သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မာတင္လူသာကင္းေန႔ အြန္လိုင္းအခမ္းအနားမ်ား က်င္းပမည္


ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီၿမိဳ႕ရွိ Martin Luther King အထိမ္းအမွတ္ ေက်ာက္တိုင္။ (ဇန္နဝါရီ ၂၁၊ ၂၀၁၉)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ဒီေန႔ဟာ ႏိုင္ငံသားအခြင့္အေရးအတြက္ ဦးေဆာင္လႈပ္႐ွားခဲ့သူ Martin Luther King Jr. ကို ဂုဏ္ျပဳတဲ့ေန႔ျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ေရာ သမၼတသစ္က်မ္းက်ိန္ပြဲ မတိုင္ခင္ လံုၿခံဳေရးတိုးျမွင့္ထားတာေၾကာင့္ပါ အထိမ္းအမွတ္ ဂုဏ္ျပဳပဲြေတာ္ေတာ္မ်ားမ်ားကို Online ေပၚမွာပဲ လုပ္ဖုိ႔ အစီအစဥ္ေျပာင္းခဲ့ၾကရပါတယ္။

၁၉၅၀ နဲ႔ ၁၉၆၀ ျပည့္ႏွစ္ပိုင္းေတြတုန္းက အေမရိကန္ျပည္ေထာင္စု ေတာင္ပိုင္းမွာ လူျဖဴ လူမည္းခဲြျခားမႈ ပေပ်ာက္ေရးနဲ႔ လူမည္းေတြ တန္းတူအခြင့္အေရးရ႐ွိေရး၊ မဲေပးခြင့္ရ႐ွိေရးတုိ႔အတြက္ အၾကမ္းမဖက္ ဆႏၵျပပြဲေတြကို Martin Luther King က ဦးေဆာင္စီစဥ္ခဲ့ပါတယ္။ ၁၉၆၈ ခုႏွစ္က Tennessee ျပည္နယ္ Memphis ၿမိဳ႕က သန္႔႐ွင္းေရးလုပ္သားေတြရဲ႕ ဆႏၵျပပြဲကို သြားေရာက္အားေပးတဲ့ ခရီးစဥ္အတြင္း သူ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။

Martin Luther King ကြယ္လြန္ခ်ိန္မွာ အသက္ ၃၉ ႏွစ္ျဖစ္ပါတယ္။ ႏွစ္စဥ္ ဇန္နဝါရီလ တတိယပတ္ တနလၤာေန႔ေရာက္တိုင္း သူ႔ကုိ ဂုဏ္ျပဳတဲ့ အထိမ္းအမွတ္အျဖစ္ အစုိးရ႐ံုးပိတ္ရက္သတ္မွတ္ထားပါတယ္။ အရင္ႏွစ္ေတြကေတာ့ ခုလိုေန႔ေရာက္တိုင္း အထိမ္းအမွတ္ဂုဏ္ျပဳတဲ့အေနနဲ႔ အမ်ားျပည္သူအတြက္ လုပ္အားေပးအလုပ္ေတြမွာ ျပည္သူေတြ ပါဝင္လုပ္အားေပးၾကေပမဲ့ ဒီႏွစ္ကေတာ့ အဲဒီလို လူစုေဝးတဲ့ အလုပ္ေတြကို မလုပ္ႏိုင္ၾကပါဘူး။

ဝါ႐ွင္တန္ၿမိဳ႕ေတာ္ထဲမွာ အထိမ္းအမွတ္ပြဲတခ်ဳိ႕ကို လုပ္ေပမဲ့ စီစဥ္သူေတြက လံုၿခံဳေရးတင္းၾကပ္ထားတဲ့ ေနရာေတြကို ေ႐ွာင္ခဲ့သလို ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္ေတြနဲ႔အညီ လုပ္ၾကဖုိ႔ စီစဥ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မာတင်လူသာကင်းနေ့ အွန်လိုင်းအခမ်းအနားများ ကျင်းပမည်

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ဟာ နိုင်ငံသားအခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူ Martin Luther King Jr. ကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန်ရော သမ္မတသစ်ကျမ်းကျိန်ပွဲ မတိုင်ခင် လုံခြုံရေးတိုးမြှင့်ထားတာကြောင့်ပါ အထိမ်းအမှတ် ဂုဏ်ပြုပွဲတော်တော်များများကို Online ပေါ်မှာပဲ လုပ်ဖို့ အစီအစဉ်ပြောင်းခဲ့ကြရပါတယ်။

၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်ပိုင်းတွေတုန်းက အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ လူဖြူ လူမည်းခွဲခြားမှု ပပျောက်ရေးနဲ့ လူမည်းတွေ တန်းတူအခွင့်အရေးရရှိရေး၊ မဲပေးခွင့်ရရှိရေးတို့အတွက် အကြမ်းမဖက် ဆန္ဒပြပွဲတွေကို Martin Luther King က ဦးဆောင်စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်က Tennessee ပြည်နယ် Memphis မြို့က သန့်ရှင်းရေးလုပ်သားတွေရဲ့ ဆန္ဒပြပွဲကို သွားရောက်အားပေးတဲ့ ခရီးစဉ်အတွင်း သူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

Martin Luther King ကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်ဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ရောက်တိုင်း သူ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် အစိုးရရုံးပိတ်ရက်သတ်မှတ်ထားပါတယ်။ အရင်နှစ်တွေကတော့ ခုလိုနေ့ရောက်တိုင်း အထိမ်းအမှတ်ဂုဏ်ပြုတဲ့အနေနဲ့ အများပြည်သူအတွက် လုပ်အားပေးအလုပ်တွေမှာ ပြည်သူတွေ ပါဝင်လုပ်အားပေးကြပေမဲ့ ဒီနှစ်ကတော့ အဲဒီလို လူစုဝေးတဲ့ အလုပ်တွေကို မလုပ်နိုင်ကြပါဘူး။

ဝါရှင်တန်မြို့တော်ထဲမှာ အထိမ်းအမှတ်ပွဲတချို့ကို လုပ်ပေမဲ့ စီစဉ်သူတွေက လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာတွေကို ရှောင်ခဲ့သလို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ လုပ်ကြဖို့ စီစဉ်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG