သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတတာ၀န္ ထမ္းေဆာင္ဖို႔ Joe Biden ၀ါရွင္တန္ၿမိဳ႕ေတာ္ကိုေရာက္ရွိလာၿပီ 


က်မ္းသစၥာ က်ိန္ဆိုမယ့္ Joe Biden ႏွင့္ ဇနီးသည္ သမၼတ လင္ကြန္း အထိမ္းအမွတ္ ျပတိုက္မွာ က်င္းပတဲ့ COVID 19 ေၾကာင့္ အသက္ေသဆုံးခဲ့ရသူေတြအတြက္ ဆုေတာင္းပြဲ အခမ္းအနားကို တက္ေရာက္ခဲ့

(Zawgyi/Unicode)

ဗုဒၶဟူးေန႔မွာ အေမရိကန္ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုမယ့္ Joe Biden အဂၤါေန႔ ညေနပိုင္းမွာ သူ႔ ဇာတိ Delaware ျပည္နယ္ ကေန ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီကို ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီစီကို မထြက္ခြာခင္ကေလးမွာပဲ Joe Biden က Delaware ျပည္နယ္ လုံျခဳံေရး အရံတပ္ဖြဲ႕ဌာနခ်ဳပ္ကို သူ႔ရဲ့ သား ဗိုလ္မႉး Beau" Biden အမည္နဲ႔ အမွတ္တရ အမည္ေပး ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္က ကင္ဆာေရာဂါနဲ႔ကြယ္လြန္သြားခဲ့တဲ့ သားျဖစ္ ဗိုလ္မႉး Beau" Biden က အီရတ္နိုင္ငံမွာတစ္ႏွစ္ ၾကာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသလို Bronze Star သူရဲေကာင္းဘြဲ႕ကို လည္း ရရွိခဲ့သူ ျဖစ္ပါတယ္။

ဝါရွင္တန္ကို သြားရမယ့္ ခရီးကို သူ႔ရဲ့ ပုဂၢိဳလ္ေရး အခမ္းအနားနဲ႔ စတင္လိုက္ရတာ ျဖစ္ေၾကာင္းနဲ႔ သူ႔သား အခုအခ်ိန္မွာ မရွိတာ ကိုသာ သူ႔ အေနနဲ႔ ဝမ္းနည္းမိေၾကာင္းလည္း Joe Biden က သားျဖစ္သူကို သတိတရ မ်က္ရည္က်ၿပီး ေျပာပါတယ္။

ဝါရွင္တန္ ဒီစီကို ေရာက္လာၿပီးတဲ့ေနာက္ ညေနပိုင္းမွာ Joe Biden က သမၼတ လင္ကြန္း အထိမ္းအမွတ္ ျပတိုက္မွာ က်င္းပတဲ့ COVID 19 ေၾကာင့္ အသက္ေသဆုံးခဲ့ရသူေတြအတြက္ ဆုေတာင္းပြဲ အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ အေမရိကန္ သမၼတေတြရဲ့ အစိုးရ ဧည့္ေဂဟာ Blair House မွာ တစ္ညတာ တည္းခိုမွာ ျဖစ္ပါတယ္။

Joe Biden အေနနဲ႔ ဗုဒၶဟူးေန႔ က်မ္းသစၥာက်ိန္ဆိုၿပီးတဲ့ေနာက္ သမၼတ ျဖစ္လာၿပီးၿပီးခ်င္း အေမရိကန္ နိုင္ငံေတြ႕ၾကဳံ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေပါင္းစုံကို ဦးေဆာင္ ေျဖရွင္းရမွာ လည္း ျဖစ္ပါတယ္။

လက္ရွိ က်ေရာက္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ အက်ပ္အတည္း၊ ကာကြယ္ေဆး ျဖန္႔ျဖဴးထိုးႏွံရာမွာ ေႏွးေကြးေနတဲ့ကိစၥနဲ႔ ကပ္ ေရာဂါ ေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရး ျပႆနာေတြကို ေျဖရွင္းရမွာပါ။

သူ သမၼတ မျဖစ္ခင္ တရက္ အလို အဂၤါေန႔မွာပဲ ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့ အေမရိကန္ ၄၀၀,၀၀၀ ေက်ာ္သြားခဲ့ၿပီလို႔Johns Hopkins တကၠသိုလ္က ေျပာပါတယ္။ အဲဒီအထဲ ၿပီးခဲ့တဲ့ ၅ ပတ္အတြင္း ေသဆုံးခဲ့ရသူ လူ ၁၀၀,၀၀၀ လည္း ပါဝင္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ မူဝါဒ အပါအဝင္ Joe Biden က ထရမ့္ရဲ့ မူဝါဒေတြကို လုံးလုံးလ်ားလ်ား ေျပာင္းလဲပစ္ဖို႔ ရွိေနပါတယ္။

နိုင္ငံတကာ ဆက္ဆံေရးကိစၥေတြမွာေတာ့ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာ ပါရီ သေဘာတူ စာခ်ဳပ္ထဲ ျပန္ပါမွာ ျဖစ္သလို အေမ ရိကန္ ရဲ့ အစဥ္အလာ မဟာမိတ္ နိုင္ငံေတြနဲ႔ ဆက္ဆံေရး ျပန္လည္ ေကာင္းမြန္ေအာင္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ အာဏာရွင္ နိုင္ငံေတြ ျဖစ္တဲ့ ႐ုရွား၊ တ႐ုတ္ နဲ႔ ေျမာက္ကိုရီးယားနိုင္ငံေတြအေပၚမွာလည္း ကြဲျပားတဲ့ မူဝါဒ ခ်မွတ္မယ္လို႔ ခန္႔မွန္းရပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

သမ္မတတာဝန် ထမ်းဆောင်ဖို့ Joe Biden ဝါရှင်တန်မြို့တော်ကိုရောက်ရှိလာပြီ

(Unicode)

ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် Joe Biden အင်္ဂါနေ့ ညနေပိုင်းမှာ သူ့ ဇာတိ Delaware ပြည်နယ် ကနေ မြို့တော် ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစီကို မထွက်ခွာခင်ကလေးမှာပဲ Joe Biden က Delaware ပြည်နယ် လုံခြုံရေး အရံတပ်ဖွဲ့ဌာနချုပ်ကို သူ့ရဲ့ သား ဗိုလ်မှူး Beau" Biden အမည်နဲ့ အမှတ်တရ အမည်ပေး ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့တဲ့ သားဖြစ် ဗိုလ်မှူး Beau" Biden က အီရတ်နိုင်ငံမှာတစ်နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို Bronze Star သူရဲကောင်းဘွဲ့ကို လည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

ဝါရှင်တန်ကို သွားရမယ့် ခရီးကို သူ့ရဲ့ ပုဂ္ဂိုလ်ရေး အခမ်းအနားနဲ့ စတင်လိုက်ရတာ ဖြစ်ကြောင်းနဲ့ သူ့သား အခုအချိန်မှာ မရှိတာ ကိုသာ သူ့ အနေနဲ့ ဝမ်းနည်းမိကြောင်းလည်း Joe Biden က သားဖြစ်သူကို သတိတရ မျက်ရည်ကျပြီး ပြောပါတယ်။

ဝါရှင်တန် ဒီစီကို ရောက်လာပြီးတဲ့နောက် ညနေပိုင်းမှာ Joe Biden က သမ္မတ လင်ကွန်း အထိမ်းအမှတ် ပြတိုက်မှာ ကျင်းပတဲ့ COVID 19 ကြောင့် အသက်သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် သမ္မတတွေရဲ့ အစိုးရ ဧည့်ဂေဟာ Blair House မှာ တစ်ညတာ တည်းခိုမှာ ဖြစ်ပါတယ်။

Joe Biden အနေနဲ့ ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် သမ္မတ ဖြစ်လာပြီးပြီးချင်း အမေရိကန် နိုင်ငံတွေ့ကြုံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းပေါင်းစုံကို ဦးဆောင် ဖြေရှင်းရမှာ လည်း ဖြစ်ပါတယ်။

လက်ရှိ ကျရောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကျပ်အတည်း၊ ကာကွယ်ဆေး ဖြန့်ဖြူးထိုးနှံရာမှာ နှေးကွေးနေတဲ့ကိစ္စနဲ့ ကပ် ရောဂါ ကြောင့် ထိခိုက်နေတဲ့ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းရမှာပါ။

သူ သမ္မတ မဖြစ်ခင် တရက် အလို အင်္ဂါနေ့မှာပဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ အမေရိကန် ၄၀၀,၀၀၀ ကျော်သွားခဲ့ပြီလို့Johns Hopkins တက္ကသိုလ်က ပြောပါတယ်။ အဲဒီအထဲ ပြီးခဲ့တဲ့ ၅ ပတ်အတွင်း သေဆုံးခဲ့ရသူ လူ ၁၀၀,၀၀၀ လည်း ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ မူဝါဒ အပါအဝင် Joe Biden က ထရမ့်ရဲ့ မူဝါဒတွေကို လုံးလုံးလျားလျား ပြောင်းလဲပစ်ဖို့ ရှိနေပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေမှာတော့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူ စာချုပ်ထဲ ပြန်ပါမှာ ဖြစ်သလို အမေ ရိကန် ရဲ့ အစဉ်အလာ မဟာမိတ် နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အာဏာရှင် နိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ တရုတ် နဲ့ မြောက်ကိုရီးယားနိုင်ငံတွေအပေါ်မှာလည်း ကွဲပြားတဲ့ မူဝါဒ ချမှတ်မယ်လို့ ခန့်မှန်းရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG