သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပဲြ အႀကိဳျမင္ကြင္း


အေမရိကန္ သမၼတ က်မ္းသစၥာက်ိန္ဆိုပဲြအတြက္ လံုၿခံုေရးတင္းက်ပ္

(Zawgyi/Unicode)

ဗုဒၶဟူးေန႔ မွာ က်င္းပမယ့္ ၄၆ ႀကိမ္ေျမာက္ သမၼတ က်မ္းသစၥာက်ိန္ဆိုပဲြ အခမ္းအနားမွာ တိုက္ရိုက္သတင္းယူဖို႔ ၀ါရွင္တန္ဒီစီထဲကို ေရာက္ရွိေနၿပီျဖစ္တဲ့ ဗီြအိုေအ ျမန္မာပိုင္း ၀ိုင္းေတာ္သူ မအင္ၾကင္းႏိုင္က သတင္းေပးပို႔ထားပါတယ္။

ဒီမိုကရက္ ေရြးေကာက္ခံ သမၼတ ဂ်ဳိးဘိုင္ဒန္ ရဲ႕ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပဲြ အခမ္းအနားအတြက္ လံုၿခံဳေရးတင္းၾကပ္မႈဟာ အေမရိကန္ သမၼတ က်မ္းသစၥာက်ိန္ဆိုပဲြ သမိုင္းအဆက္ဆက္ တခါမွာ မႀကံဳစဖူးတဲ့ အေျခအေနျဖစ္ပါတယ္။ ၀ါရွင္တန္ဒီစီကို စစ္အင္အားအျပည့္နဲ႔ သိမ္းပိုက္ထားသလိုမ်ဳိး ထင္ရေအာင္ ျပည္နယ္လံုၿခံဳေရးအရန္တပ္ဖဲြ႕အင္အား ႏွစ္ေသာင္းထက္မနည္း ၿမိဳ႕အႏွံလံုၿခံဳေရးေနရာယူထားပါတယ္။

အဂၤါေန႔ နံနက္လင္းအားႀကီး အခ်ိန္ကတည္းက စၿပီး ၀ါရွင္တန္ဒီစီၿမိဳ႕အ၀င္ လမ္းေတြ၊ တံတားေတြ အကုန္နီးပါး ပိတ္ထားလိုက္ၿပီျဖစ္ပါတယ္။ က်မတို႔ သတင္းေထာက္ေတြအတြက္ အထူးခြင့္ျပဳထားတဲ့ ကဒ္ေတြ ထုတ္ေပးထားတယ္ဆိုေပမယ့္ လမ္းေတြအေတာ္မ်ားမ်ားပိတ္တဲ့အတြက္လည္း အေတာ္ေလး အခက္အခဲေတြရွိပါတယ္။ ကိုယ္လိုခ်င္တဲ့ ေနရာေရာက္ဖို႔ အခ်ိန္ေတြအမ်ားႀကီးယူ ႀကိဳတင္ျပင္ဆင္ရပါတယ္။ ဗုဒၶဟူးေန႔အတြက္ အဂၤါေန႔ကတည္းက ၀ါရွင္တန္ဒီစီကို အေရာက္လာႏိုင္ေအာင္ လံုၿခံဳေရးဂိတ္ အဆင့္ဆင့္ကို ျဖတ္သန္းခဲ့ရပါတယ္။

၀ါရွင္တန္ဒီစီမွာ ၁၀ႏွစ္ ေက်ာ္ၾကာေနထိုင္ေနတဲ့ က်မတို႔ ဗီြအိုေအ၀ိုင္းေတာ္သူ မဆုမြန္ကလည္း အခုလိုမ်ုိး လက္နက္အင္အားအျပည့္နဲ႔ တခါမွမႀကံဳဘူးတဲ့ လံုၿခံဳေရးယူတဲ့ အေျခအေနကို ေတြ႕ရတဲ့အတြက္ စိုးရိမ္ပူပန္စိတ္ ျဖစ္မိတယ္လို႔ ေျပာျပပါတယ္။

“က်မတို႔ DC ထဲမွာဆိုရင္ ဘာေတြထူးျခားတာေတြ႔လဲဆိုေတာ့ ဒီ Highway ေတြမွာလည္း ေတာက္ေလွ်ာက္ရဲကားေတြက အသံေတြနဲ႔ အေရးေပၚအခ်က္ျပတာေတြလုပ္တယ္။ ေနာက္ ရဟတ္ယာဥ္ေတြနဲ႔ ေကာင္းကင္ေပၚမွာ ပ်ံေနတာေတြလည္း ေတြ႔တယ္ဆိုေတာ့ အခမ္းအနားႀကီးတခု ျဖစ္ေနတယ္လို႔ မခံစားရပဲနဲ႔ တခုခုေပါ့ေနာ္ ျဖစ္ေတာ့မယ္ဆိုတဲ့ ပံုစံမ်ိဳးလိုမ်ိဳး ျဖစ္ေနတယ္လို႔ခံစားရတာေပါ့ေနာ္။”

ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ဒန္ကေတာ့ အဂၤါေန႔ ေန႔လည္က သူေနထိုင္ရာ Delaware ျပည္နယ္ကေန ၀ါရွင္တန္ဒီစီကို ထြက္ခြာလာၿပီလို႔သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ ၀ါရွင္တန္ အမ်ဳိးသားရင္ျပင္မွာ က်မ္းသစၥာက်ိန္ဆိုပြဲ ႀကိဳတင္ေလ့က်င့္တဲ့အခမ္းအနားေတြကို က်င္းပေနေပမယ့္ ဂ်ဳိးဘိုင္ဒန္ တက္ေရာက္ျခင္းမရွိပါဘူး။

ဇန္န၀ါရီလ ၆ ရက္ေန႕က ျဖစ္ခဲ့တဲ့ သိန္းနဲ႔ခ်ီတဲ့ သမၼတ ထရမ့္ေထာက္ခံသူေတြ ဆႏၵျပပဲြမွာ ၀ါရွန္တန္က လႊတ္ေတာ္အေဆာက္အံုထဲကို အၾကမ္းဖက္စီးနင္းတိုက္ခိုက္တဲ့အထိ ျဖစ္ခဲ့တာ၊ က်မ္းသစၥာ ႀကိမ္ဆိုပဲြေန႔မွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြရွိႏိုင္တယ္ဆိုတဲ့ ၿခိမ္းေျခာက္မႈေတြ ရွိေနတာေတြေၾကာင့္လည္း အခုလို အရန္လံုၿခံေရးတပ္ဖဲြ႕ေသာင္းနဲ႔ခ်ီၿပီး ေနရာခ်ထားတာျဖစ္ပါတယ္။ ေနာက္ၿပီး လႊတ္ေတာ္ကို တိုက္ခိုက္မႈ နဲ႔ ပတ္သက္လို႔ ရဲတပ္ဖဲြ႕နဲ႔ လံုၿခံဳေရးတပ္ဖဲြ႕ေတြ ပါ၀င္ပတ္သက္ေနတယ္ဆိုတဲ့ အခ်က္အလက္ေတြ၊ တပ္တြင္း ပံုကန္မႈမ်ဳိးျဖစ္ႏိုင္တယ္ဆိုတဲ့ သကၤာမကင္းျဖစ္မႈေတြေၾကာင့္လည္း လံုၿခံဳေရးယူထားတဲ့ အရန္တပ္ဖဲြ႕ ႏွစ္ေသာင္းခဲြေက်ာ္ရဲ႕ ေနာက္ေၾကာင္းရာဇ၀င္ေတြကို FBI က ျပန္ၿပီးစစ္ေဆးေနၿပီး အခုခ်ိန္ထိ ႏွစ္ေယာက္ကို ထုတ္ပယ္ထားၿပီးျဖစ္ပါတယ္။

သမၼတေတြ က်မ္းသစၥာက်ိန္ဆိုပဲြ အခမ္းအနားက်င္းပတဲ့ ၀ါရွင္တန္ဒီစီက အမ်ဳိးသားရင္ျပင္မွာ အရင္ကဆိုရင္ လူေတြသန္းနဲ႕ခ်ီတက္ေရာက္ၿပီး ၀မ္းသားအားရ ဂုဏ္ျပဳၾကေပမယ့္ ဒီတႀကိမ္မွာေတာ့ လူသူကင္းမဲ့ေနၿပီး အဲဒီအစား အေမရိကန္အလံေတြကို ရင္ျပင္တေလ်ာက္ စိုက္ထူထားတာေတြ႕ရပါတယ္။

ဗုဒၶဟူးေန႔မွာက်င္းပမယ့္ က်မး္သစၥာက်ိန္ဆုိပဲြအခမ္းအနားမွာ ေရြေးကာက္ခံ ဒုသမၼတ Kamala Harris ကအရင္ က်မ္းသစၥာက်ိန္ဆုိမွာျဖစ္ၿပီး၊ အဲဒီေနာက္ ေရြးေကာက္ခံသမၼတ Joe Biden က က်မ္းသစၥာက်ိန္ဆိုၿပီးတဲ့ေနာက္ မိန္႔ခြန္းေျပာၾကားမွာျဖစ္ပါတယ္။ သေဘာထားကဲြျပားမႈေတြျဖစ္ေနတဲ့ အေမရိကန္ျပည္ေထာင္စုကို ျပန္ၿပီး စည္းလံုးညီညြတ္ဖို႔ သမၼတအေနနဲ႕ ႀကိဳးပမ္းသြားမယ့္ကိစၥ၊ ကိုဗစ္-၁၉ကပ္ေရာဂါအလူးအလဲခံေနရတာကေန အေမရိကန္ႏိုင္ငံ ျပန္လည္ရုန္းထဖို႔ ကိစၥရပ္ေတြကို အဓိကေျပာမယ္လို႔ ဂ်ဳိးဘိုင္ဒန္ မိန္႔ခြန္းမွာ အဓိကေျပာမယ္လို႔ ခန္႔မွန္းရပါတယ္။ သမၼတအျဖစ္ စတင္ထမ္းေဆာင္တာနဲ႔ ႏိုင္ငံရဲ႕ စစ္ေသနာပတိခ်ဳပ္ျဖစ္လာမယ့္ ဂ်ဳိးဘိုင္ဒန္ အတြက္ အစဥ္အလာအတိုင္း ဗိုလ္ရွဳခံအခမ္းအနားလည္း ေန႕လည္ပိုင္းက်င္းပမွာျဖစ္ပါတယ္။ သမၼတက်မ္းသစၥာက်ိန္ဆိုပဲြအခမ္းအနားမွာ နာမည္ေက်ာ္ အဆိုေတာ္ ေလဒီဂါဂါကေန အေမရိကန္ ႏိုင္ငံေတာ္သီခ်င္းကို သီဆိုမွာျဖစ္ပါတယ္။ ဒါအျပင္ ေဟာလီ၀ုဒ္က နာမည္ႀကီး အနုပညာရွင္ ဂ်ီနီဖာလိုပတ္စ္ လည္း တက္ေရာက္ သီဆိုေဖ်ာ္ေျဖမွာျဖစ္ၿပီး၊ အျခား နာမည္ေက်ာ္အႏုပညာရွင္တခ်ဳိ႕လည္း တက္ေရာက္ဖို႔ရွိပါတယ္။

က်မ္းသစၥာက်ိန္ဆိုပဲြမတိုင္ခင္ အဂၤါေန႔ည ေနပိုင္းမွာလည္း ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ အေမရိကန္မွာ ေသဆံုးသြားတဲ့ လူေပါင္း ၄ သိန္းေက်ာ္အတြက္ ေအာင္းေမ့ဖြယ္ မီးထြန္းပဲြအခမ္းအနားကို လင္ကြန္းဗိမာန္အေဆာက္အဦေရွ႕ေရကန္မွာ ေရြးေကာက္ခံသမၼတဂ်ဳိးဘိုင္ဒန္ ဦးေဆာင္ျပဳလုပ္မွာျဖစ္ပါတယ္။

သမၼတ ထရမ့္ကေတာ့ ဂ်ဳိးဘိုင္ဒန္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပဲြအခမ္းအနားကို တက္ေရာက္မွာ မဟုတ္ဘူးလို႔ ေျပာၾကားထားတဲ့အတြက္ အေမရိကန္ သမိုင္း ႏွစ္ေပါင္း ၁၅၀ ေက်ာ္အတြင္း လက္ရွိသမၼတ တဦး ပါ၀င္ျခင္းမရွိတဲ့ က်မ္းသစၥာက်ိန္ဆိုပဲြ ျဖစ္လာမွာပါ။

တိုက္႐ိုက္ လင့္ခ္


...............

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုမြင်ကွင်း

(Unicode)

ဗုဒ္ဓဟူးနေ့ မှာ ကျင်းပမယ့် ၄၆ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ တိုက်ရိုက်သတင်းယူဖို့ ဝါရှင်တန်ဒီစီထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သူ မအင်ကြင်းနိုင်က သတင်းပေးပို့ထားပါတယ်။

ဒီမိုကရက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် လုံခြုံရေးတင်းကြပ်မှုဟာ အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ သမိုင်းအဆက်ဆက် တခါမှာ မကြုံစဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီကို စစ်အင်အားအပြည့်နဲ့ သိမ်းပိုက်ထားသလိုမျိုး ထင်ရအောင် ပြည်နယ်လုံခြုံရေးအရန်တပ်ဖွဲ့အင်အား နှစ်သောင်းထက်မနည်း မြို့အနှံလုံခြုံရေးနေရာယူထားပါတယ်။

အင်္ဂါနေ့ နံနက်လင်းအားကြီး အချိန်ကတည်းက စပြီး ဝါရှင်တန်ဒီစီမြို့အဝင် လမ်းတွေ၊ တံတားတွေ အကုန်နီးပါး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ကျမတို့ သတင်းထောက်တွေအတွက် အထူးခွင့်ပြုထားတဲ့ ကဒ်တွေ ထုတ်ပေးထားတယ်ဆိုပေမယ့် လမ်းတွေအတော်များများပိတ်တဲ့အတွက်လည်း အတော်လေး အခက်အခဲတွေရှိပါတယ်။ ကိုယ်လိုချင်တဲ့ နေရာရောက်ဖို့ အချိန်တွေအများကြီးယူ ကြိုတင်ပြင်ဆင်ရပါတယ်။ ဗုဒ္ဓဟူးနေ့အတွက် အင်္ဂါနေ့ကတည်းက ဝါရှင်တန်ဒီစီကို အရောက်လာနိုင်အောင် လုံခြုံရေးဂိတ် အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရပါတယ်။

ဝါရှင်တန်ဒီစီမှာ ၁၀နှစ် ကျော်ကြာနေထိုင်နေတဲ့ ကျမတို့ ဗွီအိုအေဝိုင်းတော်သူ မဆုမွန်ကလည်း အခုလိုမျိုး လက်နက်အင်အားအပြည့်နဲ့ တခါမှမကြုံဘူးတဲ့ လုံခြုံရေးယူတဲ့ အခြေအနေကို တွေ့ရတဲ့အတွက် စိုးရိမ်ပူပန်စိတ် ဖြစ်မိတယ်လို့ ပြောပြပါတယ်။

“ကျမတို့ DC ထဲမှာဆိုရင် ဘာတွေထူးခြားတာတွေ့လဲဆိုတော့ ဒီ Highway တွေမှာလည်း တောက်လျှောက်ရဲကားတွေက အသံတွေနဲ့ အရေးပေါ်အချက်ပြတာတွေလုပ်တယ်။ နောက် ရဟတ်ယာဉ်တွေနဲ့ ကောင်းကင်ပေါ်မှာ ပျံနေတာတွေလည်း တွေ့တယ်ဆိုတော့ အခမ်းအနားကြီးတခု ဖြစ်နေတယ်လို့ မခံစားရပဲနဲ့ တခုခုပေါ့နော် ဖြစ်တော့မယ်ဆိုတဲ့ ပုံစံမျိုးလိုမျိုး ဖြစ်နေတယ်လို့ခံစားရတာပေါ့နော်။”

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ အင်္ဂါနေ့ နေ့လည်က သူနေထိုင်ရာ Delaware ပြည်နယ်ကနေ ဝါရှင်တန်ဒီစီကို ထွက်ခွာလာပြီလို့သိရပါတယ်။ လောလောဆယ်မှာတော့ ဝါရှင်တန် အမျိုးသားရင်ပြင်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ ကြိုတင်လေ့ကျင့်တဲ့အခမ်းအနားတွေကို ကျင်းပနေပေမယ့် ဂျိုးဘိုင်ဒန် တက်ရောက်ခြင်းမရှိပါဘူး။

ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ သမ္မတ ထရမ့်ထောက်ခံသူတွေ ဆန္ဒပြပွဲမှာ ဝါရှန်တန်က လွှတ်တော်အဆောက်အုံထဲကို အကြမ်းဖက်စီးနင်းတိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့တာ၊ ကျမ်းသစ္စာ ကြိမ်ဆိုပွဲနေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာတွေကြောင့်လည်း အခုလို အရန်လုံခြံရေးတပ်ဖွဲ့သောင်းနဲ့ချီပြီး နေရာချထားတာဖြစ်ပါတယ်။ နောက်ပြီး လွှတ်တော်ကို တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်အလက်တွေ၊ တပ်တွင်း ပုံကန်မှုမျိုးဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကာမကင်းဖြစ်မှုတွေကြောင့်လည်း လုံခြုံရေးယူထားတဲ့ အရန်တပ်ဖွဲ့ နှစ်သောင်းခွဲကျော်ရဲ့ နောက်ကြောင်းရာဇဝင်တွေကို FBI က ပြန်ပြီးစစ်ဆေးနေပြီး အခုချိန်ထိ နှစ်ယောက်ကို ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။

သမ္မတတွေ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပတဲ့ ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်မှာ အရင်ကဆိုရင် လူတွေသန်းနဲ့ချီတက်ရောက်ပြီး ဝမ်းသားအားရ ဂုဏ်ပြုကြပေမယ့် ဒီတကြိမ်မှာတော့ လူသူကင်းမဲ့နေပြီး အဲဒီအစား အမေရိကန်အလံတွေကို ရင်ပြင်တလျောက် စိုက်ထူထားတာတွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ ရွေေးကာက်ခံ ဒုသမ္မတKamala Harris ကအရင် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး၊ အဲဒီနောက် ရွေးကောက်ခံသမ္မတ Joe Biden က ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ သဘောထားကွဲပြားမှုတွေဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်ပြီး စည်းလုံးညီညွတ်ဖို့ သမ္မတအနေနဲ့ ကြိုးပမ်းသွားမယ့်ကိစ္စ၊ ကိုဗစ်-၁၉ကပ်ရောဂါအလူးအလဲခံနေရတာကနေ အမေရိကန်နိုင်ငံ ပြန်လည်ရုန်းထဖို့ ကိစ္စရပ်တွေကို အဓိကပြောမယ်လို့ ဂျိုးဘိုင်ဒန် မိန့်ခွန်းမှာ အဓိကပြောမယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတအဖြစ် စတင်ထမ်းဆောင်တာနဲ့ နိုင်ငံရဲ့ စစ်သေနာပတိချုပ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒန် အတွက် အစဉ်အလာအတိုင်း ဗိုလ်ရှုခံအခမ်းအနားလည်း နေ့လည်ပိုင်းကျင်းပမှာဖြစ်ပါတယ်။ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ နာမည်ကျော် အဆိုတော် လေဒီဂါဂါကနေ အမေရိကန် နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပါတယ်။ ဒါအပြင် ဟောလီဝုဒ်က နာမည်ကြီး အနုပညာရှင် ဂျီနီဖာလိုပတ်စ် လည်း တက်ရောက် သီဆိုဖျော်ဖြေမှာဖြစ်ပြီး၊ အခြား နာမည်ကျော်အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အင်္ဂါနေ့ည နေပိုင်းမှာလည်း ကိုဗစ်-၁၉ကပ်ရောဂါကြောင့် အမေရိကန်မှာ သေဆုံးသွားတဲ့ လူပေါင်း ၄ သိန်းကျော်အတွက် အောင်းမေ့ဖွယ် မီးထွန်းပွဲအခမ်းအနားကို လင်ကွန်းဗိမာန်အဆောက်အဦရှေ့ရေကန်မှာ ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန် ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောကြားထားတဲ့အတွက် အမေရိကန် သမိုင်း နှစ်ပေါင်း ၁၅၀ ကျော်အတွင်း လက်ရှိသမ္မတ တဦး ပါဝင်ခြင်းမရှိတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ဖြစ်လာမှာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG