သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်အမတ် John Lewis ကို Trump တုံ့ပြန်ဝေဖန်


အောက်လွှတ်တော်အမတ် John Lewis
အောက်လွှတ်တော်အမတ် John Lewis

အမေရိကန် ပြည်ထောင်စုရဲ့ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် Martin Luther King, Jr. ကို ဂုဏ်ပြုတဲ့ အားလပ်ရက် မတိုင်ခင် ရက်ပိုင်း အလိုမှာဘဲ ထင်ရှားတဲ့ ပြည်သူ့ အခွင့်အရေး လှုပ်ရှားသူ အောက်လွှတ်တေ်ာ အမတ် John Lewis ကို ရွေးကောက်ခံ သမ္မတ Donald Trump က ဝေဖန် ထိုးနှက်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ Trump အနိုင်ရအောင် ရုရှားဘက်က အကူအညီပေးဖို့ ကြိုးစားခဲ့တယ်လို့ အောက်လွှွတ်တော် အမတ် John Lewis က ယုံကြည်ထားပြီး မစ္စတာ ထရမ့်ကို တရားဝင် သမ္မတ တဦး အဖြစ် သူ့အနေနဲ့ မသတ်မှတ်ဘူးလို့ ပြောဆိုခဲ့ပြီးနောက်မှာ ရွေးကောက်ခံ သမ္မတ Trump က ဝေဖန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်က သူ့ကို ဝေဖန်နေမယ့် အစား လွှတ်တော် အမတ် အနေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒနယ်တွေအရေးကို အာရုံစိုက် အလုပ်လုပ်ရမယ်လို့ စနေနေ့ မနက်ပိုင်းမှာ တွစ်တာ စာမျက်နှာကနေ ရေးသား ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်မယ့် NBC ရုပ်သံရဲ့ Meet the Press အစီအစဉ် အတွက် ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံမေးမြန်းမှု အတွင်း မစ္စတာ Lewis က သူဟာ လူထုနဲ့ လက်တွဲ လုပ်ကိုင်ရေးကို ယုံကြည်တယ်လို့ ပြောဆိုပြီး ဒါက ခက်ခဲတယ်၊ သိပ်ကိုခက်ခဲလိမ့်မယ်လို့ ပြောဆိုပါတယ်။

အခု ရွေးကောက်ခံ သမ္မတကို တရားဝင် သမ္မတ တဦး အဖြစ် မရှုမြင်ဘူးလို့ အောက်လွှတ်တော် အမတ် Lewis က ပြောဆိုပါတယ်။ ဒီပုဂ္ဂိုလ် ရွေးကောက်ခံရဖို့ အတွက် ရုရှားဘက်က အကူအညီပေးခဲ့တယ်လို့ ထင်မြင်တဲ့ အကြောင်းလည်း မစ္စတာ Lewis က ထပ်လောင်း ပြောပါတယ်။ မစ္စတာ Lewis ကို ရွေးကောက်ခံ သမ္မတTrump က တုံပြန်ထိုးနှက်မှု အပေါ်မှာတော့ မစ္စတာ Lewis ရဲ့ ပြောခွင့်ရ Linda Jones က တုံ့ပြန်ချက် မပေးပါဘူး။

ဒါပေမယ့် နိုင်ငံတခု အနေနဲ့ ရွေးကောက်ပွဲ အပေါ်မှာ တခြား ပြည်ပ နိုင်ငံ တခုရဲ့ လွှမ်းမိုးမှု ရှိ၊ မရှိ ဆိုတာကို သိဖို့တော့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မစ္စတာ ထရမ့်ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုတော့ လွှတ်တော် အမတ် John Lewis တက်ရောက်မှာ မဟုတ်သလို မနေ့ စနေနေ့ အထိ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ဘူးလို့ ပြောဆိုထားသူ ဒီမိုကရက် အောက်လွှတ်တော် အမတ် အနည်းဆုံး ၁၆ ဦး အထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG