သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ သန်း ၁၀၀ ပြည့်တော့မည်


ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၁၈၊ ၂၀၂၁)
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာ တနှစ်ရှိလာချိန်မှာ ဒီရောဂါပိုး ကူးစက်ခံရသူက သန်း ၁၀၀ နီးပါး ရှိနေပါပြီ။ ဒီရောဂါကို စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ်စစ်တမ်းအရ စနေနေ့မှာ ဒီရောဂါကူးစက်ခံရသူ ၉၈ သန်းကျော်ရှိပြီး သေဆုံးရသူက ၂ သန်းကျော် ရှိနေပါတယ်။

COVID-19 ကူးစက်မှု တကျော့ပြန် ခံစားနေရတဲ့ အီးယူ ဥရောပသမဂ္ဂမှာတော့ ကာကွယ်ဆေးအတွက် ခေါင်းခဲနေကြရပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေအတွက် ကာကွယ်ဆေး ထိုးနှံပေးနေစဉ်မှာပဲ Pfizer and BioNTech တို့က သူတို့ရဲ့ကာကွယ်ဆေးကို ယာယီအားဖြင့် လုံလုံလောက်လောက် ထုတ်ပေးနိုင်မှာ မဟုတ်သေးဘူးလို့ ကြေညာခဲ့တာကြောင့် ဘယ်လ်ဂျီယံက ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံကနေ အကူအညီတွေ ရယူဖို့ လုပ်ခဲ့ရတာပါ။

ဒီအချိန်မှာပဲ နောက် COVID-19 ကာကွယ်ဆေးထုတ်တဲ့ AstraZeneca က သူတို့ အီးယူကို တင်ပို့ပေးဖို့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ပေးနိုင်တော့မှာ မဟုတ်ကြောင်း သောကြာနေ့ကပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဥရောပဒေသတွင်း ဆေးထုတ်တဲ့နေရာတွေက ဆေးထုတ်နိုင်တဲ့ ပမာဏ လျော့နည်းနေတာကြောင့် တင်ပို့ပေးရာမှာ မူလခန့်မှန်းထားတဲ့ ပမာဏထက် ပိုနည်းမှာဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပေမယ့် အသေးစိတ်ကိုတော့ ရှင်းပြမထားပါဘူး။

တချိန်တည်းမှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အခုအချိန်မှာ ဒီကပ်ရောဂါက နိုင်နေပေမယ့် ကာကွယ်ဆေးတွေ ရလာတာနဲ့ မကြာခင် ပူနွေးလာတော့မယ့် ရာသီဥတုကြောင့် သက်သာရာရနိုင်မှာဖြစ်ကြောင်း အားပေးစကား ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၇ သိန်းနီးပါးရှိပြီး လူပေါင်း ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ နိုဝင်ဘာလကစပြီး တစိတ်တပိုင်း Lockdown ချ ကန့်သတ်မှုတွေကြောင့် အခြေနေ နည်းနည်းကောင်းလာတာ တွေ့ရတယ်လို့ ဂျာမနီ ကျန်းမာရေးတာဝန်ခံက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG