သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden ၄၆ ေယာက္ေျမာက္ အေမရိကန္သမၼတျဖစ္လာ


သမၼတသစ္ Joe Biden က်မ္းသစၥာ က်ိန္ဆို

(Zawgyi/Unicode)

ေရြးေကာက္ခံ သမၼတ Joe Biden ဗုဒၶဟူးေန႔မွာ က်မ္းသစၥာ က်ိန္ဆိုလိုက္ၿပီးတဲ့ေနာက္ အေမရိကန္နိုင္ငံရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတ ျဖစ္လာပါတယ္။

အေမရိကန္ သမၼတ အျဖစ္ အေျခခံ ဥပေဒကို ထိန္းသိမ္း လိုက္နာၿပီး တိုင္းျပည္ကို ျပည္တြင္းျပည္ပ ရန္စြယ္ကေန ကာကြယ္ေပး မယ့္ အေၾကာင္း အေမရိကန္ တရား႐ုံးခ်ဳပ္ တရားသူႀကီးခ်ဳပ္ John Roberts ေရွ႕ေမွာက္မွာ သမၼာက်မ္းစာ ကိုင္ၿပီး က်မ္းသစၥာ က်ိန္ ဆိုခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၈ ႏွစ္ အရြယ္ရွိၿပီး အေမရိကန္သမိုင္းမွာ အသက္အႀကီးဆုံး သမၼတ ျဖစ္လာသူ Joe Biden က အထက္လႊတ္ေတာ္ အမတ္ အျဖစ္ ၃၆ ႏွစ္နဲ႔ ဒုတိယ သမၼတ အျဖစ္ ၈ ႏွစ္ၾကာ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။

Joe Biden က်မ္းသစၥာမက်ိန္ဆိုမွီမွာ သူ႔နဲ႔ အတူ ေရြးခ်ယ္ခံရတဲ့ Kamala Harris က ဒုတိယ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့ပါတယ္။ ဒါေၾကာင့္Kamala Harrisက ႏွစ္ေပါင္း ၂၀၀ ေက်ာ္ရွိတဲ့ အေမရိကန္ သမိုင္းမွာ နိုင္ငံရဲ့ အာဏာ အျမင့္ဆုံးရယူနိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာ ပါတယ္။ Kamala Harris က လူမည္းနဲ႔ အာရွေသြးေရာသူလည္း ျဖစ္ပါတယ္။

က်မ္းသစၥာ က်ိန္ဆိုပြဲမွာ Joe Biden က ျပည္သူေတြရဲ့ ဆႏၵကို ၾကားၾကရၿပီ၊ ျပည္သူေတြရဲ့ လိုလားခ်က္ေတြကို ျဖည့္ဆည္း ေပးနိုင္ ခဲ့ၿပီ၊ ဒီမိုကေရစီ ဆိုတာ သိပ္တန္ဖိုးရွိသလို ထိခိုက္လြယ္တဲ့အရာလည္း ျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္တို႔ သင္ခန္းစာ ထပ္ၿပီး ရခဲ့ၾက ၿပီ၊ အခုအခ်ိန္မွာေတာ့ ဒီမိုကေရစီက ေအာင္နိုင္ခဲ့ပါၿပီလို႔ ေျပာပါတယ္။

“ဒီေန႔ဟာ အေမရိကန္တို႔ရဲ့ ေန႔ျဖစ္ပါတယ္။ ဒီမိုကေရစီရဲ့ ေန႔လည္း ျဖစ္ပါတယ္။ ေမၽွာ္လင့္ခ်က္ေတြ၊ ျပန္လည္နိုးထမႈေတြနဲ႔ သႏၷိ႒ာန္ ခိုင္မာမႈကို ျပသတဲ့ေန႔လည္း ျဖစ္ပါတယ္” လို႔လည္း သမၼတသစ္ Joe Biden က ေျပာပါတယ္။

အေမရိကန္ ကြန္ဂရက္ လႊတ္ေတာ္မွာ အစဥ္အလာအတိုင္း က်င္းပတဲ့ က်မ္းသစၥာ က်ိန္ဆိုပြဲကို အေမရိကန္ သမၼတေဟာင္း Barack Obama, George W. Bush နဲ႔ Bill Clinton လည္း တက္ေရာက္ခဲ့ပါတယ္။

ဒါေပမဲ့ ရာထူးကစြန္႔ခြာခဲ့ရတဲ့ သမၼတေဟာင္း ေဒၚနယ္ထရမ့္ကေတာ့ ႏွစ္ေပါင္း ၁၅၂ ႏွစ္ သက္တမ္းရွည္ၾကာေနၿပီျဖစ္တဲ့ အစဥ္အလာ ကို ခ်ိဳးေဖာက္ၿပီး သမၼတသစ္ရဲ့ က်မ္းသစၥာ က်ိန္ဆိုပြဲကို မတက္ေရာက္ဘဲ ေနခဲ့ပါတယ္။ ဒီပြဲကို တက္ေရာက္မယ့္အစား မနက္ပိုင္းမွာ ၿမိဳ႕ေတာ္ ဝါရွင္တန္ ဒီစီကေန ဖေလာ္ရီဒါ ျပည္နယ္က သူ႔စံအိမ္ဆီကို ထြက္ခြာသြားခဲ့ပါတယ္။

ဒုတိယ သမၼတ Mike Pence က သမၼတ ထရမ့္ ရာထူးက မစြန္႔ခြာခင္ Andrews ေလတပ္စခန္းမွာ ေနာက္ဆုံး ႏႈတ္ဆက္ မိန္႔ခြန္း ေျပာၾကားတဲ့ပြဲကို တက္ေရာက္ျခင္း မရွိဘဲ သမၼတသစ္ က်မ္းသစၥာ က်ိန္ဆိုပြဲကို တက္ေရာက္ခဲ့ပါတယ္။

Joe Biden ၄၆ ေယာက္ေျမာက္ အေမရိကန္သမၼတျဖစ္လာ
please wait

No media source currently available

0:00 0:01:42 0:00
တိုက္႐ိုက္ လင့္ခ္


..............

Joe Biden ၄၆ ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာ

(Unicode)

ရွေးကောက်ခံ သမ္မတ Joe Biden ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံရဲ့၄၆ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။

အမေရိကန် သမ္မတ အဖြစ် အခြေခံ ဥပဒေကို ထိန်းသိမ်း လိုက်နာပြီး တိုင်းပြည်ကို ပြည်တွင်းပြည်ပ ရန်စွယ်ကနေ ကာကွယ်ပေး မယ့် အကြောင်း အမေရိကန် တရားရုံးချုပ် တရားသူကြီးချုပ် John Roberts ရှေ့မှောက်မှာ သမ္မာကျမ်းစာ ကိုင်ပြီး ကျမ်းသစ္စာ ကျိန် ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၈ နှစ် အရွယ်ရှိပြီး အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတ ဖြစ်လာသူ Joe Biden က အထက်လွှတ်တော် အမတ် အဖြစ် ၃၆ နှစ်နဲ့ ဒုတိယ သမ္မတ အဖြစ် ၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Joe Biden ကျမ်းသစ္စာမကျိန်ဆိုမှီမှာ သူ့နဲ့ အတူ ရွေးချယ်ခံရတဲ့ Kamala Harris က ဒုတိယ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့်Kamala Harrisက နှစ်ပေါင်း ၂၀၀ ကျော်ရှိတဲ့ အမေရိကန် သမိုင်းမှာ နိုင်ငံရဲ့ အာဏာ အမြင့်ဆုံးရယူနိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာ ပါတယ်။ Kamala Harris က လူမည်းနဲ့ အာရှသွေးရောသူလည်း ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ Joe Biden က ပြည်သူတွေရဲ့ ဆန္ဒကို ကြားကြရပြီ၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်း ပေးနိုင် ခဲ့ပြီ၊ ဒီမိုကရေစီ ဆိုတာ သိပ်တန်ဖိုးရှိသလို ထိခိုက်လွယ်တဲ့အရာလည်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သင်ခန်းစာ ထပ်ပြီး ရခဲ့ကြ ပြီ၊ အခုအချိန်မှာတော့ ဒီမိုကရေစီက အောင်နိုင်ခဲ့ပါပြီလို့ ပြောပါတယ်။

“ဒီနေ့ဟာ အမေရိကန်တို့ရဲ့ နေ့ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ နေ့လည်း ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ၊ ပြန်လည်နိုးထမှုတွေနဲ့ သန္နိဋ္ဌာန် ခိုင်မာမှုကို ပြသတဲ့နေ့လည်း ဖြစ်ပါတယ်” လို့လည်း သမ္မတသစ် Joe Biden က ပြောပါတယ်။

အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ အစဉ်အလာအတိုင်း ကျင်းပတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အမေရိကန် သမ္မတဟောင်း Barack Obama, George W. Bush နဲ့ Bill Clinton လည်း တက်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရာထူးကစွန့်ခွာခဲ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ နှစ်ပေါင်း ၁၅၂ နှစ် သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ အစဉ်အလာ ကို ချိုးဖောက်ပြီး သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရောက်ဘဲ နေခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်မယ့်အစား မနက်ပိုင်းမှာ မြို့တော် ဝါရှင်တန် ဒီစီကနေ ဖလော်ရီဒါ ပြည်နယ်က သူ့စံအိမ်ဆီကို ထွက်ခွာသွားခဲ့ပါတယ်။

ဒုတိယ သမ္မတ Mike Pence က သမ္မတ ထရမ့် ရာထူးက မစွန့်ခွာခင် Andrews လေတပ်စခန်းမှာ နောက်ဆုံး နှုတ်ဆက် မိန့်ခွန်း ပြောကြားတဲ့ပွဲကို တက်ရောက်ခြင်း မရှိဘဲ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG