သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် ပိုင်ဆိုင်မှု တိုးချဲ့မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (နိုဝင်ဘာ ၁၆၊ ၂၀၂၀)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (နိုဝင်ဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တိုးချဲ့သွားမယ်လို့ ခြိမ်းခြောက်လိုက်သလို အမေရိကန်မှာ သမ္မတသစ် တက်လာပေမယ့် အမေရိကန်အစိုးရအပေါ် သူ့ရဲ့ချဉ်းကပ်မှု ပြောင်းလဲသွားမှာ မဟုတ်ဘူူးလို့ သတိပေးလိုက်ပါတယ်။

ဒါဟာဖြင့် ရွေးကောက်ခံသမ္မတ Joe Biden သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ အမေရိကန်-မြောက်ကိုရီးယား အနာဂတ် ဆက်ဆံရေး အလားအလာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ တစွန်းတစ ပြလိုက်တဲ့သဘောပါပဲ။ Mr. Biden ကလည်း မြောက်ကိုရီးယားအစိုးရပေါ် ပိုပြီး ထိပ်တိုက်တွေ့တဲ့နည်းလမ်းနဲ့ ချဉ်းကပ်လုပ်ဆောင်သွားမယ့် သဘောမျိုး ပြောထားဖူးပါတယ်။

အမေရိကန်ဟာ သူ့နိုင်ငံရဲ့ "အကြီးမားဆုံးရန်သူ" ဖြစ်တယ်လို့ အာဏာရ အလုပ်သမားပါတီရဲ့ အရေးပါတဲ့ အစည်းအဝေးတခုအတွင်း ပြောတဲ့မိန့်ခွန်းမှာ Kim Jong Un က ထည့်ပြောသွားပါတယ်။ ဒါ့အပြင် ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အတွက် အမေရိကန်အနေနဲ့ "ရန်လိုတဲ့မူဝါဒ" ကို ရပ်ပစ်ရမယ်လို့ သူ တောက်လျှောက်ပြောလာတာကိုလည်း ထပ်ပြောသွားတဲ့အကြောင်း အစိုးရပိုင် ကိုရီးယားဗဟိုသတင်းဌာန (KCNA) ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို ဆက်ပြီး လုပ်ဆောင်သွားဖို့လည်း Kim Jong Un က ပြောခဲ့ပါတယ်။ အထူးသဖြင့်ဆိုရင် ပုံဆောင်ခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ၊ အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ စစ်မြေပြင်သုံး တာတိုပစ်ဒုံးကျည်တွေလို လက်နက်သစ်တွေကို ထုတ်လုပ်ရမယ်လို့ Kim Jong Un က ပြောပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုလုပ်တာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး နောက်ဆုံးအကြိမ်က ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက လုပ်ခဲ့တာပါ။ ဒါပေမယ့် စစ်မြေပြင်သုံး တာတိုပစ် နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့အတွက် စမ်းသပ်မှုတွေထပ်လုပ်ဖို့ လိုနိုင်ပါတယ်။

ဒီလို နျူကလီးယား လက်နက်တွေဟာ ပိုသေးငယ်ပြီး ရွှေ့ပြောင်းရပိုလွယ်သလို ပျက်စီးမှုကြီးမားစေဖို့ ရည်ရွယ်ထုတ်လုပ်တဲ့ ပိုကြီးတဲ့ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်တွေနဲ့မတူဘဲ စစ်မြေပြင်မှာ အသုံးပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG