သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတက်မ္းသစၥာဆိုပဲြအႀကိဳ လံုျခံဳေရးတင္းၾကပ္


လံုျခံဳေရးတင္းၾကပ္ထားတဲ့ ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီရဲ႕ ျမင္ကြင္း။ (ဇန္နဝါရီ ၁၈၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု၊ ၀ါရွင္တန္ဒီစီမွာ ဇန္န၀ါရီလ ၂၀ ရက္ေန႔က်ရင္ က်မ္းသစၥာက်ိန္ဆိုၿပီးတာနဲ႔ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္းဒန္ဟာ အေမရိကန္ျပည္ေထာင္စုရဲ ႔ သမၼတသစ္တဦးအျဖစ္စတင္တာ၀န္ယူမွာ ျဖစ္ပါတယ္။ ရာထူးတာ၀န္ၿပီးဆုံးေတာ့မယ့္ သမၼတ Donald Trump ကို ေထာက္ခံသူေတြ ဒီလအေစာပိုင္းက လႊတ္ေတာ္အေဆာက္အအုံထဲ ၀င္ေရာက္စီးနင္းခဲ့တ့ဲျဖစ္ရပ္ေနာက္ပိုင္း အေမရိကန္မွာ ဆိုးရြားတဲ့ ကြဲျပားမႈေတြနဲ႔ ရင္ဆုိင္ေနရေပမယ္႔ မၾကာခင္ စည္းလုံးညီညႊတ္လာဖု႔ိ ေမ ွ်ာ္မွန္းေနၾကတာပါ။ Mike O’Sullivan သတင္းေပးပို႔ထားတာကို နန္းေလာင္၀္က တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ၄ ႏွစ္ တႀကိမ္က်င္းပတဲ့ ႏုိင္ငံရဲ ႔အေရးအႀကီးဆုံး အခမ္းအနားတခုျဖစ္တဲ့ သမၼတက်မ္းသစၥာက်ိန္ဆိုပြဲအတြက္ လုံၿခဳံေရးေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားပါၿပီ။ ျပည္တြင္းစစ္ကာလေနာက္ပိုင္း လူ႔ျမင္ကြင္းကေန ေပ်ာက္ကြယ္ေနတဲ့ စစ္ဘ က္တပ္ဖြဲ႔၀င္ေတြကိုလည္း ၀ါရွင္တန္မွာ ေတြ႔ျမင္ေနရတာပါ။ ေအာက္လႊတ္ေတာ္ကလည္း ရာထူးတာ၀န္ၿပီးဆုံးေတာ့မယ့္ သမၼတ Trump ကို ဒုတိယအႀကိမ္တရားစြဲဆိုဖို႔ ၿပီးခဲ့တဲ့တပတ္မွာတင္ မဲခြဲဆုံးျဖတ္ထားတာပါ။

မစၥတာ ဘုိင္ဒန္ရဲ ႔ က်မ္းသစၥာက်ိန္ဆိုပြဲေဆာင္ပုဒ္ကေတာ့ "America United" "အေမရိကန္စည္းလုံးညီညႊတ္ေရး" ျဖစ္ပါတယ္။ ဒီရည္မွန္းခ်က္ျပည့္မွီဖို႔ စိန္ေခၚမႈေတြေတာ့ ရွိပါတယ္။ က်မ္းသစၥာ က်ိန္ဆုိပြဲလုံၿခဳံေရးအတြက္ ရဲတပ္ဖြဲ႔၀င္ေတြသာမက လုံၿခဳံေရးအရန္တပ္ဖြဲ႔၀င္ ၂၅,၀၀၀ ေလာက္ ၀ါရွင္တန္မွာေရာက္ေနပါတယ္။ လႊတ္ေတာ္ရဲတပ္ဖြဲ႔ အႀကီးအကဲေဟာင္းကေတာ့ လုံၿခဳံေရးအေျခအေန စိတ္ခ်ရပါတယ္လို႔ VOA ကို ခုလို ေျပာပါတယ္။

"က်မ္းသစၥာကိ်န္ဆိုပြဲ လုံၿခဳံေရးအတြက္ ျပင္ဆင္ေဆာင္ရြက္လာတာ တႏွစ္ေက်ာ္ရွိပါၿပီ။ အဲဒီလုပ္ငန္းတခ်ိဳ ႔ကို က်ေနာ္တာ၀န္ယူခဲ့တာပါ။ အထူးလုံၿခဳံေရးတပ္ဖြဲ႔ေတြ၊ FBI နဲ႔ လြႊတ္ေတ္ာရဲတပ္ဖြဲ႔ကို အားျဖည့္ေပးဖို႔အတြက္ ခရိုင္ေတြကေန တရားဥပေဒစိုးမိုးေရး အရာရွိေပါင္း ၅,၀၀၀ ေလာက္လည္းေရာက္လာမွာျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံရဲ ႔ သမၼတသစ္တဦး က်မ္းသစၥာကိ်န္ဆိုပြဲ ေခ်ာေခ်ာေမြ႔ေမြ႔ၿပီးေျမာက္သြားမယ္ဆုိတာ က်ေနာ္ကေတာ့ အျပည့္အ၀ယုံၾကည္ပါတယ္။"

ကပ္ေရာဂါကာလအတြင္း က်င္းပတဲ့ ဒီအခမ္းအနား ေဘးကင္းလုံၿခဳံမႈ ရွိဖို႔အျပင္ ေရာဂါမကူးႏုိ္င္ေအာင္ လူေတြ ခပ္ခြါခြါေနရာခ်ထားဖို႔လည္း စီစဥ္ထားပါတယ္။ ေအာင္ပြဲအခမ္းအနားအေတာ္မ်ားမ်ားကိုလည္း အြန္လိုင္းကေနပဲ က်င္းပမွာျဖစ္ပါတယ္။ ကမၻာေက်ာ္႐ုပ္ရွင္မင္းသားႀကီး Tom Hanks အခမ္းအနားမွဴးအျဖစ္ တာ၀န္ယူမယ့္ ေအာင္ပြဲရ အခမ္းအနားမွာေတာ့ Lady Gaga နဲ႔ Jennifer Lopez တို႔လို နာမည္ႀကီးအနုပညာရွင္ေတြက ေဖ်ာ္ေျဖတင္ဆက္ၾကမွာလည္းျဖစ္ပါတယ္။

ဒီကာလအတြင္း ၀ါရွင္တန္ၿမိဳ ႔ထဲက ေနရာအေတာ္မ်ားမ်ား ပိတ္ထားမွာပါ။ က်မ္းသစၥာက်ိန္ဆိုပြဲအတြက္ လာေရာက္တတ္ၾကတဲ့ ေထာင္ေသာင္းခ်ီတဲ့လူေတြကို ကုိယ္စားျပဳတဲ့အေနနဲ႔ ႏုိင္ငံေတာ္အလံေတြကိုလည္း လႊင့္ထူထားၾကပါတယ္။ ျပည္နယ္ၿမိဳ ႔ေတာ္ေတြမွာလည္း ဆႏၵျပပြဲေတြေပၚေပါက္ေနတဲ့အတြက္ ျပည္နယ္ ၅၀ မွာရွိတဲ့ လႊတ္ေတာ္အေဆာက္အအုံေတြကိုလည္း လုံၿခဳံေရးေတြ တိုးျမွင့္ခ်ထားတာပါ။ လတ္တေလာ ေကာက္ယူထားတဲ့လူထုသေဘာထား စစ္တမ္းေတြအရ အေမရိကန္ျပည္သူ ၄ ပုံ ၃ ပုံေလာက္က လာမယ့္ရက္အတြင္း အၾကမ္းဖက္မႈေတြေပၚေပါက္လာမွာကိုစိုးရိမ္ေနၾကပါတယ္။ ျပည္သူေတြရဲ ႔ လိုအပ္ခ်က္အနဲ႔ ကင္းကြာေနတဲ့ ႏုိင္ငံေရးသမားေတြေၾကာင့္ တင္းမာမႈေတြ ပိုတိုးလာတယ္လို႔လည္း အမ်ိဳးသမီးတေယာက္က ခုလိုေျပာပါတယ္။

"ႏုိ္င္ငံေရးသမားေတြက သူတုိ႔ကုိယ္စားျပဳထားတဲ့ လူမႈအသိုင္းအ၀ုိင္းရဲ ႔လိုအပ္ခ်က္ေတြနဲ႔ တခါတေလ လုံး၀ ကင္းကြာသြားတတ္ၾကတယ္လို႔ ထင္ပါတယ္။ က်မကေတာ့ ႏုိင္ငံေရးစနစ္ပ်က္စီးေနၿပီလို႔ထင္ပါတယ္။"

ေလယာဥ္မယ္ေတြျဖစ္ၾကတဲ့ Laura နဲ႔ Linda တို႔ကေတာ့ သူငယ္ခ်င္းေတြျဖစ္ေပမဲ့ ႏုိင္ငံေရးခံယူခ်က္ေတာ့ ကြဲျပားၾကပါတယ္။ ဒါေပမဲ့လည္း သူတို႔ ၂ ေယာက္စလုံး သေဘာတူတာတခုေတာ့ ရွိပါတယ္။ ဒါကေတာ့ အေမရိကန္ျပည္သူေတြ စည္းလုံးညီညႊတ္မႈ ရွိရမယ္ဆိုတဲ့အခ်က္ပါ။ လက္ယာယိမ္းတဲ့သူေတြေရာ၊ လက္၀ဲဘက္ယိမ္းတဲ့သူေတြကပါ အစြန္းေရာက္လြန္းတယ္လို႔ သူတို႔ ၂ ေယာက္စလုံး ထင္ျမင္ယူဆေနၾကတာပါ။

မစၥတာဘုိင္ဒန္ရင္ဆုိင္ရမယ့္ စိန္ေခၚခ်က္ေတြထဲမွာ ရန္လိုေနတဲ့ ေျမာက္ကိုရီးယားႏိုင္ငံအေရးကိစၥလည္း ပါ၀င္ပါတယ္။ ေျမာက္ကိုရီးယား လတ္တေလာက်င္းပခဲ့တဲ့ စစ္ေရးျပအခမ္းအနားမွာ လက္နက္သစ္ေတြကို အစိုးရပိုင္ရုပ္သံကေန ထုတ္လႊင့္ျပသသြားတာပါ။ ျပည္တြင္း စိန္ေခၚခ်က္ေတြထဲမွာေဆိုရင္ေတာ့ COVID ေရာဂါကူးစက္မႈေတြ တရွိန္ထိုးတက္လာေနတာ၊ အလုပ္လက္မဲ့ျပႆနာနဲ႔ ႏုိင္ငံေရးအရ ကြဲျပားမႈေတြပါ၀င္ပါတယ္။ ေကာလိပ္ပါေမာကၡတဦးျဖစ္တဲ့ Anwar Huq ကလည္း ျပည္သူေတြ ေရွ ႔ဆက္သြားဖို႔ ဆႏၵရွိေနၾကပါတယ္လို႔ ေျပာပါတယ္။ အေမရိကန္ျပည္သူျပည္သားအေတာ္မ်ားမ်ားကလည္း မစၥတာဘိုင္ဒန္ အစိုးရလက္ထက္မွာ ႏိုင္ငံစည္းလုံးညီညႊတ္လာဖု႔ိ အေကာင္းျမင္ ေမ ွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတကျမ်းသစ္စာဆိုပွဲအကြို လုံခြုံရေးတင်းကြပ်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်းဒန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်တဦးအဖြစ်စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတ Donald Trump ကို ထောက်ခံသူတွေ ဒီလအစောပိုင်းက လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း အမေရိကန်မှာ ဆိုးရွားတဲ့ ကွဲပြားမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် မကြာခင် စည်းလုံးညီညွှတ်လာဖု့ိ မေ ျှာ်မှန်းနေကြတာပါ။ Mike O’Sullivan သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၄ နှစ် တကြိမ်ကျင်းပတဲ့ နိုင်ငံရဲ့အရေးအကြီးဆုံး အခမ်းအနားတခုဖြစ်တဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပါပြီ။ ပြည်တွင်းစစ်ကာလနောက်ပိုင်း လူ့မြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ စစ်ဘ က်တပ်ဖွဲ့ဝင်တွေကိုလည်း ဝါရှင်တန်မှာ တွေ့မြင်နေရတာပါ။ အောက်လွှတ်တော်ကလည်း ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတ Trump ကို ဒုတိယအကြိမ်တရားစွဲဆိုဖို့ ပြီးခဲ့တဲ့တပတ်မှာတင် မဲခွဲဆုံးဖြတ်ထားတာပါ။

မစ္စတာ ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဆောင်ပုဒ်ကတော့ "America United" "အမေရိကန်စည်းလုံးညီညွှတ်ရေး" ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ပြည့်မှီဖို့ စိန်ခေါ်မှုတွေတော့ ရှိပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေသာမက လုံခြုံရေးအရန်တပ်ဖွဲ့ဝင် ၂၅,၀၀၀ လောက် ဝါရှင်တန်မှာရောက်နေပါတယ်။ လွှတ်တော်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်းကတော့ လုံခြုံရေးအခြေအနေ စိတ်ချရပါတယ်လို့ VOA ကို ခုလို ပြောပါတယ်။

"ကျမ်းသစ္စာကျိန်ဆိုပွဲ လုံခြုံရေးအတွက် ပြင်ဆင်ဆောင်ရွက်လာတာ တနှစ်ကျော်ရှိပါပြီ။ အဲဒီလုပ်ငန်းတချို့ကို ကျနော်တာဝန်ယူခဲ့တာပါ။ အထူးလုံခြုံရေးတပ်ဖွဲ့တွေ၊ FBI နဲ့ လွှတ်တေ်ာရဲတပ်ဖွဲ့ကို အားဖြည့်ပေးဖို့အတွက် ခရိုင်တွေကနေ တရားဥပဒေစိုးမိုးရေး အရာရှိပေါင်း ၅,၀၀၀ လောက်လည်းရောက်လာမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သမ္မတသစ်တဦး ကျမ်းသစ္စာကျိန်ဆိုပွဲ ချောချောမွေ့မွေ့ပြီးမြောက်သွားမယ်ဆိုတာ ကျနော်ကတော့ အပြည့်အဝယုံကြည်ပါတယ်။"

ကပ်ရောဂါကာလအတွင်း ကျင်းပတဲ့ ဒီအခမ်းအနား ဘေးကင်းလုံခြုံမှု ရှိဖို့အပြင် ရောဂါမကူးနိုင်အောင် လူတွေ ခပ်ခွါခွါနေရာချထားဖို့လည်း စီစဉ်ထားပါတယ်။ အောင်ပွဲအခမ်းအနားအတော်များများကိုလည်း အွန်လိုင်းကနေပဲ ကျင်းပမှာဖြစ်ပါတယ်။ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Tom Hanks အခမ်းအနားမှူးအဖြစ် တာဝန်ယူမယ့် အောင်ပွဲရ အခမ်းအနားမှာတော့ Lady Gaga နဲ့ Jennifer Lopez တို့လို နာမည်ကြီးအနုပညာရှင်တွေက ဖျော်ဖြေတင်ဆက်ကြမှာလည်းဖြစ်ပါတယ်။

ဒီကာလအတွင်း ဝါရှင်တန်မြို့ထဲက နေရာအတော်များများ ပိတ်ထားမှာပါ။ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လာရောက်တတ်ကြတဲ့ ထောင်သောင်းချီတဲ့လူတွေကို ကိုယ်စားပြုတဲ့အနေနဲ့ နိုင်ငံတော်အလံတွေကိုလည်း လွှင့်ထူထားကြပါတယ်။ ပြည်နယ်မြို့တော်တွေမှာလည်း ဆန္ဒပြပွဲတွေပေါ်ပေါက်နေတဲ့အတွက် ပြည်နယ် ၅၀ မှာရှိတဲ့ လွှတ်တော်အဆောက်အအုံတွေကိုလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတာပါ။ လတ်တလော ကောက်ယူထားတဲ့လူထုသဘောထား စစ်တမ်းတွေအရ အမေရိကန်ပြည်သူ ၄ ပုံ ၃ ပုံလောက်က လာမယ့်ရက်အတွင်း အကြမ်းဖက်မှုတွေပေါ်ပေါက်လာမှာကိုစိုးရိမ်နေကြပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အနဲ့ ကင်းကွာနေတဲ့ နိုင်ငံရေးသမားတွေကြောင့် တင်းမာမှုတွေ ပိုတိုးလာတယ်လို့လည်း အမျိုးသမီးတယောက်က ခုလိုပြောပါတယ်။

"နိုင်ငံရေးသမားတွေက သူတို့ကိုယ်စားပြုထားတဲ့ လူမှုအသိုင်းအဝိုင်းရဲ့လိုအပ်ချက်တွေနဲ့ တခါတလေ လုံး၀ ကင်းကွာသွားတတ်ကြတယ်လို့ ထင်ပါတယ်။ ကျမကတော့ နိုင်ငံရေးစနစ်ပျက်စီးနေပြီလို့ထင်ပါတယ်။"

လေယာဉ်မယ်တွေဖြစ်ကြတဲ့ Laura နဲ့ Linda တို့ကတော့ သူငယ်ချင်းတွေဖြစ်ပေမဲ့ နိုင်ငံရေးခံယူချက်တော့ ကွဲပြားကြပါတယ်။ ဒါပေမဲ့လည်း သူတို့ ၂ ယောက်စလုံး သဘောတူတာတခုတော့ ရှိပါတယ်။ ဒါကတော့ အမေရိကန်ပြည်သူတွေ စည်းလုံးညီညွှတ်မှု ရှိရမယ်ဆိုတဲ့အချက်ပါ။ လက်ယာယိမ်းတဲ့သူတွေရော၊ လက်ဝဲဘက်ယိမ်းတဲ့သူတွေကပါ အစွန်းရောက်လွန်းတယ်လို့ သူတို့ ၂ ယောက်စလုံး ထင်မြင်ယူဆနေကြတာပါ။

မစ္စတာဘိုင်ဒန်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေထဲမှာ ရန်လိုနေတဲ့ မြောက်ကိုရီးယားနိုင်ငံအရေးကိစ္စလည်း ပါဝင်ပါတယ်။ မြောက်ကိုရီးယား လတ်တလောကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ လက်နက်သစ်တွေကို အစိုးရပိုင်ရုပ်သံကနေ ထုတ်လွှင့်ပြသသွားတာပါ။ ပြည်တွင်း စိန်ခေါ်ချက်တွေထဲမှာဆေိုရင်တော့ COVID ရောဂါကူးစက်မှုတွေ တရှိန်ထိုးတက်လာနေတာ၊ အလုပ်လက်မဲ့ပြဿနာနဲ့ နိုင်ငံရေးအရ ကွဲပြားမှုတွေပါဝင်ပါတယ်။ ကောလိပ်ပါမောက္ခတဦးဖြစ်တဲ့ Anwar Huq ကလည်း ပြည်သူတွေ ရှေ့ဆက်သွားဖို့ ဆန္ဒရှိနေကြပါတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်သူပြည်သားအတော်များများကလည်း မစ္စတာဘိုင်ဒန် အစိုးရလက်ထက်မှာ နိုင်ငံစည်းလုံးညီညွှတ်လာဖု့ိ အကောင်းမြင် မေ ျှာ်လင့်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG