(Zawgyi/Unicode)
အေမရိကန္သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ဟာ သမၼတအိမ္ျဖဴေတာ္ကေန Marine One ရဟတ္ယာဥ္နဲ႔ Andrew ေလတပ္အေျခစိုက္စခန္းကို ေရာက္သြားၿပီးတဲ့ေနာက္ အဲဒီကေန Air Force One ေလယာဥ္နဲ႔ ဖေလာ္ရီဒါျပည္နယ္ကို ခရီးဆက္သြားၿပီျဖစ္ပါတယ္။
ဒီကေန႔မနက္ပိုင္း အိမ္ျဖဴေတာ္ကထြက္ခြာခ်ိန္မွာ သမၼတထရမ့္ပ္က သူ႔ရဲ႕သမၼတသက္တမ္းဟာ "ဘဝတသက္တာ ဂုဏ္ယူစရာ" အျဖစ္ ေျပာခဲ့ပါတယ္။
Andrew ေလတပ္စခန္းမွာ ေကာ္ေဇာနီခင္း၊ ဂုဏ္ျပဳတပ္ဖြဲ႔က တီးမႈတ္ၿပီး ေသနတ္ ၂၁ ခ်က္ ပစ္ေဖာက္တဲ့ ႏႈတ္ဆက္အခမ္းအနား က်င္းပခဲ့တာမွာ ဧည့္သည္ေတာ္ ၂၀၀ နီးပါး တက္ေရာက္ခဲ့ပါတယ္။
"အံ့မခန္းဖြယ္ ေလးႏွစ္တာကာလပါပဲ။ က်ေနာ္တုိ႔ အမ်ားႀကီး ေအာင္ျမင္ခဲ့ပါတယ္" လို႔ Andrew ေလဆိပ္မွာလုပ္တဲ့ ႏႈတ္ဆက္ပြဲအတြင္း သမၼတထရမ့္ပ္က ေျပာသြားပါတယ္။
ဒါ့အျပင္ ေနာက္တက္မယ့္ အစိုးရအဖြဲ႔အေနနဲ႔ ေအာင္ျမင္မႈရေစဖို႔လည္း သမၼတထရမ့္ပ္က ဆုေတာင္းစကားေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း မၾကာခင္ က်မ္းသစၥာက်ိန္ဆိုၿပီး သမၼတျဖစ္လာေတာ့မယ့္ Joe Biden နာမည္ကိုေတာ့ ထည့္ေျပာမသြားပါဘူး။
သမၼထထရမ့္ပ္ ဖေလာ္ရီဒါကို ေရာက္သြားခ်ိန္ေလာက္မွာပဲ မစၥတာဘိုင္ဒန္ဟာ သမၼတသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုေတာ့မွာပါ။
သမၼတထရမ့္ပ္အေနနဲ႔ ႏုိင္ငံေရးရည္မွန္းခ်က္ ဘယ္လိုရွိတယ္ဆိုတာ အပါအဝင္ အနာဂတ္မွာ ဘာလုပ္မယ္ဆုိတာကေတာ့ ေရေရရာရာ မသိရေသးပါဘူး။
အဂၤါေန႔ကထုတ္ျပန္တဲ့ ဗီြဒီယို ႏႈတ္ဆက္စကားထဲမွာေတာ့ "က်ေနာ္တို႔စတင္ခဲ့တဲ့ လႈပ္ရွားမႈဟာ အစပဲရွိေသးတယ္ဆုိတာ သိေစခ်င္ပါတယ္။ ဒါမ်ဳိး ဘယ္တံုးကမွ မရွိဖူးေသးပါဘူး။ ႏုိင္ငံဟာ ႏုိင္ငံသားေတြအတြက္ျဖစ္တယ္ဆိုတဲ့ ယံုၾကည္မႈက ယိမ္းယိုင္သြားမွာမဟုတ္ဘဲ ေန႔စဥ္နဲ႔အမ ွ် ႀကီးထြားလာမွာပဲျဖစ္ပါတယ္" လို႔ သမၼတထရမ့္ပ္က ေျပာခဲ့ပါတယ္။
---------------------------
(Unicode)
ဂုဏ်ပြုတပ်ဖွဲ့ နှုတ်ဆက်ပွဲအပြီး သမ္မတထရမ့်ပ် ဖလော်ရီဒါ ခရီးဆက်ပြီ
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သမ္မတအိမ်ဖြူတော်ကနေ Marine One ရဟတ်ယာဉ်နဲ့ Andrew လေတပ်အခြေစိုက်စခန်းကို ရောက်သွားပြီးတဲ့နောက် အဲဒီကနေ Air Force One လေယာဉ်နဲ့ ဖလော်ရီဒါပြည်နယ်ကို ခရီးဆက်သွားပြီဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်း အိမ်ဖြူတော်ကထွက်ခွာချိန်မှာ သမ္မတထရမ့်ပ်က သူ့ရဲ့သမ္မတသက်တမ်းဟာ "ဘဝတသက်တာ ဂုဏ်ယူစရာ" အဖြစ် ပြောခဲ့ပါတယ်။
Andrew လေတပ်စခန်းမှာ ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့က တီးမှုတ်ပြီး သေနတ် ၂၁ ချက် ပစ်ဖောက်တဲ့ နှုတ်ဆက်အခမ်းအနား ကျင်းပခဲ့တာမှာ ဧည့်သည်တော် ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
"အံ့မခန်းဖွယ် လေးနှစ်တာကာလပါပဲ။ ကျနော်တို့ အများကြီး အောင်မြင်ခဲ့ပါတယ်" လို့ Andrew လေဆိပ်မှာလုပ်တဲ့ နှုတ်ဆက်ပွဲအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။
ဒါ့အပြင် နောက်တက်မယ့် အစိုးရအဖွဲ့အနေနဲ့ အောင်မြင်မှုရစေဖို့လည်း သမ္မတထရမ့်ပ်က ဆုတောင်းစကားပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတဖြစ်လာတော့မယ့် Joe Biden နာမည်ကိုတော့ ထည့်ပြောမသွားပါဘူး။
သမ္မထထရမ့်ပ် ဖလော်ရီဒါကို ရောက်သွားချိန်လောက်မှာပဲ မစ္စတာဘိုင်ဒန်ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာပါ။
သမ္မတထရမ့်ပ်အနေနဲ့ နိုင်ငံရေးရည်မှန်းချက် ဘယ်လိုရှိတယ်ဆိုတာ အပါအဝင် အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာကတော့ ရေရေရာရာ မသိရသေးပါဘူး။
အင်္ဂါနေ့ကထုတ်ပြန်တဲ့ ဗွီဒီယို နှုတ်ဆက်စကားထဲမှာတော့ "ကျနော်တို့စတင်ခဲ့တဲ့ လှုပ်ရှားမှုဟာ အစပဲရှိသေးတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါမျိုး ဘယ်တုံးကမှ မရှိဖူးသေးပါဘူး။ နိုင်ငံဟာ နိုင်ငံသားတွေအတွက်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုက ယိမ်းယိုင်သွားမှာမဟုတ်ဘဲ နေ့စဉ်နဲ့အမ ျှ ကြီးထွားလာမှာပဲဖြစ်ပါတယ်" လို့ သမ္မတထရမ့်ပ်က ပြောခဲ့ပါတယ်။