သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden နဲ႔ Kamala Harris တို႔ကို တ႐ုတ္ႏုိင္ငံ ဂုဏ္ျပဳခ်ီးက်ဴး


အေမရိကန္ေရြးေကာက္ပြဲမွာ အႏုိင္ရသူအျဖစ္ ေၾကျငာထားတဲ့ Joe Biden နဲ႔ ဒုသမၼတေလာင္း Kamala Harris။ (ႏိုဝင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ေရြးေကာက္ပြဲမွာ အႏုိင္ရသူအျဖစ္ ေၾကျငာထားတဲ့ Joe Biden နဲ႔ ဒုသမၼတေလာင္း Kamala Harris တို႔ကို ဂုဏ္ျပဳေျပာၾကားတဲ့ႏုိင္ငံႀကီးေတြထဲမွာ တရုတ္နုိင္ငံလည္း ပါလာပါတယ္။

"အေမရိကန္ျပည္သူျပည္သားေတြရဲ ႔ ေရြးခ်ယ္မႈကို တရုတ္ႏုိင္ငံက ေလးစားပါတယ္။ Mr. Biden နဲ႔ Ms. Harris တို႔ကို တရုတ္ႏုိင္ငံက ဂုဏ္ျပဳလိုက္ပါတယ္။" လို႔ တရုတ္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရသူ Wang Wenbin က ေေအာက္တိုဘာ ၁၃ ရက္ေန႔ ေသာၾကာေန႔မွာက်င္းပတဲ့ ေန႔စဥ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

အေမရိကန္သမၼတ Donald Trump ကေတာ့ ေရြးေကာက္ပြဲ ရႈံးနိမ့္ေၾကာင္း လက္မခံေသးပါဘူး။ Joe Biden ကိုဂုဏ္ျပဳေျပာၾကားတဲ့ ႏိုင္ငံႀကီးေတြထဲမွာ တရုတ္နဲ႔ ရုရွားတို႔ ခ်က္ခ်င္းပါ၀င္မလာဘဲ ႏႈတ္ဆိ္တ္ေနခဲ့ၾကတာပါ။ ခုလိုေနာက္က်မွ ဂုဏ္ျပဳစကားေျပာၾကားရတဲ့အေၾကာင္းရင္းကို ေျပာခြင့္ရသူ Wang Wenbin ကေျပာမသြားသလို အေမရိကန္ေရြးေကာက္ပြဲ မဲရလဒ္ေတြကို အေမရိကန္တရားဥပေဒနဲ႔ လုပ္ထုံးလုပ္နည္းေတြ အတုိင္းေဆာင္ရြက္သြားမယ္ဆိုတာ တရုတ္ႏုိင္ငံက နားလည္သေဘာေပါက္ပါတယ္လို႔ပဲ ေျပာဆိုသြားပါတယ္။

အေမရိကန္နဲ႔ တရုတ္ႏုိုင္ငံၾကား ကုန္သြယ္ေရးနဲ႔ နည္းပညာရပ္ဆုိင္ရာ ကိစၥရပ္ေတြေၾကာင့္ ဆက္ဆံေရး သိပ္မေျပလည္ပါဘူး။ ဒါ့အျပင္တရုတ္ကို လုံၿခဳံေရးအရ ၿခိ္မ္းေျခာက္မႈရွိတဲ့ႏုိင္ငံအျဖစ္ သမၼတ Trump က သတ္မွတ္ထားတာျဖစ္ၿပီး တရုတ္သြင္းကုန္ေတြ အေေပၚ ကန္႔သတ္ထားျမစ္ခ်က္တခ်ိဳ႔ခ်မွတ္ထားတဲ့အျပင္ တရုတ္ကုမၸဏီတခ်ိဳ ႔ကိုေတာ့ ဒဏ္ခတ္ပိတ္ဆို႔ထားပါတယ္။ တရုတ္ရဲ ႔ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ၊ ကုန္သြယ္ေရးကိစၥနဲ႔ အေမရိကန္နည္းပညာေတြကို သူလ ွ်ိဳလုပ္ၿပီး ခိုးယူမႈ စြပ္စြဲခ်က္ေတြ က်ယ္က်ယ္ျပန္႔ျပန္႔ေပၚေပါက္ေနတာေၾကာင့္ ဂ်ဳိး ဘုိင္ဒန္ အစိုးရ လက္ထက္မွာလည္း တ႐ုတ္ဆိုင္ရာမူဝါဒ အေျပာင္းအလဲသိပ္ရွိမွာ မဟုတ္ဘူးလို႔ ကၽြမ္းက်င္သူေတြက ရႈျမင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Joe Biden နဲ့ Kamala Harris တို့ကို တရုတ်နိုင်ငံ ဂုဏ်ပြုချီးကျူး

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေငြာထားတဲ့ Joe Biden နဲ့ ဒုသမ္မတလောင်း Kamala Harris တို့ကို ဂုဏ်ပြုပြောကြားတဲ့နိုင်ငံကြီးတွေထဲမှာ တရုတ်နိုင်ငံလည်း ပါလာပါတယ်။

"အမေရိကန်ပြည်သူပြည်သားတွေရဲ့ ရွေးချယ်မှုကို တရုတ်နိုင်ငံက လေးစားပါတယ်။ Mr. Biden နဲ့ Ms. Harris တို့ကို တရုတ်နိုင်ငံက ဂုဏ်ပြုလိုက်ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Wang Wenbin က ေအောက်တိုဘာ ၁၃ ရက်နေ့ သောကြာနေ့မှာကျင်းပတဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အမေရိကန်သမ္မတ Donald Trump ကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း လက်မခံသေးပါဘူး။ Joe Biden ကိုဂုဏ်ပြုပြောကြားတဲ့ နိုင်ငံကြီးတွေထဲမှာ တရုတ်နဲ့ ရုရှားတို့ ချက်ချင်းပါဝင်မလာဘဲ နှုတ်ဆိတ်နေခဲ့ကြတာပါ။ ခုလိုနောက်ကျမှ ဂုဏ်ပြုစကားပြောကြားရတဲ့အကြောင်းရင်းကို ပြောခွင့်ရသူ Wang Wenbin ကပြောမသွားသလို အမေရိကန်ရွေးကောက်ပွဲ မဲရလဒ်တွေကို အမေရိကန်တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်သွားမယ်ဆိုတာ တရုတ်နိုင်ငံက နားလည်သဘောပေါက်ပါတယ်လို့ပဲ ပြောဆိုသွားပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ နည်းပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေကြောင့် ဆက်ဆံရေး သိပ်မပြေလည်ပါဘူး။ ဒါ့အပြင်တရုတ်ကို လုံခြုံရေးအရ ခြိမ်းခြောက်မှုရှိတဲ့နိုင်ငံအဖြစ် သမ္မတ Trump က သတ်မှတ်ထားတာဖြစ်ပြီး တရုတ်သွင်းကုန်တွေ အေပေါ် ကန့်သတ်ထားမြစ်ချက်တချို့ချမှတ်ထားတဲ့အပြင် တရုတ်ကုမ္ပဏီတချို့ကိုတော့ ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကုန်သွယ်ရေးကိစ္စနဲ့ အမေရိကန်နည်းပညာတွေကို သူလ ျှိုလုပ်ပြီး ခိုးယူမှု စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်နေတာကြောင့် ဂျိုး ဘိုင်ဒန် အစိုးရ လက်ထက်မှာလည်း တရုတ်ဆိုင်ရာမူဝါဒ အပြောင်းအလဲသိပ်ရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ရှုမြင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG