သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပဲြ တာ၀န္က် တပ္ဖဲြ႔၀င္တခ်ိဳ႕ကို လံုၿခံဳေရးအရဖယ္ရွား


(Zawgyi/Unicode)

အေမရိကန္ သမၼတ က်မ္းသစၥာ က်ိန္ဆိုပြဲအတြက္ ဆင့္ေခၚထားတဲ့ ျပည္နယ္ လုံျခဳံေရး အရံတပ္ဖြဲ႕ဝင္ေတြက တပ္ဖြဲ႕ဝင္ အခ်ိဳ႕ကို လုံျခဳံေရးအရ အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရး FBI က ဖယ္ရွား ပစ္ခဲ့တယ္လို႔ အေမရိကန္ ကာကြယ္ေရး ပင္တဂြန္ စစ္ ဌာနခ်ဳပ္က တာဝန္ရွိသူေတြက ေျပာပါတယ္။

လုံျခဳံေရးအရ စိစစ္မႈေတြ ျပဳလုပ္အၿပီးမွာ ျပည္နယ္ လုံျခဳံေရး အရံတပ္ဖြဲ႕ဝင္ ၁၂ ဦးကို ဖယ္ရွားခဲ့ရပါတယ္။ ဒါေပမဲ့ သူတို႔အားလုံးကို အစြန္းေရာက္ ဝါဒီေတြနဲ႔ ဆက္ႏြယ္တာ တစ္ခုတည္းနဲ႔ ဖယ္ရွားခဲ့တာ မဟုတ္ပါဘူး။ ၂ ေယာက္ကိုသာ က်မ္းသစၥာက်ိန္ဆိုပြဲအေၾကာင္း ေရးသားခ်က္ေတြနဲ႔ ဆက္စပ္ၿပီး ဖယ္ရွားပစ္ခဲ့ရတာျဖစ္ေၾကာင္း ျပည္နယ္ လုံျခဳံေရး အရံတပ္ အမ်ိဳးသား အေစာင့္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Daniel Hokanson က အတည္ျပဳ ေျပာၾကား ခဲ့ပါတယ္။​

တျခား တပ္ဖြဲ႕ဝင္ ၁၀ ဦးကိုေတာ့ က်န္းသစၥာ က်ိန္ဆိုပြဲနဲ႔ မသက္ဆိုင္ဘဲ အရင္ကရာဇဝတ္မႈေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔လည္း သူက ေျပာပါတယ္။

သူတို႔အားလုံးက ေရြးေကာက္ခံ သမၼတ Joe Biden အေပၚ တိုက္ရိုက္ႀကီး အႏၲရာယ္ျပဳမယ့္သူေတြ မဟုတ္ဘူးလို႔လည္း AP သတင္း ဌာနက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး Daniel Hokanson အတည္ မေျပာၾကားခင္ AP သတင္းကို တပ္ဖြဲ႕ဝင္ေတြကို ဖယ္ရွားခံရတဲ့အေၾကာင္း ေျပာၾကားခဲ့တဲ့ ပင္တဂြန္က တာဝန္ရွိသူေတြကေတာ့ အဲဒီ တပ္ဖြဲ႕ဝင္ေတြကို ဆက္လက္ အေရးယူမလားဆိုတာကိုေတာ့ ေျပာၾကား ခဲ့ျခင္း မရွိ ပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ တာဝန်ကျ တပ်ဖွဲ့ဝင်တချို့ကို လုံခြုံရေးအရဖယ်ရှား

(Unicode)

အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ဆင့်ခေါ်ထားတဲ့ ပြည်နယ် လုံခြုံရေး အရံတပ်ဖွဲ့ဝင်တွေက တပ်ဖွဲ့ဝင် အချို့ကို လုံခြုံရေးအရ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး FBI က ဖယ်ရှား ပစ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ပင်တဂွန် စစ် ဌာနချုပ်က တာဝန်ရှိသူတွေက ပြောပါတယ်။

လုံခြုံရေးအရ စိစစ်မှုတွေ ပြုလုပ်အပြီးမှာ ပြည်နယ် လုံခြုံရေး အရံတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖယ်ရှားခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့အားလုံးကို အစွန်းရောက် ဝါဒီတွေနဲ့ ဆက်နွယ်တာ တစ်ခုတည်းနဲ့ ဖယ်ရှားခဲ့တာ မဟုတ်ပါဘူး။ ၂ ယောက်ကိုသာ ကျမ်းသစ္စာကျိန်ဆိုပွဲအကြောင်း ရေးသားချက်တွေနဲ့ ဆက်စပ်ပြီး ဖယ်ရှားပစ်ခဲ့ရတာဖြစ်ကြောင်း ပြည်နယ် လုံခြုံရေး အရံတပ် အမျိုးသား အစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Daniel Hokanson က အတည်ပြု ပြောကြား ခဲ့ပါတယ်။

တခြား တပ်ဖွဲ့ဝင် ၁၀ ဦးကိုတော့ ကျန်းသစ္စာ ကျိန်ဆိုပွဲနဲ့ မသက်ဆိုင်ဘဲ အရင်ကရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတာကြောင့်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

သူတို့အားလုံးက ရွေးကောက်ခံ သမ္မတ Joe Biden အပေါ် တိုက်ရိုက်ကြီး အန္တရာယ်ပြုမယ့်သူတွေ မဟုတ်ဘူးလို့လည်း AP သတင်း ဌာနက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Daniel Hokanson အတည် မပြောကြားခင် AP သတင်းကို တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားခံရတဲ့အကြောင်း ပြောကြားခဲ့တဲ့ ပင်တဂွန်က တာဝန်ရှိသူတွေကတော့ အဲဒီ တပ်ဖွဲ့ဝင်တွေကို ဆက်လက် အရေးယူမလားဆိုတာကိုတော့ ပြောကြား ခဲ့ခြင်း မရှိ ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG