သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးချုပ် တရားသူကြီး Sotomayor ရှေ့မှောက်မှာ Kamala Harris ကျမ်းသစ္စာကျိန်ဆိုမည်

အမေရိကန် ရွေးကောက်ခံ ဒုသမ္မတ Kamala Harris. (နိုဝင်ဘာ ၂၄၊ ၂၀၂၀)
အမေရိကန် ရွေးကောက်ခံ ဒုသမ္မတ Kamala Harris. (နိုဝင်ဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဇန်နဝါရီလ ၂၀ ဗုဒ္ဓဟူးနေ့မှာ အရွေးကောက်ခံ ဒုသမ္မတ Kamala Harris ဟာ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Sonia Sotomayor နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်တဲ့အတွက် ဒါဟာ ပထမဆုံး လက်တင်အမေရိကနွယ်ဖွား တရားသူကြီးဆီမှာ ပထမဆုံး လူမည်းနဲ့ တောင်အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

အရွေးကောက်ခံ ဒုသမ္မတ Harris က သူကျမ်းသစ္စာကျိန်ဆိုဖို့ တရားသူကြီး Sotomayor ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် သူမဟာ ကျမ်းစာအုပ် ၂ အုပ်နဲ့ ကျမ်းကျိန်မှာဖြစ်ပြီး တအုပ်က ပထမဆုံး လူမည်း နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Thurgood Marshall ရဲ့ သမ္မာကျမ်းစာအုပ် ဖြစ်ပါတယ်။

သူတို့ ၂ ဦးစလုံးကို လေးစားမြတ်နိုးကြောင်း ပြောကြားခဲ့တဲ့ Harris က သူနဲ့ Sotomayor ဟာ အစိုးရရှေ့နေတွေအဖြစ် အတွေ့အကြုံတွေ မျှဝေခဲ့ကြောင်းနဲ့ သူ့လိုပဲ Howard က ဘွဲ့ရခဲ့တဲ့ Marshall ကိုတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ်တွေထဲက တဦးအဖြစ် သတ်မှတ်ထားတာပါ။ သူ ရှေ့နေဖြစ်ချင်တဲ့ အဓိက အကြောင်းရင်းတွေထဲက တခုက Marshall ကြောင့်ဖြစ်ကြောင်းလည်း သူ့တွစ်တာမှာ ရေးပါတယ်။

Sotomayor အတွက် အခုပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကတော့ ၂၀၁၃ ခုနှစ်မှာ အရွေးကောက်ခံ ဒုသမ္မတ Joe Biden ကျမ်းသစ္စာကျိန်ဆိုတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)





Sotomayor အတှကျ အခုပှဲဟာ ဒုတိယအကွိမျမွောကျဖွဈပွီး ပထမအကွိမျကတော့ ၂၀၁၃ ခုနှဈမှာ အရှေးကောကျခံ ဒုသမ်မတ Joe Biden ကမြျးသစ်စာကြိနျဆိုတာ ဖွဈပါတယျ။

This item is part of
XS
SM
MD
LG