သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈ အ႐ွိန္ျမႇင့္တားဆီးေရးအမိန္႔ သမၼတ Biden လက္မွတ္ထိုး 


ကိုဗစ္ကူးစက္မႈ အ႐ွိန္ျမႇင့္တားဆီးေရးအမိန္႔ သမၼတ Biden လက္မွတ္ထိုး 

(Zawgyi/Unicode)

အေမရိကန္သမၼတသစ္ ဂ်ိဳးဘိုင္ဒန္ဟာ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ကူးစက္မႈတားဆီးႏိုင္ေရးကို သူ သမၼတတာဝန္ယူၿပီး ေနာက္တေန႔ျဖစ္တဲ့ ၾကာသပေတးေန႔မွာပဲ အရွိန္ျမွင့္ လုပ္ေဆာင္လာသလို ေက်ာင္းနဲ႔ စီးပြါးေရးလုပ္ငန္းေတြ စိတ္ခ်စြာျပန္ဖြင့္ႏိုင္ဖို႔ ႀကိဳးစားရင္း ကာကြယ္ေဆးနဲ႔ ေဆးပစၥည္းေတြ တိုးထုတ္ဖို႔ အပါအဝင္ အမိန္႔ထုတ္ျပန္ခ်က္ ၁၀ ခုကို လက္မွတ္ေရးထိုးခဲ့ပါတယ္။

လာမယ့္ လအတြင္း အေမရိကန္ႏိုင္ငံတလႊားမွာ ဗဟိုအစိုးရရဲ့ ေထာက္ပံ့မႈ နဲ႔ ေဒသဆိုင္ရာ ကာကြယ္ေဆးထိုးစင္တာ ေပါင္း ၁၀၀ ကို ဖြင့္ႏုိင္ဖို႔နဲ႔ တခ်ိန္ထည္းမွာပဲ ကိုရိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ စစ္ေဆးမႈေတြ တိုးလုပ္ဖုိ႔ ႀကိဳးစားေနပါတယ္။ အခုအခ်ိန္ထိဆို ကာကြယ္ေဆးထိုးၿပီးတဲ့ အေမရိကန္ႏုိင္ငံသားက ၁၆ သန္းေလာက္ရွိပါတယ္။

အေမရိကန္ႏိုင္ငံသားေတြ က်န္းက်န္းမာမာနဲ႔ လံုၿခံဳစိတ္ခ်စြာ အလုပ္ခြင္ျပန္ဝင္ႏိုင္ဖို႔နဲ႔ ဒီကပ္ေရာဂါ ကူးစက္မႈေလ ွ်ာ့ခ်ႏိုင္ ဖို႔ေတြ အတြက္ ကိုရိုနာဗုိင္းရပ္စ္ ဆိုင္ရာရန္ပံုေငြ ၁.၉ ထရီလီယံ ထပ္ေပးဖို႔ သမၼတဘိုင္ဒန္က လႊတ္ေတာ္ကို ပန္ၾကားထားမႈကို အားျဖည့္တဲ့ အေနနဲ႔ ဒီအမိန္႔ေတြကို ထုတ္ျပန္တာ ျဖစ္ေၾကာင္းလည္း သမၼတအိမ္ျဖဴက ေျပာပါတယ္။

အာဏာအလြဲအေျပာင္းကာလအတြင္း ထရမ့္အစိုးရအဖြဲ႔က ပူးေပါင္းေဆာင္ရြက္မႈ မရွိပဲ ဒီေရာဂါ အတြက္ ကာကြယ္ေဆးျဖန္႔ျဖဴးေရး အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး နားလည္ေအာင္ သူတို႔ရဲ႕ ႀကိဳးစားမႈကိုလည္း တားဆီးတာေတြရွိတယ္လို႔ ဘိုင္ဒန္႔အဖြဲ႔တာဝန္ခံ အရာရွိေတြက ေျပာပါတယ္။

ဒါေပမယ့္ က်န္းမာေရးနဲ႔ လူမႈဝန္ေဆာင္မႈဝန္ႀကီး Alex Azar ကေတာ့ သူတို႔ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာေႏွာင္းပိုင္းကစၿပီး အေရြးေကာက္ခံသမၼတဘိုင္ဒန္ရဲ့ အကူးအေျပာင္းကာလ တာဝန္ခံ အဖြဲ႔နဲ႔ အႀကိမ္ေပါင္း ၃၀၀ ေက်ာ္ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္



...........

ကိုဗစ်ကူးစက်မှု အရှိန်မြှင့်တားဆီးရေးအမိန့် သမ္မတ Biden လက်မှတ်ထိုး

(Unicode)

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုတားဆီးနိုင်ရေးကို သူ သမ္မတတာဝန်ယူပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ အရှိန်မြှင့် လုပ်ဆောင်လာသလို ကျောင်းနဲ့ စီးပွါးရေးလုပ်ငန်းတွေ စိတ်ချစွာပြန်ဖွင့်နိုင်ဖို့ ကြိုးစားရင်း ကာကွယ်ဆေးနဲ့ ဆေးပစ္စည်းတွေ တိုးထုတ်ဖို့ အပါအဝင် အမိန့်ထုတ်ပြန်ချက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

လာမယ့် လအတွင်း အမေရိကန်နိုင်ငံတလွှားမှာ ဗဟိုအစိုးရရဲ့ ထောက်ပံ့မှု နဲ့ ဒေသဆိုင်ရာ ကာကွယ်ဆေးထိုးစင်တာ ပေါင်း ၁၀၀ ကို ဖွင့်နိုင်ဖို့နဲ့ တချိန်ထည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးမှုတွေ တိုးလုပ်ဖို့ ကြိုးစားနေပါတယ်။ အခုအချိန်ထိဆို ကာကွယ်ဆေးထိုးပြီးတဲ့ အမေရိကန်နိုင်ငံသားက ၁၆ သန်းလောက်ရှိပါတယ်။

အမေရိကန်နိုင်ငံသားတွေ ကျန်းကျန်းမာမာနဲ့ လုံခြုံစိတ်ချစွာ အလုပ်ခွင်ပြန်ဝင်နိုင်ဖို့နဲ့ ဒီကပ်ရောဂါ ကူးစက်မှုလေ ျှာ့ချနိုင် ဖို့တွေ အတွက် ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာရန်ပုံငွေ ၁.၉ ထရီလီယံ ထပ်ပေးဖို့ သမ္မတဘိုင်ဒန်က လွှတ်တော်ကို ပန်ကြားထားမှုကို အားဖြည့်တဲ့ အနေနဲ့ ဒီအမိန့်တွေကို ထုတ်ပြန်တာ ဖြစ်ကြောင်းလည်း သမ္မတအိမ်ဖြူက ပြောပါတယ်။

အာဏာအလွဲအပြောင်းကာလအတွင်း ထရမ့်အစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်မှု မရှိပဲ ဒီရောဂါ အတွက် ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နားလည်အောင် သူတို့ရဲ့ ကြိုးစားမှုကိုလည်း တားဆီးတာတွေရှိတယ်လို့ ဘိုင်ဒန့်အဖွဲ့တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဝန်ကြီး Alex Azar ကတော့ သူတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာနှောင်းပိုင်းကစပြီး အရွေးကောက်ခံသမ္မတဘိုင်ဒန်ရဲ့ အကူးအပြောင်းကာလ တာဝန်ခံ အဖွဲ့နဲ့ အကြိမ်ပေါင်း ၃၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG