သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်နဲ့ကမ္ဘောဒီးယား ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ


ဗီယက်နမ်နဲ့ကမ္ဘောဒီးယား ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ
ဗီယက်နမ်နဲ့ကမ္ဘောဒီးယား ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ

ဗီယက်နမ်နိုင်ငံမှာ ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘဲခြံအလုပ်သမားတယောက် ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ သေဆုံးသွားခဲ့သလို အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာလည်း ဒီရောဂါကြောင့် လူတဦး သေဆုံးခဲ့ရကြောင်း ပြောပါတယ်။

မဲခေါင်မြစ်ဝှမ်း တောင်ပိုင်းဒေသက အသက် ၁၈ နှစ်အရွယ် ဘဲခြံလုပ်သား တဦးဟာ အပြင်းဖျားပြီး အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ကြုံခဲ့ရာက ကြာသပတေးနေ့ကပဲ သေဆုံးခဲ့တဲ့အကြောင်း ဗီယက်နမ် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း မွေးမြူရေးခြံက ဘဲတွေကနေ ကူးစက်တာ ဟုတ်မဟုတ်ကိုတော့ စစ်ဆေးသူတွေ အတည်မပြုနိုင်သေးပါဘူး။ ကမ္ဘောဒီးယား နိုင်ငံမှာတော့ ရောဂါရနေတဲ့ တိရစ္ဆာန်အသေကတဆင့် ကူးစက်ပြီး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ၂ နှစ်အရွယ် ယောက်ျားလေး တဦး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ဟာ ရောဂါရနေတဲ့ တိရစ္ဆာန်ကို တိုက်ရိုက်ထိတွေ့မှုကတဆင့်သာ လူကို ကူးစက်တတ်လေ့ ရှိပါတယ်။ H5 N1 အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါကို စတင်တွေ့ရှိခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကစလို့ ကမ္ဘာတဝှမ်း လူပေါင်း ၃၄ဝ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG