သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု Trump ဆက်ထားမည်


President-elect Donald Trump speaks with reporters in the lobby of Trump Tower in New York, Friday, Jan. 13, 2017. (AP Photo/Evan Vucci)
President-elect Donald Trump speaks with reporters in the lobby of Trump Tower in New York, Friday, Jan. 13, 2017. (AP Photo/Evan Vucci)

ရုရှားအစိုးရအပေါ် အမေရိကန်သမ္မတ Barack Obama အစိုးရက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေမှာ ရုရှားဘက်က ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်တော့ အဲဒီ ပိတ်ဆုံမှုတွေကို ရုပ်သိမ်းပေးဖို့အတွက် စဉ်းစားမယ်လို့ ပြောပါတယ်။

ပိတ်ဆို့မှုတွေကို အချိန်အတိုင်းအတာ တခုအထိ သူ့အနေနဲ့ ဆက်လက် ထားရှိသွားမှာဖြစ်ကြောင်း The Wall Street Journal နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း Trump က အဲဒီလို ပြောကြားလိုက်တာပါ။ ဒါပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ရုရှားဘက်က ကူညီပေးမယ်၊ အမေရိကန် ပြည်ထောင်စုအတွက် အရေးပါတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိတ်ဆုံမှုတွေ သူ့အနနဲ့ ရုပ်သိမ်းကောင်း ရုပ်သိမ်းပေးမယ်လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းပိုင် Crimea ဒေသကို သိမ်းပိုက်လိုက်ပြီးကတည်းက ရုရှားအပေါ် အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားခဲ့အတွက် သမ္မတ အိုဘားမားက ဒီဇင်ဘာလ ၂၉ ရက်နေ့က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်ခဲ့ပြီး ရုရှား သံတမန် ၃၅ ဦးကိုလည်း ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။

ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ One China Policy လို့ခေါ်တဲ့ တရုတ် တနိုင်ငံထဲဆိုတဲ့ မူဝါဒအပေါ် အမေရိကန် အစိုးရက ထားရှိတဲ့ သဘောထားဟာလည်း ပြည်လည် ဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်လို့ The Wall Street Journal နဲ့ မေးမြန်းခန်းအတွင်း Donald Trump က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG