က ကြိုဆိုလက်ခံထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရခိုင်ပြည်နယ်နေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်ကရော နိုင်ငံတော်သမ္မတဘက်ကပါ ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပရေး ဝိုင်းဝန်းကူညီပေးကြဖို့ သဝဏ်လွှာပေးပို့ပြီး အသီးသီး တိုက်တွန်းကြပါတယ်။ ဒီတော့ ရခိုင်ပြည်နယ်တွင်း နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေး ဘယ်လိုအခြေအနေ ရှိနေပါသလဲ။ ANP ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တမြို့နယ်ဖြစ်တဲ့ မြေပုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဟာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေးအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

"နှစ်ဖက်အဖွဲ့အစည်းကလည်း ကူညီမယ်၊ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတော့ မြေပြင်အခြေအနေကတော့ ရွေးကောက်ပွဲလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း သူတို့မှာ အဆင်သင့်ဖြစ်တယ်လို့ ပြောတယ်။ ကျနော်တို့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို သူတို့ဟာ ဒီရွေးကောက်ပွဲ တောင်းဆိုချက်အပေါ်မှာ ဒီဆုံမှတ်တခု ခေါင်းစဉ်တခုရပြီး ညီညွတ်သွားကြတယ်လို့ မြင်တယ်။ AA ရယ် တပ်မတော်ရယ် ဒီလိုအချိန်အခါမှာ သဘောထားပျော့ပြောင်းပြီး ညီညွတ်နေတဲ့အချိန်မှာ အစိုးရဘက်က နည်းနည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ တွန်းအား တိုက်အားတွေနဲ့ သွားမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ တကယ့်ကို ငြိမ်းချမ်းတဲ့ နေရာတွေ ဖြစ်လာမယ်လို့ ကျနော်တို့က မျှော်လင့်နေကြတာပါ။ အဲ့ဒီ့အပေါ်မှာ ဒီရွေးကောက်ပွဲကို အခုက ဘယ်သူ့မှာ တာဝန်ရှိမှန်းလည်းမသိ၊ ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ဘာမှလည်းမပြော၊ အစိုးရကလည်း ဘာမှမပြောဘူး။ အဲ့ဒါကြောင့် ဒါမျိုးကို အစိုးရဘက်က သဝဏ်လွှာလေးနဲ့ပဲ ကျနော်တို့ကို နှစ်သိမ့်နေတယ်ဆိုရင်တော့ ရှေ့ဆက်ပြီးတော့ ရလဒ်ကောင်းတွေ ရလာမှာ မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်မိတယ်။"

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်ထဲက နောက်တမြို့ဖြစ်တဲ့ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစီကလည်း အစိုးရ ထိပ်သီးခေါင်းဆောင်တွေဘက်က ရခိုင့်အရေး သဝဏ်လွှာတွေ ပေးပို့နေတာနဲ့တင် မဟုတ်ဘဲ အမှန်တကယ် လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ မဲပေးခွင့် ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေအရေး လက်တွေ့အကောင်အထည်ဖော်ပါလို့ ဆိုပါတယ်။

"သဘောထားကြီးကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ လိုလားကြတာပေါ့နော်။ အစိုးရတရပ်အနေနဲ့ တိုင်းပြည်တခု တည်ငြိမ်အေးချမ်းဖို့အတွက် လက်နက်ကိုင်တွေ အချင်းချင်းတောင်မှ လမ်းကြောင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိတယ်။ အစိုးရဘက်က သဘောထားကြီးကြီးနဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ ဆန္ဒတွေ ထုတ်ဖော်ပြသလာတဲ့အခါမှာ အစိုးရတရပ်ကလည်း သဘောထားကြီးကြီးနဲ့ နိုင်ငံရေးပဋိပက္ခတခုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကောင်အထည်ဖော်ဖို့ လမ်းစဖြစ်တယ်လို့။ ဒီမိုကရေစီနိုင်ငံတခုမှာ နိုင်ငံသားတွေရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ ပြည်နယ်နဲ့ပတ်သက်တဲ့ တိုင်းဒေသကြီးနဲ့ပတ်သက်တဲ့ ဒီမဲပြားတပြားကိုတော့ အခြေခံကျကျ ပေးပိုင်ခွင့်ရှိရမယ်ဗျ။ ကျနော်တို့မှာ မွေးရာပါ အခြေခံကျတဲ့ အခွင့်အရေးတောင်မှ ဆုံးရှုံးတယ်ဆိုရင် ရခိုင်ပြည်နယ်တွင်းမှာ ကျန်တဲ့အခွင့်အရေးတွေကို ဘယ်လိုစဉ်းစားလို့ ရမလဲဗျ။"

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ New Myanmar Foundation ရဲ့ အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်းက တကယ်လို့ ရခိုင်ပြည်နယ်တွင်းက နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ပြန်လုပ်ဖြစ်ခဲ့ရင် ရွေးကောက်ပွဲကော်မရှင်ဘက်က မဲရုံတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လုံခြုံရေး အထူးသတိထား ဆောင်ရွက်သင့်သလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့ အကြံပေးပါတယ်။

"ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ပြောလာကြတယ်။ တိုက်တွန်းတာ ကြားလာရတာကတော့ ကြိုဆိုရမှာပေါ့လေ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရလိုက်တဲ့ တိုင်းရင်းသားတွေအတွက် ကောင်းတယ်လို့ ကျမတို့ ယူဆတယ်။ ဒါပေမယ့် တခုပဲရှိတာကတော့ ဒီလိုမျိုးဒေသတွေမှာ ရွေးကောက်ပွဲတွေ တခါပြန်လုပ်မယ်ဆိုရင်တော့ အပစ်အခတ် ရပ်စဲထားဖို့ဆိုတဲ့ အခြေအနေတွေ ကတိကဝတ်တွေကို လုပ်ဆောင်ပေးဖို့ လိုအပ်မယ်။ နောက် စစ်ဘေးရှောင်စခန်းတွေက မဲစာရင်းကိစ္စတွေ သေချာလုပ်ပေးဖို့နဲ့ နောက်ပြီး အသေအချာ စနစ်တကျနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့လုံခြုံရေးအတွက်ကိုလည်း အာမခံပေးနိုင်မယ်ဆိုရင် ပိုပြီးကောင်းတာပေါ့နော်။

“အထူးသဖြင့် မဲဆန္ဒရှင်တွေရဲ့ ကျန်းမာရေး၊ အခုက ကိုဗစ်ကာလလည်း ဖြစ်နေသေးတယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အာမခံချက်တွေ ပေးဖို့လိုတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်သင့်တယ်။ အထူးသဖြင့်တော့ အဲ့ဒီ့ဒေသမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်တွေ အနေနဲ့လည်း ကြိုတင်ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်။ ဥပမာ လူမျိုးရေး ဘာသာရေး ပဋိပက္ခ သို့တည်းမဟုတ် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်မှုတွေက ဘာတွေရှိမလဲ ဆိုတာကို အဲ့လို ဒီလိုအခြေအနေမျိုးတွေကို တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခဏလုပ်ပြီး သေချာလုပ်ဆောင်သင့်ပါတယ်။"

ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ် စတဲ့ မြို့နယ်ပေါင်း ၉ မြို့နယ်လုံးကျွတ်နဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့က ကျေးရွာအုပ်စု ၄ အုပ်စု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၅၂ အုပ်စုတွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG