သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင်လူသားကင်းနေ့ အမေရိကန်တဝှမ်းဂုဏ်ပြု


Dr. Martin Luther King Jr. ၁၉၆၃ ခုနှစ် သြဂုတ်လက ဝါရှင်တန် ဒီစီတွင် မိန့်ခွန်းပြော
Dr. Martin Luther King Jr. ၁၉၆၃ ခုနှစ် သြဂုတ်လက ဝါရှင်တန် ဒီစီတွင် မိန့်ခွန်းပြော

အမေရိကန်ပြည်ထောင်စုမှာတော့ ဒီကနေ့ တနင်္လာနေ့ဟာ အသားအရောင်ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်စေရေး အကြမ်းမဖက် အနုနည်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာကို ဂုဏ်ပြုတဲ့ နိုင်ငံတော် အားလပ်ရပ်နေ့ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ တတိယပတ်ရဲ့ တနင်္လာနေ့ကို မာတင်လူသာကင်း နေ့ အဖြစ် သတ်မှတ် ထားတာပါ။ လူမဲပြည်သူတွေ အတွက် တန်းတူအခွင့်အရေး နဲ့ မဲပေးပိုင်ခွင့် ရရှိစေဖို့အတွက် ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်လွန်နှစ်ကာလတွေအတွင်း အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဆန္ဒပြပွဲကြီးတွေကို မာတင်လူသာကင်း ဂျူနီယာက ဦးဆောင်ခဲ့တာပါ။

ကိုယ့်ရပ်ရွာဒေသ အများအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပြီး လူမျိုးရေးခွဲခြားမှုတွေ အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ အားပေးနိုးဆော်ခဲ့တဲ့ မစ္စတာ ကင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီအားလပ်ရက်နေ့ကို နိုင်ငံမှာ အများပြည်သူအကျိုးကို ဆောင်ရွက်တဲ့နေ့အဖြစ်နဲ့ ၁၉၉၄ မှာ လွှတ်တော်က သတ်မှတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာတော့ တိုင်းပြည်တဝှမ်းက ပြည်သူတွေဟာ အများအကျိုး လုပ်ငန်းတွေကို ဆောင်ရွက်ရင်း အားလပ်ရပ် အထိမ်းအမှတ်ကို ဆင်နွှဲလေ့ရှိကြပါတယ်။

အမေရိကန်သမ္မတ Donald Trump လည်း မာတင်လူသာကင်းနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတခုကို တက်ရောက်ခဲ့ပြီး တရားမျှတရေးနဲ့ တန်းတူညီမျှရေးအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့သူတဦးအဖြစ် မစ္စတာကင်းကို ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG