သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မာတင္လူသာကင္း အထိမ္းအမွတ္ေန႔ အေမရိကန္မွာက်င္းပ


ကန္သမၼတ Trump က မာတင္လူသာကင္း အထိမ္းအမွတ္ေက်ာက္တိုင္ကို သြားေရာက္စဥ္

(Zawgyi / Unicode)

ဇန္န၀ါရီလ ၂၀ ရက္၊ တနလၤာေန႔ဟာ အေမရိကန္ျပည္ေထာင္စုက ျပည္သူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ ေဒါက္တာ Martin Luther King, Jr. ေန႔ ႏုိင္ငံေတာ္ အားလပ္ရက္ျဖစ္ပါတယ္။ ႏွစ္စဥ္ ဇန္န၀ါရီလရဲ႕ တတိယေျမာက္ တနလၤာေန႔ကုိ ေဒါက္တာ Martin Luther King, Jr. ေန႔အျဖစ္ သတ္မွတ္ထားတာပါ။

ဒီမုိကရက္ပါတီက သမၼတကုိယ္စားလွယ္ေလာင္းေတြဟာ ေတာင္ကယ္ရုိလုိင္းနား၊ Iowa နဲ႔ တျခား ျပည္နယ္ေတြမွာ ေဒါက္တာ Martin Luther King, Jr. အထိမ္းအမွတ္ေန႔ေတြကုိ အသီးသီး က်င္းပခဲ့ၾကပါတယ္။

Martin Luther King, Jr. ေန႔အထိမ္းအမွတ္အျဖစ္နဲ႔ ဒီမုိကရက္ပါတီက ေခါင္းေဆာင္တခ်ဳိ႕ဟာ ျပည္သူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ ေခါင္းေဆာင္ေတြနဲ႔အတူ လက္ခ်င္းခ်ိတ္ၿပီး ေတာင္ကယ္ရုိင္လုိင္းနားျပည္နယ္ လႊတ္ေတာ္ အေဆာက္အဦးရွိရာကုိ တနလၤာေန႔က ခ်ီတက္ခဲ့ၾကပါတယ္။ သူတုိ႔နဲ႔အတူ ေထာင္နဲ႔ခ်ီတဲ့ျပည္သူေတြလည္း လုိက္ပါခဲ့ၾကပါတယ္။

ဒီမုိကရက္သမၼတေလာင္းေတြ ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ စကားစစ္ထုိးပြဲအၿပီး တင္းမာမႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ တဦးနဲ႔တဦး လက္ဆြဲ ႏႈတ္ဆက္ခဲ့ျခင္းမရွိတဲ့ သမၼတကုိယ္စားလွယ္ေလာင္း ေတြျဖစ္ၾကတဲ့ အထက္လႊတ္ေတာ္အမတ္ Bernie Sanders နဲ႔ Elizabeth Warren တုိ႔ ၂ ဦးဟာ ေတာင္ကယ္ရုိလုိင္းနားျပည္နယ္က Zion ဘုရားရွိခုိးေက်ာင္းအတြင္း Martin Luther King, Jr. မွာ ပထမဆုံးအႀကိမ္အျဖစ္ လက္ဆြဲ ႏႈတ္ဆက္ခဲ့ၾကပါတယ္။

တျခား ဒီမုိကရက္သမၼတကုိယ္စားလွယ္ေလာင္း အေတာ္မ်ားမ်ားဟာလည္း Iowa ျပည္နယ္ၿမိဳ႕ေတာ္ Des Moines မွာက်င္းပမယ့္ Brown and Black လူထုစည္းေ၀းပြဲကုိ တက္ေရာက္ၾကဖုိ႔ ရွိပါတယ္။ နယူးေယာက္ၿမိဳ႕ေတာ္၀န္ေဟာင္း Michael Bloomberg ကေတာ့ Arkansas ျပည္နယ္က Little Rock ၿမိဳ႕မွာ Martin Luther King, Jr. ေန႔အခမ္းအနားကုိ တက္ေရာက္မယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မာတင်လူသာကင်း အထိမ်းအမှတ်နေ့ အမေရိကန်မှာကျင်းပ

(Unicode)

ဇန်နဝါရီလ ၂၀ ရက်၊ တနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုက ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာ Martin Luther King, Jr. နေ့ နိုင်ငံတော် အားလပ်ရက်ဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့ကို ဒေါက်တာ Martin Luther King, Jr. နေ့အဖြစ် သတ်မှတ်ထားတာပါ။

ဒီမိုကရက်ပါတီက သမ္မတကိုယ်စားလှယ်လောင်းတွေဟာ တောင်ကယ်ရိုလိုင်းနား၊ Iowa နဲ့ တခြား ပြည်နယ်တွေမှာ ဒေါက်တာ Martin Luther King, Jr. အထိမ်းအမှတ်နေ့တွေကို အသီးသီး ကျင်းပခဲ့ကြပါတယ်။

Martin Luther King, Jr. နေ့အထိမ်းအမှတ်အဖြစ်နဲ့ ဒီမိုကရက်ပါတီက ခေါင်းဆောင်တချို့ဟာ ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေနဲ့အတူ လက်ချင်းချိတ်ပြီး တောင်ကယ်ရိုင်လိုင်းနားပြည်နယ် လွှတ်တော် အဆောက်အဦးရှိရာကို တနင်္လာနေ့က ချီတက်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ ထောင်နဲ့ချီတဲ့ပြည်သူတွေလည်း လိုက်ပါခဲ့ကြပါတယ်။

ဒီမိုကရက်သမ္မတလောင်းတွေ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲအပြီး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တဦးနဲ့တဦး လက်ဆွဲ နှုတ်ဆက်ခဲ့ခြင်းမရှိတဲ့ သမ္မတကိုယ်စားလှယ်လောင်း တွေဖြစ်ကြတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ Elizabeth Warren တို့ ၂ ဦးဟာ တောင်ကယ်ရိုလိုင်းနားပြည်နယ်က Zion ဘုရားရှိခိုးကျောင်းအတွင်း Martin Luther King, Jr. မှာ ပထမဆုံးအကြိမ်အဖြစ် လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။

တခြား ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း အတော်များများဟာလည်း Iowa ပြည်နယ်မြို့တော် Des Moines မှာကျင်းပမယ့် Brown and Black လူထုစည်းဝေးပွဲကို တက်ရောက်ကြဖို့ ရှိပါတယ်။ နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg ကတော့ Arkansas ပြည်နယ်က Little Rock မြို့မှာ Martin Luther King, Jr. နေ့အခမ်းအနားကို တက်ရောက်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG