(Zawgyi/Unicode)
အေမရိကန္ အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္ အေနနဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un နဲ႔ ေဆြးေႏြးပြဲေတြ ဆက္လုပ္ၿပီး သမၼတေဒၚနယ္ထရမ့္ ထူေထာင္ခဲ့တဲ့ ဆက္ဆံေရး တိုးတက္ေအာင္ လုပ္သင့္တယ္လို႔ ေတာင္ကိုရီးယားသမၼတ Moon Jae-in က တနလၤာေန႔မွာ ေျပာပါတယ္။
“ဘိုင္ဒန္အစိုးရအဖြဲ႔ က်မ္းသစၥာက်ိန္ဆိုပြဲဟာ အရင္ ထရမ့္အစိုးရအဖြဲ ႔လက္ထက္က ေအာင္ျမင္ခဲ့တဲ့ အေမရိကန္- ေျမာက္ကိုရီးယား ေဆြးေႏြးပြဲ၊ ေတာင္ကိုရီးယား ေဆြးေႏြးပြဲေတြကို အသစ္ျပန္စႏုိင္တဲ့ အလွည့္အေျပာင္းတခု ျဖစ္ေၾကာင္း ကိုရီးယားဘာသာနဲ႔ ေျပာသြားတာပါ။
ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယားနဲ႔ ဒံုးလက္နက္ အစီစဥ္ေတြကို ရပ္ဆိုင္းၿပီး အျပန္အလွန္ အေနနဲ႔ အေမရိကန္က အေရးယူဒဏ္ခတ္မႈေတြ ေျဖေလွ်ာ့ေပးဖို႔ရည္ရြယ္တဲ့ ေဆြးေႏြးညွိႏိႈင္းမႈေတြ ကာလတာရွည္ ေရွ႕မတိုးေနာက္မဆုတ္ ျဖစ္ေနခ်ိန္မွာပဲ ဇန္နဝါရီ ၂၀ ဗုဒၶဟူးေန႔မွာ ဂ်ိဳးဘိုင္ဒန္က သမၼတတာဝန္ ကို စတင္ထမ္းေဆာင္ေတာ့မွာ ျဖစ္ပါတယ္။
ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တို႔ၾကား ၾကားဝင္ညွိႏိႈင္းေပးေနတဲ့ သမၼတ Moon က သူဟာ ဘိုင္ဒန္ရဲ့ ႏိုင္ငံျခားေရးမူဝါဒမွာ ေျမာက္ကိုရီးယား အေရးကို ဦးစားေပးလာေအာင္ ႀကိဳးစားေနတာ ျဖစ္ၿပီး ဒါမွလည္း သမၼတထရမ့္နဲ႔ Kim တုိ႔ၾကား စကၤာပူက ပထမဆံုးအႀကိမ္ ေတြ႔ဆံုပဲြမွာ ရရွိခဲ့တဲ ့ သေဘာတူညီခ်က္အတိုင္းလိုက္ၿပီး သူဆက္လုပ္ႏိုင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
အဲဒီေတြ႔ဆံုပြဲမွာ ကိုရီးယားကၽြန္းဆြယ္ေဒသတြင္း ႏ်ဴကလီယားလက္နက္လံုးဝ အသံုးမျပဳဖို႔ ဦးတည္လုပ္ေဆာင္ၿပီး ဆက္ဆံေရးအသစ္ထူေထာင္မွာ ျဖစ္ေၾကာင္း အေမရိကန္- ေျမာက္ကိုရီးယား ေခါင္းေဆာင္ ၂ ဦးက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။ ဒါေပမယ့္ ဒုတိယအႀကိမ္ေတြ႔ဆံုပဲြကေတာ့ ပ်က္ျပားခဲ့ရပါတယ္။
..............
မြောက်ကိုရီးယား နဲ့ ထိပ်သီးဆွေးနွေးပွဲ ဆက်လုပ်ဖို့ Joe Biden ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း
(Unicode)
အမေရိကန် အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး သမ္မတဒေါ်နယ်ထရမ့် ထူထောင်ခဲ့တဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်သင့်တယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က တနင်္လာနေ့မှာ ပြောပါတယ်။
“ဘိုင်ဒန်အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ အရင် ထရမ့်အစိုးရအဖွဲ့လက်ထက်က အောင်မြင်ခဲ့တဲ့ အမေရိကန်- မြောက်ကိုရီးယား ဆွေးနွေးပွဲ၊ တောင်ကိုရီးယား ဆွေးနွေးပွဲတွေကို အသစ်ပြန်စနိုင်တဲ့ အလှည့်အပြောင်းတခု ဖြစ်ကြောင်း ကိုရီးယားဘာသာနဲ့ ပြောသွားတာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးလက်နက် အစီစဉ်တွေကို ရပ်ဆိုင်းပြီး အပြန်အလှန် အနေနဲ့ အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ဖြေလျှော့ပေးဖို့ရည်ရွယ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ကာလတာရှည် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာပဲ ဇန်နဝါရီ ၂၀ ဗုဒ္ဓဟူးနေ့မှာ ဂျိုးဘိုင်ဒန်က သမ္မတတာဝန် ကို စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ကြားဝင်ညှိနှိုင်းပေးနေတဲ့ သမ္မတ Moon က သူဟာ ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြောက်ကိုရီးယား အရေးကို ဦးစားပေးလာအောင် ကြိုးစားနေတာ ဖြစ်ပြီး ဒါမှလည်း သမ္မတထရမ့်နဲ့ Kim တို့ကြား စင်္ကာပူက ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက်အတိုင်းလိုက်ပြီး သူဆက်လုပ်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီယားလက်နက်လုံးဝ အသုံးမပြုဖို့ ဦးတည်လုပ်ဆောင်ပြီး ဆက်ဆံရေးအသစ်ထူထောင်မှာ ဖြစ်ကြောင်း အမေရိကန်- မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယအကြိမ်တွေ့ဆုံပွဲကတော့ ပျက်ပြားခဲ့ရပါတယ်။