သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် Kamala Harris ရဲ့ ရုပ်ပုံလွှာတပိုင်းတစ


ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် Kamala Harris
ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် Kamala Harris

(Zawgyi/Unicode)

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီးတဦး အနေနဲ့ အနိုင်ရခဲ့သူ ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ဟာ ဒီသီတင်းပတ် အတွင်း သမိုင်းမှတ်တိုင် တင်ခဲ့ပါပြီ။ အမေရိကန် အစိုးရရဲ့ ဒုတိယ အာဏာအကြီးဆုံး ရာထူးနေရာ အထိ လျှောက်လှမ်းလာတဲ့ မစ္စ Harris ရဲ့ အကြောင်းစုစည်းတင်ပြထားတဲ့ ဗွီအိုအေရဲ့ လွှတ်တော်ဆိုင်ရာ တာဝန်ခံ Katherine Gypson ရဲ့ ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အမေရိကန် ပြည်ထောင်စုရဲ့ သမိုင်းဝင် အခိုက်အတန့် တခုပါ။

ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris က

“ဒီရာထူး အတွက် ကျမက ပထမဆုံး အမျိုးသမီးပါ။ ဒါပေမယ့် နောက်ဆုံး မဟုတ်နိုင်ပါဘူး။”

အမေရိကန်ရဲ့ ဒုတိယ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ဖို့ လူမည်းနဲ့ အိန္ဒိယ အနွယ် အမေရိကန် အမျိုးသမီး တဦးဖြစ်တဲ့ သူမကို ရွေးချယ်ခဲ့ကြတဲ့ အတွက်လည်း ရွေးကောက်ခံ သမ္မတ Joe Biden နဲ့ မဲဆန္ဒရှင်တွေကို အသက် ၅၆ နှစ် အရွယ် Harris က ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဗာဂျီးနီးယား တက္ကသိုလ်က Barbara Perry က အခုလို ပြောပါတယ်။

“တရာရုံးချုပ်မှာ အမျိုးသမီးတွေ ရှိနေပါပြီ။ လွှတ်တော် သဘာပတိ အဖြစ် Nancy Pelosi ရှိနေပါတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့မှာတော့ အမျိုးသမီး ဒုတိယ သမ္မတ၊ သမ္မတ ဆိုတာ မရှိသေးပါဘူး။ ဒါတင်မဟုတ်ပါဘူး လူဖြူမဟုတ်တဲ့ အမျိုးသမီး တဦး၊ နောက် တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဒီနိုင်ငံကို လာကြတဲ့ ရွှေ့ပြောင်းမိဘတွေကနေ မွေးဖွားလာတဲ့ အမျိုးသမီး တဦး ဖြစ်နေတာပါ။”

အိန္ဒိယ မိခင်နဲ့ ဂျမေကား ဖခင်တို့ကနေ မွေးဖွားလာတဲ့ Harris ဟာ ကယ်လီဖိုးနီးယား ပြည်နယ် Oakland မှာ ကြီးပြင်းခဲ့သူပါ။ လူမျိုးကွဲပြားမှုတွေကို တသားတည်းဖြစ်စေရေး ကြိုးပမ်းမှု တစိတ်တပိုင်း အနေနဲ့ သူငယ်စဉ်က တက်ခဲ့တဲ့ ကျောင်းက နံရံမှာ သူ့ပုံကို ရေးဆွဲထားပါတယ်။ ဒီမိုကရက် လွှတ်တော် အမတ် Barbara Lee က

“အမျိုးသမီးတွေ အတွက် မမြင်နိုင်တဲ့ အတားအဆီးတွေကို သူက ချိုးဖောက်ခဲ့တာပါ။”

လူမည်းတွေ အများစု တက်ရောက်ကြတဲ့ ဝါရှင်တန်ဒီစီ Howard တက္ကသိုလ် ဘွဲ့ရ Harris က ၂၀၀၄ ခုနှစ်မှာ ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံးသော လူမည် အမျိုးသမီး အစိုးရ ရှေ့နေ ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မှာတော့ ကယ်လီဖိုးနီးယား ပြည်နယ် ရှေ့နေချုပ် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက လူမည်းအရေး ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်းမှာတော့ Harris ဟာ လူတွေ သိထားတာထက် ပိုပြီး တင်းမာတဲ့ အစိုးရ ရှေ့နေတဦးဖြစ်တယ် ဆိုပြီး မကျေနပ်သူ တချို့ ရှိခဲ့သလို သေဒဏ်ကိစ္စ၊ နောက် ရဲတပ်ဖွဲ့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေ အပေါ် တာဝန်ခံမှု မရှိတဲ့ အရေးတို့နဲ့ ပတ်သက်ပြီးလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။

အထက်လွှတ်တော် အမတ် အဖြစ် ရွေးကောက်ခံရ ပြီးနောက် Harris အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပထမဆုံး မှတ်ကျောက်တင်နိုင်ခဲ့တာပါ။ တက္ကဆက် တက္ကသိုလ်က Shannon Bow O’Brien က အခုလို ပြောပါတယ်။

“ကိုယ့်နည်းတူ လုပ်ပိုင်ခွင့် အာဏာရှိသူတွေနဲ့ တွေ့ဆုံရတာဖြစ်ပြီး ဒါက အရေးကြီးပါတယ်။”

အဒေါ် တယောက်၊ မိထွေး တယောက် အဖြစ် သူ့ကိုယ်သူ ညွှန်းလေ့ ရှိတဲ့ Harris က ရှေ့နေ Doug Emhoff ကို လက်ထပ်ထားတာ ဖြစ်ပြီး သူကလည်း အိမ်ဖြူတော် သမိုင်းမှာ ပထမဆုံ ဒုသမ္မတရဲ့ ခင်ပွန်း ဖြစ်လာမှာပါ။ ဒုတိယ သမ္မတရဲ့ အရေးကြီးဆုံး လုပ်ငန်းကတော့ လိုအပ်ရင် သမ္မတကိုယ်စား တာဝန်ထမ်းဖို့ အဆင့်သင့် ရှိရေး ဖြစ်ပြီး Harris ကတော့ သူ့ရဲ့ သမိုင်းဝင် ပထမဆုံး ဆိုတဲ့ အခြေအနေတွေကို သုံးလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဗာဂျီးနီးယား တက္ကသိုလ်က Barbara Perry က အခုလို ပြောပါတယ်။

“သူမ အနေနဲ့ အမေရိကန်ရဲ့ အဓိက အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ တမူထူးခြားတဲ့ ပြယုဂ်ကို ပြသနိုင်ရေး အမေရိကန် ပြည်ထောင်စု တဝန်းကို ခရီးသွားမယ်လို့ ကျမက ယူဆပါတယ်။”

အိမ်ဖြူတော်က ကမ္ဘာ့အခန်းကဏ္ဍသစ် အတွက် သူမရဲ့ ဘိုးဘွားတွေ နေထိုင်ခဲ့ရာ အိန္ဒိယက ရွာမှာလည်း ဂုဏ်ပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


...................

ဒုတိယသမ်မတအဖွဈ ကမြျးသစ်စာကြိနျဆိုလာမယ့ျ Kamala Harris ရဲ့ ရုပျပုံလှှာတပိုငျးတစ

(Unicode)



ရှေးကောကျခံ ဒုတိယ သမ်မတ Kamala Harris က












အိမျဖွူတောျက ကမ်ဘာ့အခနျးကဏ်ဍသဈ အတှကျ သူမရဲ့ ဘိုးဘှားတှေ နထေိုငျခဲ့ရာ အိန်ဒိယက ရှာမှာလညျး ဂုဏျပွုခဲ့ကွပါတယျ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG