သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယလုပ္ ကိုဗစ္ကာကြယ္ေဆး ျမန္မာအပါအ၀င္အိမ္နီးခ်င္းေတြဆီ တင္ပို႔ဖို႔စီစဥ္


အိႏၵိယမွာ ထုတ္လုပ္တဲ႔ COVID-19 ကာကြယ္ေဆး

(Zawgyi/Unicode)

အိႏၵိယမွာ ထုတ္လုပ္တဲ႔ COVID-19 ကာကြယ္ေဆးေတြကို ျမန္မာ အပါအ၀င္ ႏိုင္ငံ ၆ ခုကို စတင္ တင္ပို႔မယ္႔အေၾကာင္း အိႏၵိယ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက အဂၤါေန႔မွာ ထုတ္ျပန္ပါတယ္။ ျမန္မာဘက္ကေတာ့ လူေပါင္း ၁၅ သန္း အတြက္ COVID-19 ကာကြယ္ေဆး ရဖို႔ အိႏၵိယနဲ႔ ညွိႏိႈင္းထားၿပီး လာမယ့္ လပိုင္း အတြင္း ႏုိင္ငံတြင္း ကာကြယ္ေဆး ထိုးႏုိင္ဖုိ႔ ရည္မွန္းထားပါတယ္။

အိႏၵိယထုတ္ COVID -19 ကာကြယ္ေဆးေတြ ရရွိေရး အတြက္ အိမ္နီးခ်င္း ႏုိင္ငံေတြနဲ႔ အေရးႀကီးတဲ႔ မိတ္ဖက္ ႏုိင္ငံေတြက ပန္ၾကားထားေၾကာင္းလည္း ေၾကညာခ်က္က ေဖာ္ျပပါတယ္။ ဒီပန္ၾကားခ်က္ေတြ အရ ဇန္န၀ါရီလ ၂၀ ရက္ ဗုဒၶဟူးေန႔ကစလို႔ ျမန္မာ၊ ဘူတန္၊ ဘဂၤလားေဒရွ္႕၊ နီေပါလ္၊ ေမာ္လ္ဒိုက္၊ Seychelles တို႔ကို စတင္ တင္ပို႔မွာ ျဖစ္ေၾကာင္းနဲ႔ သီရိလကာၤ၊ အာဖဂန္နစၥတန္နဲ႔ ေမာ္ေရးရွပ္စ္ ႏုိင္ငံေတြ ကေတာ့ တင္ပို႔ႏုိင္ေရး ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း အိႏၵိယ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေၾကညာထားပါတယ္။ဘူတန္ႏုိင္ငံကို အေစာဆံုး ဗုဒၶဟူးေန႔က စၿပီး တင္ပို႔ဖို႔ ရွိၿပီး ဘဂၤလားေဒရွ္႕ကိုေတာ့ ၾကာသပေတးေန႔မွာ တင္ပို႔ပါမယ္။ ျမန္မာႏုိင္ငံကို ဘယ္ေန႔ တင္ပို႔မလဲ ဆိုတာေတာ့ တိတိက်က် မသိရေသးပါဘူး။

AstraZeneca နဲ႔ Oxford တကၠသိုလ္တို႔က ေဖာ္စပ္ၿပီး အိႏၵိယ ေဆး၀ါးထုတ္လုပ္ငန္းႀကီး Serum Institute of India (SII) က ထုတ္လုပ္တဲ႔ Covishield ကာကြယ္ေဆး အလံုးေရ ၂ သန္းကို ဘဂၤလားေဒရွ္႕ကို တင္ပို႔မွာပါ။ အိႏၵိယက အခမဲ႔ ေပးပို႔လာမယ့္ Oxford-Astrazenca ရဲ႕ COVID-19 အလံုးေရ ၂ သန္း ကို လာမယ့္ ၾကာသပေတးေန႔ ဇန္န၀ါရီလ ၂၁ ရက္ေန႔မွာ အထူးေလယာဥ္နဲ႔ ဘဂၤလားေဒရွ္႕ႏုိင္ငံ ၿမိဳ႕ေတာ္ ဒါကာကို ေရာက္လာမယ့္ အေၾကာင္း ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ပါတယ္။ သိုေလွာင္ဖို႔ လြယ္ကူၿပီး ေစ်းလည္း သက္သာတဲ႔ AstraZeneca နဲ႔ Oxford ထုတ္ေဆးကို အိႏၵိယက စၿပီး တင္ပို႔ ေရာင္းခ်ဖို႔ရွိေနတဲ႔ အတြက္ သိပ္ၿပီး မခ်မ္းသာတဲ႔ ႏုိင္ငံေတြ COVID-19 ကာကြယ္ေဆးရဖို႔ အေျခအေနလည္း ျဖစ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အိန္ဒိယလုပ် ကိုဗစ်ကာကွယ်ဆေး မြန်မာအပါအဝင်အိမ်နီးချင်းတွေဆီ တင်ပို့ဖို့စီစဉ်

(Unicode)

အိန္ဒိယမှာ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးတွေကို မြန်မာ အပါအဝင် နိုင်ငံ ၆ ခုကို စတင် တင်ပို့မယ့်အကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာဘက်ကတော့ လူပေါင်း ၁၅ သန်း အတွက် COVID-19 ကာကွယ်ဆေး ရဖို့ အိန္ဒိယနဲ့ ညှိနှိုင်းထားပြီး လာမယ့် လပိုင်း အတွင်း နိုင်ငံတွင်း ကာကွယ်ဆေး ထိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။

အိန္ဒိယထုတ် COVID -19 ကာကွယ်ဆေးတွေ ရရှိရေး အတွက် အိမ်နီးချင်း နိုင်ငံတွေနဲ့ အရေးကြီးတဲ့ မိတ်ဖက် နိုင်ငံတွေက ပန်ကြားထားကြောင်းလည်း ကြေညာချက်က ဖော်ပြပါတယ်။ ဒီပန်ကြားချက်တွေ အရ ဇန်နဝါရီလ ၂၀ ရက် ဗုဒ္ဓဟူးနေ့ကစလို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေရှ့်၊ နီပေါလ်၊ မော်လ်ဒိုက်၊ Seychelles တို့ကို စတင် တင်ပို့မှာ ဖြစ်ကြောင်းနဲ့ သီရိလကာၤ၊ အာဖဂန်နစ္စတန်နဲ့ မော်ရေးရှပ်စ် နိုင်ငံတွေ ကတော့ တင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ဘူတန်နိုင်ငံကို အစောဆုံး ဗုဒ္ဓဟူးနေ့က စပြီး တင်ပို့ဖို့ ရှိပြီး ဘင်္ဂလားဒေရှ့်ကိုတော့ ကြာသပတေးနေ့မှာ တင်ပို့ပါမယ်။ မြန်မာနိုင်ငံကို ဘယ်နေ့ တင်ပို့မလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

AstraZeneca နဲ့ Oxford တက္ကသိုလ်တို့က ဖော်စပ်ပြီး အိန္ဒိယ ဆေးဝါးထုတ်လုပ်ငန်းကြီး Serum Institute of India (SII) က ထုတ်လုပ်တဲ့ Covishield ကာကွယ်ဆေး အလုံးရေ ၂ သန်းကို ဘင်္ဂလားဒေရှ့်ကို တင်ပို့မှာပါ။ အိန္ဒိယက အခမဲ့ ပေးပို့လာမယ့် Oxford-Astrazenca ရဲ့ COVID-19 အလုံးရေ ၂ သန်း ကို လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အထူးလေယာဉ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒါကာကို ရောက်လာမယ့် အကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။ သိုလှောင်ဖို့ လွယ်ကူပြီး ဈေးလည်း သက်သာတဲ့ AstraZeneca နဲ့ Oxford ထုတ်ဆေးကို အိန္ဒိယက စပြီး တင်ပို့ ရောင်းချဖို့ရှိနေတဲ့ အတွက် သိပ်ပြီး မချမ်းသာတဲ့ နိုင်ငံတွေ COVID-19 ကာကွယ်ဆေးရဖို့ အခြေအနေလည်း ဖြစ်လာပါတယ်။

XS
SM
MD
LG