သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

9/11 ႏွစ္ပတ္လည္အခမ္းအနားေတြ သမၼတ Trump နဲ႔ ဒီမုိကရက္သမၼတေလာင္း Joe Biden တုိ႔ တက္ေရာက္


သမၼတ Trump 9/11 ႏွစ္ပတ္လည္အခမ္းအနားတက္ေရာက္

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ၂၀၀၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ အၾကမ္းဖက္ အတိုက္ခိုက္ ခံရမႈမွာ ေသဆံုးခဲ့ရသူ သံုးေထာင္ေလာက္အတြက္ အေမရိကန္ျပည္သူေတြနဲ႔ အတူ သမၼတ ေဒၚနယ္ထရမ့္နဲ႔ ဒီမိုကရက္တစ္ပါတီရဲ့ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဂ်ိဳးဘိုင္ဒင္တို႔လည္း ဂါဝရျပဳခဲ့ၾကပါတယ္။

စက္တင္ဘာ ၁၁ ရက္မွာ ေသဆံုးသြားခဲ့သူေတြကို ဂုဏ္ျပဳေၾကာင္းနဲ႔ ေၾကကြဲဝမ္းနည္းရပါေၾကာင္း သမၼတ ထရမ့္က ေျပာပါတယ္။ ႏိုင္ငံတလႊားက 9/11 မိသားစုဝင္ေတြ အတြက္ အစားထိုးမရတဲ့ ဆံုးရႈံးမႈ ႀကံဳခဲ့ရတဲ့ ေနရာကို သမၼတကေတာ္နဲ႔ အတူလာေရာက္ ဂါဝရျပဳရင္း အေမရိကန္ႏိုင္ငံသား အားလံုးကို ဂရုဏာနဲ႔ေစာင့္ေရွာက္ဖို႔ ကတိေပးေၾကာင္းလည္း ေျပာပါတယ္။

သမၼတ Trump 9/11 ႏွစ္ပတ္လည္အခမ္းအနားတက္ေရာက္
သမၼတ Trump 9/11 ႏွစ္ပတ္လည္အခမ္းအနားတက္ေရာက္

သမၼတ ထရမ့္ဟာ ေသာၾကာေန႔ အေစာပိုင္းက Pennsylvania ျပည္နယ္ Shanksville နားမွာ ခရီးသည္ ၄၀ အသက္ဆံုးခဲ့ရတဲ့ ေလယာဥ္ ခရီးစဥ္ အမွတ္ ၉ ၃ အတို္က္ခိုက္ခံခဲ့ရတဲ့ ေနရာမွာ ျပဳလုပ္တဲ့ ေအာက္ေမ့ဖြယ္ အခမ္းနားကို တက္ေရာက္ မိန္႔ခြန္းေျပာခဲ့တာပါ။

ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ကေတာ့ နယူးေယာက္မွာ က်င္းပတဲ့ 9/11 အထိမ္းအမွတ္ နဲ႔ ျပတိုက္ မွာ က်င္းပတဲ့ ေအာက္ေမ့ဖြယ္ အခမ္းနားကို တက္ေရာက္ခဲ့တာ ျဖစ္ၿပီး ေသာၾကာေန႔ ညေနပိုင္းမွာ Shanksville ကို သြားေရာက္မွာ ျဖစ္ပါတယ္။

9/11 ေအာက္ေမ့ဖြယ္ေန႔မွာ မဲဆြယ္မႈေတြ ရပ္နားထားၿပီး အသက္ေပးသြားသူေတြကို ဂုဏ္ျပဳမွာ ျဖစ္ေၾကာင္းလည္း ဒီမိုကရက္တစ္ပါတီရဲ့ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဂ်ိဳးဘိုင္ဒင္က ေျပာပါတယ္။

ဒုသမၼတ Mike Pence ကလည္း နယူးေရာက္မွာ က်င္းပတဲ့ အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။

လာမယ့္ေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီရဲ့ ဒုသမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ Kamala Harris ကလည္း ဗာဂ်ီးနီးယားျပည္နယ္ Fairfax က ေအာက္ေမ့ဖြယ္အခမ္းအနားမွာ မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၉ ႏွစ္ စက္တင္ဘာ ၁၁ ရက္တုန္းက အယ္လ္ကိုင္းဒါး အစြန္းေရာက္အဖြဲ႔က ခရီးသည္တင္ေလယာဥ္ေတြကို ျပန္ေပးဆြဲတိုက္ခိုက္ခဲ့တဲ့ အတြက္ အေမရိကန္သမိုင္းမွာ အေသေပ်ာက္ အမ်ားဆံုး ျဖစ္တဲ့ လူေပါင္း သံုးေထာင္ေလာက္ အသက္ဆံုးခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

9/11 နှစ်ပတ်လည်အခမ်းအနားတွေ သမ္မတ Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့ တက်ရောက်

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် အတိုက်ခိုက် ခံရမှုမှာ သေဆုံးခဲ့ရသူ သုံးထောင်လောက်အတွက် အမေရိကန်ပြည်သူတွေနဲ့ အတူ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်တို့လည်း ဂါဝရပြုခဲ့ကြပါတယ်။


စက်တင်ဘာ ၁၁ ရက်မှာ သေဆုံးသွားခဲ့သူတွေကို ဂုဏ်ပြုကြောင်းနဲ့ ကြေကွဲဝမ်းနည်းရပါကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။ နိုင်ငံတလွှားက 9/11 မိသားစုဝင်တွေ အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု ကြုံခဲ့ရတဲ့ နေရာကို သမ္မတကတော်နဲ့ အတူလာရောက် ဂါဝရပြုရင်း အမေရိကန်နိုင်ငံသား အားလုံးကို ဂရုဏာနဲ့စောင့်ရှောက်ဖို့ ကတိပေးကြောင်းလည်း ပြောပါတယ်။

သမ္မတ ထရမ့်ဟာ သောကြာနေ့ အစောပိုင်းက Pennsylvania ပြည်နယ် Shanksville နားမှာ ခရီးသည် ၄၀ အသက်ဆုံးခဲ့ရတဲ့ လေယာဉ် ခရီးစဉ် အမှတ် ၉ ၃ အတိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာ ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းနားကို တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။

ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကတော့ နယူးယောက်မှာ ကျင်းပတဲ့ 9/11 အထိမ်းအမှတ် နဲ့ ပြတိုက် မှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းနားကို တက်ရောက်ခဲ့တာ ဖြစ်ပြီး သောကြာနေ့ ညနေပိုင်းမှာ Shanksville ကို သွားရောက်မှာ ဖြစ်ပါတယ်။

9/11 အောက်မေ့ဖွယ်နေ့မှာ မဲဆွယ်မှုတွေ ရပ်နားထားပြီး အသက်ပေးသွားသူတွေကို ဂုဏ်ပြုမှာ ဖြစ်ကြောင်းလည်း ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဒုသမ္မတ Mike Pence ကလည်း နယူးရောက်မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Kamala Harris ကလည်း ဗာဂျီးနီးယားပြည်နယ် Fairfax က အောက်မေ့ဖွယ်အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အယ်လ်ကိုင်းဒါး အစွန်းရောက်အဖွဲ့က ခရီးသည်တင်လေယာဉ်တွေကို ပြန်ပေးဆွဲတိုက်ခိုက်ခဲ့တဲ့ အတွက် အမေရိကန်သမိုင်းမှာ အသေပျောက် အများဆုံး ဖြစ်တဲ့ လူပေါင်း သုံးထောင်လောက် အသက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG