သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Martin Luther King အောက်မေ့ဘွယ်နေ့ အမေရိကန်မှာ ကျင်းပ


နိုင်ငံတဝှမ်းမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေဟာ လူမျိုးရေး ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးအတွက် မရပ်မနား ကြိုးပမ်း ဆောင်ရွက်ခဲ့သူ၊ အကြမ်းမဖက် လှုတ်ရှားမှုရဲ့ အောင်ပွဲကို သဘောပေါက်နားလည်သူ Martin Luther King Jr အထိမ်းအမှတ် အမျိုးသား အားလပ်ရက်ကို ဂုဏ်ပြု ဆင်နွဲနေကြပါတယ်။

၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၆၀ ခုနှစ်တွေ အတွင်း လူမည်းတွေအတွက် တမ်းတူညီမျှ အခွင့်အရေးခံစားပိုင်ခွင့် ရရှိဖို့နဲ့ မဲပေးပိုင်ခွင့်ရရှိရေး တို့အတွက် အကြမ်းမဖက်တဲ့ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်စီစဉ်လှုပ်ရှားခဲ့သူ လူမည်းခေါင်းဆောင် Kingကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇန်နဝါရီလ ရဲ့ တတိယမြောက် တနင်္လာနေ့ကို တနိုင်ငံလုံး အားလပ်ရက် အဖြစ် ကွန်ဂရက် လွှတ်တော်က ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Martin Luther King အသက်ထင်ရှား ရှိစဉ်က ကြိုးပမ်းအားထုတ် ခဲ့တာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီနေ့မှာ ရပ်ရွာကောင်းကျိုးဆိုင်ရာ စီမံချက်တွေကို လုပ်ဆောင်လေ့ ရှိကြပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာတော့ ၂၀၁၁ ခုနှစ်တုံးက ဖွင့်လှစ်ခဲ့တဲ့ King Memorial အထိမ်းအမှတ် ကျောက်ရုပ်တုကြီး ရှိရာနေရာမှာ စုဝေးကြပြီး ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

သောကြာနေ့က ကြိုတင်ကျင်းပခဲ့တဲ့ အခမ်းအနားမှာ သမ္မတဒေါ်နယ်ထရမ့်က တရားမျှတမှုနဲ့ တမ်းတူညီမျှမှု ရှိရေးအတွက် King ရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ King ဟာ Tennessee ပြည်နယ် Memphic မှာ ၁၉၆၈ က လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရပါတယ်။

Martin Luther King အောက်မေ့ဘွယ်နေ့ အမေရိကန်မှာ ကျင်းပ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG