[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စု ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ ဗုဒၶဟူးေန႔က်င္းပမယ့္ သမၼတသစ္က်မ္းက်ိန္ပဲြအတြက္ တာဝန္ခ်ထားတဲ့ လုံျခံဳေရးအရန္တပ္ဖဲြ႔ဝင္ ၂၅,၀၀၀ ရဲ႕ လံုၿခံဳေရးဆုိင္ရာ ေနာက္ေၾကာင္းရာဇဝင္ကို FBI စစ္ေဆးေနပါတယ္။ တပ္တြင္းကေန ပုန္ကန္တိုက္ခိုက္မယ့္ စိုးရိမ္မႈေတြ ႐ွိေနတာေၾကာင့္ ခုလို စစ္ေဆးေနတာျဖစ္ပါတယ္။ ၾကည္းတပ္အတြင္းဝန္ Ryan McCarthy ကေတာ့ သူေရာ တျခားေခါင္းေဆာင္ေတြပါ အႏၱရာယ္တစံုတရာ႐ွိတဲ့ အေထာက္အထား မေတြ႔ေၾကာင္းနဲ႔ စစ္ေဆးမႈေတြမွာလည္း စိတ္ပူစရာအေျခအေန မေတ႔ြရေၾကာင္း AP သတင္းဌာနကကို ခုလိုေျပာၾကားပါတယ္။
"ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ တာဝန္ခ်ထားသမ ွ် တပ္ဖဲြ႔ဝင္အားလံုးရဲ႕ လံုၿခံဳေရးဆုိင္ရာ ေနာက္ေၾကာင္းကို တပ္တြင္းမွာလိုပဲ FBI က စစ္ေဆးေနေၾကာင္းနဲ႔ တေယာက္မက်န္ကို ဒုတိယအႀကိမ္၊ တတိယအႀကိမ္ စစ္ေဆးမႈေတြ ဆက္လုပ္ေနေၾကာင္း" ၾကည္းတပ္အတြင္းဝန္ Ryan McCarthy ကေျပာပါတယ္။
က်မ္းက်ိန္ပဲြ မတိုင္ခင္ အဖဲြ႔တခ်ဳိ႕က လက္နက္ကိုင္ခ်ီတက္ၾကဖုိ႔ စီစဥ္ေနတဲ့ ေထာက္လွမ္းေရးသတင္းေတြ ရထားတယ္လို႔လည္း သူကေျပာပါတယ္။ သမၼတ Donald Trump အေပၚ ေထာက္ခံသူေတြ လႊတ္ေတာ္အေဆာက္အဦးအေပၚ အတင္းဝင္ေရာက္တိုက္ခိုက္မႈျဖစ္ထားၿပီး သီတင္း ၂ ပတ္အၾကာ အဲဒီအေဆာက္အဦးမွာပဲ သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပြဲကုိ ျပဳလုပ္မယ့္အတြက္ လံုၿခံဳေရးကို ပိုၿပီး အထူအထပ္ခ် တင္းၾကပ္ထားပါတယ္။ Capitol Hill လႊတ္ေတာ္အေဆာက္အဦး ပတ္လည္ကို ၿခံစည္း႐ိုးအျမင့္ေတြ ကာထားသလို လက္နက္ကိုင္အေစာင့္ေတြကိုလည္း ခ်ထားပါတယ္။
လႊတ္ေတာ္ေ႐ွ႕က ျပည္သူ႔ရင္ျပင္ကိုလည္း ပိတ္ထားၿပီး လမ္းတေလ ွ်ာက္မွာ႐ွိတဲ့ ေျမေအာက္ရထားဘူတာေတြကိုလည္း ပိတ္ထားပါတယ္။ ဝါ႐ွင္တန္ၿမိဳ႕လယ္ ေနရာေတာ္ေတာ္မ်ားမ်ား အျပင္ Virginia ျပည္နယ္ဘက္ကေန ဝါ႐ွင္တန္ဒီစီကို သြားတဲ့ တံတားေတြအားလံုးကိုလည္း ပိတ္ထားပါတယ္။ အရန္တပ္ဖဲြ႔ဝင္ေတြအျပင္ တရားဥပေဒစိုးမိုးေရးတပ္ဖဲြ႔ဝင္ ေထာင္နဲ႔ခ်ီလည္း ၿမိဳ႕ေတာ္အႏွ႔ံမွာ ျဖန္႔ခ်ထားပါတယ္။
[Unicode Version]
သမ္မတသစ်ကျမ်းသစ္စာဆိုပွဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့နောက်ကြောင်း စစ်ဆေး
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် သမ္မတသစ်ကျမ်းကျိန်ပွဲအတွက် တာဝန်ချထားတဲ့ လုံခြုံရေးအရန်တပ်ဖွဲ့ဝင် ၂၅,၀၀၀ ရဲ့ လုံခြုံရေးဆိုင်ရာ နောက်ကြောင်းရာဇဝင်ကို FBI စစ်ဆေးနေပါတယ်။ တပ်တွင်းကနေ ပုန်ကန်တိုက်ခိုက်မယ့် စိုးရိမ်မှုတွေ ရှိနေတာကြောင့် ခုလို စစ်ဆေးနေတာဖြစ်ပါတယ်။ ကြည်းတပ်အတွင်းဝန် Ryan McCarthy ကတော့ သူရော တခြားခေါင်းဆောင်တွေပါ အန္တရာယ်တစုံတရာရှိတဲ့ အထောက်အထား မတွေ့ကြောင်းနဲ့ စစ်ဆေးမှုတွေမှာလည်း စိတ်ပူစရာအခြေအနေ မတေ့ွရကြောင်း AP သတင်းဌာနကကို ခုလိုပြောကြားပါတယ်။
"ဝါရှင်တန်မြို့တော်မှာ တာဝန်ချထားသမ ျှ တပ်ဖွဲ့ဝင်အားလုံးရဲ့ လုံခြုံရေးဆိုင်ရာ နောက်ကြောင်းကို တပ်တွင်းမှာလိုပဲ FBI က စစ်ဆေးနေကြောင်းနဲ့ တယောက်မကျန်ကို ဒုတိယအကြိမ်၊ တတိယအကြိမ် စစ်ဆေးမှုတွေ ဆက်လုပ်နေကြောင်း" ကြည်းတပ်အတွင်းဝန် Ryan McCarthy ကပြောပါတယ်။
ကျမ်းကျိန်ပွဲ မတိုင်ခင် အဖွဲ့တချို့က လက်နက်ကိုင်ချီတက်ကြဖို့ စီစဉ်နေတဲ့ ထောက်လှမ်းရေးသတင်းတွေ ရထားတယ်လို့လည်း သူကပြောပါတယ်။ သမ္မတ Donald Trump အပေါ် ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးအပေါ် အတင်းဝင်ရောက်တိုက်ခိုက်မှုဖြစ်ထားပြီး သီတင်း ၂ ပတ်အကြာ အဲဒီအဆောက်အဦးမှာပဲ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်မယ့်အတွက် လုံခြုံရေးကို ပိုပြီး အထူအထပ်ချ တင်းကြပ်ထားပါတယ်။ Capitol Hill လွှတ်တော်အဆောက်အဦး ပတ်လည်ကို ခြံစည်းရိုးအမြင့်တွေ ကာထားသလို လက်နက်ကိုင်အစောင့်တွေကိုလည်း ချထားပါတယ်။
လွှတ်တော်ရှေ့က ပြည်သူ့ရင်ပြင်ကိုလည်း ပိတ်ထားပြီး လမ်းတလေ ျှာက်မှာရှိတဲ့ မြေအောက်ရထားဘူတာတွေကိုလည်း ပိတ်ထားပါတယ်။ ဝါရှင်တန်မြို့လယ် နေရာတော်တော်များများ အပြင် Virginia ပြည်နယ်ဘက်ကနေ ဝါရှင်တန်ဒီစီကို သွားတဲ့ တံတားတွေအားလုံးကိုလည်း ပိတ်ထားပါတယ်။ အရန်တပ်ဖွဲ့ဝင်တွေအပြင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင် ထောင်နဲ့ချီလည်း မြို့တော်အနှံ့မှာ ဖြန့်ချထားပါတယ်။