(Zawgyi / Unicode)
အိႏၵိယႏုိင္ငံတဝန္းမွာ ငွက္တုပ္ေကြး ပ်ံ႕ႏွံ႔ ျဖစ္ပြားေနတာေၾကာင့္ ၿမိဳ႕ေတာ္ နယူးေဒလီမွာ ၾကက္အရွင္ တင္သြင္းမႈကို ဇန္နဝါရီလ ၉ ရက္ စေနေန႔မွာ တားျမစ္လုိက္ၿပီး အႀကီးဆံုး ၾကက္ဘဲေစ်းႀကီးကိုလည္း ပိ္တ္လိုက္ပါတယ္။
ေဒလီကို ၾကက္အရွင္တင္ပို႔မႈ ပိတ္လိုက္ေၾကာင္း၊ တျခားေဒသေတြက ၾကက္အရွင္ေတြ ေဒလီကို တင္ပို႔မႈကို ခြင့္ျပဳမွာ မဟုတ္ေၾကာင္းနဲ႔ ၾကက္ေစ်းကိုလည္း ၁၀ ရက္ၾကာ ပိတ္ထားမယ့္အေၾကာင္း ေဒလီအုပ္ခ်ဳပ္ေရးမွဴး Arvind Kejriwal က ေျပာသြားတာပါ။
Madhya Pradesh, Rajasthan, Himachal Pradesh နဲ႔ Kerala ျပည္နယ္တို႔မွာ ၾကက္ငွက္တုပ္ေကြး စခဲ့တာလို႔လည္း ျပည္ေထာင္စုအစိုးရက ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
နယူးေဒလီၿမဳိ႕ေတာ္မွာ ၿပီးခဲ့တဲ့ ၄ ရက္တာကာလအတြင္း က်ီးကန္းေတြနဲ႔ ဘဲေတြ အပါအဝင္ ၾကက္ ငွက္ အေကာင္ေရ ၂၀၀ ေလာက္ ေသဆံုးခဲ့တယ္လို႔လည္း သတင္းေတြက ေဖာ္ျပၾကပါတယ္။ ေသဆံုးတဲ့ ၾကက္ ငွက္ေတြရဲ႕ နမူနာေတြကို ဓာတ္ခြဲစစ္ေဆးဖို႔ ပို႔ေဆာင္ထားၿပီး ၾကက္ငွက္တုပ္ေကြး ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ေရး အစိုးရက သတိႀကီးႀကီးထားၿပီး ေဆာင္ရြက္ေနေၾကာင္းလည္း ေဒလီၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးမွဴး Arvind Kejriwal က ေျပာပါတယ္။
ကမၻာတလႊား ငွက္တုပ္ေကြးဗိုင္းရပ္စ္ ျဖစ္ပြားမႈက ရာစုႏွစ္နဲ႔ခ်ီ ရွိခဲ့ပါၿပီ။ အိႏၵိယမွာေတာ့ ၂၀၀၆ ခုႏွစ္က ပထမဆံုးအႀကိမ္ ကူးစက္ျဖစ္ပြားေၾကာင္း ေျပာဆိုထားပါတယ္။ ငွက္တုပ္ေကြးဗိုင္းရပ္စ္က ကူးစက္ပ်ံ႕ႏွံ႔ေပမယ့္လည္း အိႏၵိယမွာေတာ့ လူကို ကူးစက္ခံရတယ္ဆိုတဲ့ အစီရင္ခံခ်က္ေတာ့ မရွိပါဘူး။
-----------------------
(Unicode)
ငှက်တုပ်ကွေးအန္တရာယ်ကြောင့် နယူးဒေလီမှာ ကြက်ဘဲရောင်းချမှု ပိတ်ပင်
အိန္ဒိယနိုင်ငံတဝန်းမှာ ငှက်တုပ်ကွေး ပျံ့နှံ့ ဖြစ်ပွားနေတာကြောင့် မြို့တော် နယူးဒေလီမှာ ကြက်အရှင် တင်သွင်းမှုကို ဇန်နဝါရီလ ၉ ရက် စနေနေ့မှာ တားမြစ်လိုက်ပြီး အကြီးဆုံး ကြက်ဘဲဈေးကြီးကိုလည်း ပိတ်လိုက်ပါတယ်။
ဒေလီကို ကြက်အရှင်တင်ပို့မှု ပိတ်လိုက်ကြောင်း၊ တခြားဒေသတွေက ကြက်အရှင်တွေ ဒေလီကို တင်ပို့မှုကို ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ ကြက်ဈေးကိုလည်း ၁၀ ရက်ကြာ ပိတ်ထားမယ့်အကြောင်း ဒေလီအုပ်ချုပ်ရေးမှူး Arvind Kejriwal က ပြောသွားတာပါ။
Madhya Pradesh, Rajasthan, Himachal Pradesh နဲ့ Kerala ပြည်နယ်တို့မှာ ကြက်ငှက်တုပ်ကွေး စခဲ့တာလို့လည်း ပြည်ထောင်စုအစိုးရက ကြေညာချက်မှာ ပြောဆိုထားပါတယ်။
နယူးဒေလီမြို့တော်မှာ ပြီးခဲ့တဲ့ ၄ ရက်တာကာလအတွင်း ကျီးကန်းတွေနဲ့ ဘဲတွေ အပါအဝင် ကြက် ငှက် အကောင်ရေ ၂၀၀ လောက် သေဆုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။ သေဆုံးတဲ့ ကြက် ငှက်တွေရဲ့ နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပြီး ကြက်ငှက်တုပ်ကွေး ပျံ့နှံ့မှုကို ထိန်းချုပ်ရေး အစိုးရက သတိကြီးကြီးထားပြီး ဆောင်ရွက်နေကြောင်းလည်း ဒေလီမြို့တော် အုပ်ချုပ်ရေးမှူး Arvind Kejriwal က ပြောပါတယ်။
ကမ္ဘာတလွှား ငှက်တုပ်ကွေးဗိုင်းရပ်စ် ဖြစ်ပွားမှုက ရာစုနှစ်နဲ့ချီ ရှိခဲ့ပါပြီ။ အိန္ဒိယမှာတော့ ၂၀၀၆ ခုနှစ်က ပထမဆုံးအကြိမ် ကူးစက်ဖြစ်ပွားကြောင်း ပြောဆိုထားပါတယ်။ ငှက်တုပ်ကွေးဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့ပေမယ့်လည်း အိန္ဒိယမှာတော့ လူကို ကူးစက်ခံရတယ်ဆိုတဲ့ အစီရင်ခံချက်တော့ မရှိပါဘူး။