(Zawgyi/Unicode)
သမၼတသစ္ က်မ္းသစၥာက်ိန္ဆုိပြဲဟာ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းတာကို အေမရိကန္ျပည္သူေတြ ေလးႏွစ္တႀကိမ္ ေစာင့္ၾကည့္ၾကတဲ့ အခမ္းအနား ျဖစ္သလို အေမရိကန္ဒီမိုကေရစီရဲ႕ အရွိန္ၾသဇာႀကီးတဲ့ အထိမ္းအမွတ္ သေကၤတခုလည္း ျဖစ္ပါတယ္။ အေမရိကန္ ဒီမိုကေရစီ စနစ္ အဓြန္႔ရွည္ခိုင္ခန္႔မႈကို ျပသတဲ့ အခမ္းအနားလည္းျဖစ္တဲ့အေၾကာင္း Dora Mekouar သတင္းေပးပို႔ထားတာကို မျမသဇင္ေအာင္ ေျပာျပပါမယ္။
သမၼတသစ္ က်မ္းသစၥာက်ိန္ဆုိတဲ့ေန႔ဟာ အေမရိကန္ျပည္ေထာင္စုမွာ ျပည္သူေတြ ေရြးခ်ယ္တဲ့ အစိုးရ အုပ္ခ်ဳပ္တဲ့ အေတြးအေခၚ အဓြန္႔ရွည္မႈကို ခိုင္ခုိင္မာမာ ျပတဲ့ေန႔လည္းျဖစ္ပါတယ္။ ေခါင္းေဆာင္သစ္ က်မ္းသစၥာက်ိန္ဆုိၿပီး အုပ္ခ်ဳပ္မႈအာဏာ အပ္ႏွင္းဖို႔ သေဘာတူလိုက္တဲ့ေန႔လည္း ျဖစ္ပါတယ္။
ဒီေန႔မွာ သမိုင္းရဲ႕ အမြန္ျမတ္ဆုံး အခန္းက႑သစ္ ေမွ်ာ္လင့္ခ်က္ေတြကို ပုံေဖၚၾကပါစို႔လို႔ သမၼတေဟာင္း Bill Clinton ေျပာခဲ့ပါတယ္။သမၼတသစ္ေတြက ေနာင္ေလး ႏွစ္အုပ္ခ်ဳပ္မယ့္ သူ႔တုိ႔ ရပ္တည္ခ်က္သေဘာထားေတြ ခ်ျပေလ့ရွိပါတယ္။
သမၼတေဟာင္း John F Kennedy က က်ေနာ္တို႔မွာ ေၾကာက္ရြံေနျခင္းကိုသာ ေၾကာက္ရမွာလို႔ ေျပာခဲ့ဘူးပါတယ္။ တိုင္းျပည္က ကိုယ့္အတြက္လာလုပ္မလဲ မေပးပါနဲ႔ ကိုယ္က တုိင္းျပည္အတြက္ဘာလုပ္ေပးႏုိင္မလဲ ေမးပါလို႔လည္း Kennedy ေျပာခဲ့ပါတယ္။
အိမ္ျဖဴေတာ္ သမိုင္းအဖြဲ႔က Collen Shogan က
“အေမရိကန္ေတြအတြက္ တကယ့္ကို အသစ္တဖန္ျပန္စခြင့္ အခြင့္အလမ္းတခုပါ။ သမၼတအေနနဲ႔ တုိင္းျပည္ကို သူ႔ကိုယ္သူ ပထမဆုံး မိတ္ဆက္ခြင့္ရတယ္။ ဒီအခြင့္အေရးက ေနာင္တခါ ထပ္ရမွာ မဟုတ္ဘူး။ အေမရိကန္သမုိင္းမွာ သိပ္ကို အေရးႀကီးတဲ့ အခ်ိန္အခါပါ။”
အစိုးရဟာ က်ေနာ္တုိ႔ရဲ႕ ျပသနာေတြအတြက္ အေျဖမဟုတ္ဘဲ အစိုးရက ျပသနာျဖစ္ေနတယ္လုိ႔ ဖက္ဒရယ္အစိုးရ အာဏာကို ကန္႔သတ္ဖို႔ Ronald Reagan ေျပာခဲ့ပါတယ္။ ပထမဆုံး လူမည္းသမၼတရဲ႕က်မ္းသစၥာက်ိန္ဆုိပြဲပဲျဖစ္ျဖစ္၊ ဘယ္လို အခ်ိန္အခါျဖစ္ပေစ အေမရိကန္ျပည္သူေတြအတြက္ သာမန္ထက္ ထူးျခားတဲ့ အခ်ိန္အခါပါ။
George Washington တကၠသိုလ္က ႏိုင္ငံေရးသမိုင္းပညာရွင္ Matt Dallek က
“တုိင္းျပည္အတြက္ အေျခခံက်တဲ့ တစုံတခုအေၾကာင္းအရာ ပဲျဖစ္ျဖစ္၊ ျဖတ္သန္းခဲ့တဲ့ အခ်ိန္ကာလနဲ႔ သက္ဆုိင္တဲ့ အေၾကာင္းပဲျဖစ္ျဖစ္ အထိမ္းအမွတ္ အမွတ္တရ မိန္႔ခြန္းေတြ ေျပာၾကေလ့ရွိပါတယ္။”
သေကၤတျပဳ အထိမ္းအမွတ္ခုအတြက္လည္း အမွတ္ရစရာျဖစ္ခဲ့တာေတြ ရွိပါတယ္။ ၁၈၀၉ ခုႏွစ္ကဆုိရင္ သမၼတေဟာင္း James Madison က သူ က်မ္းသစၥာက်ိန္ဆိုပြဲ ၀တ္တဲ့ ၀တ္စုံတခုလုံးကို အေမရိကန္လုပ္ေတြခ်ည္းပဲ ေရြး၀တ္ခဲ့ပါတယ္။
၁၉၅၃ Dwight D. Eisenhower ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲအၿပီး ခ်ီတက္ပြဲက အေမရိကန္ စစ္အင္အားကို ျပတဲ့ ခ်ီတက္ပြဲပါ။
၁၈၆၅ Abraham Lincoln ရဲ႕ ဒုတိယအႀကိမ္ က်န္းသစၥာက်ိန္ဆုိပြဲမွာ အာဖရိကႏြယ္ဖြား အေမရိကန္ေတြကို ခ်ီတက္ပြဲမွာ ၀င္ပါဖို႔ ပထမဆုံး ဖိတ္ၾကားခဲ့ပါတယ္။
သမၼတေဟာင္း Woodrow Wilson ရဲ႕ ဒုတိေျမာက္ က်န္းသစၥာက်ိမ္ဆုိပြဲ ခ်ီတက္ပြဲမွာမွ အမ်ိဳးသမီးေတြ ပထမဆုံး ပါ၀င္ခြင့္ရခဲ့ပါတယ္။
၁၉၄၁ ခုႏွစ္ William Henry Harrison ရဲ႕ က်မ္းသစၥာက်ိန္ဆုိပြဲကေတာ့ အထူး စိတ္မေကာင္းစရာပါ။ အသက္ ၆၈ ႏွစ္ရွိၿပီး အဲဒီအခ်ိန္က အသက္အႀကီးဆုံး သမၼတျဖစ္ခဲ့တဲ့ Harrison က ေရခဲမတ္ေအာက္အထိ ေအးေနတဲ့ ရာသီဥတုထဲမွာ တနာရီၾကာမိန္႔ခြန္းကို ေျပာခဲ့ပါတယ္။ က်မ္းသစၥာက်ိန္ဆုိပြဲ သမုိင္းမွာ အရွည္ဆုံး မိန္႔ခြန္းပါ။
အိမ္ျဖဴေတာ္ သမိုင္းအဖြဲ႔က Collen Shogan က
“ သူက အားနဲ႔မာန္နဲ႔ ေျပာႏုိင္တဲ့သူ၊ သမၼတတာ၀န္ထမ္းဖို႔ လုပ္ႏုိင္ ကိုင္ႏုိင္ ရွိတဲ့သူဆုိတာ သက္ေသ ျပခ်င္ခဲ့ပါတယ္။”
အဲဒီေန႔ ညေနမွာပဲ Harrison ဖ်ားနာခဲ့ၿပီး ေနာက္ တလအၾကာမွာ ကြယ္လြန္သြားပါတယ္။ အေမရိကန္ သမိုင္းမွာ သက္တမ္း အတုိဆုံး ထမ္းေဆာင္ခဲ့တဲ့ သမၼတ ျဖစ္ပါတယ္။
က်မ္းသစၥာက်ိန္ဆုိပြဲေတြဟာ သာမန္ပြဲလမ္း ကေန အႀကီးအက်ယ္ က်င္းပတဲ့ အခမ္းအနားေတြ ျဖစ္လာပါတယ္။ ရုပ္ျမင္သံၾကားေပၚလာၿပီးတဲ့အခ်ိန္မွာ ပိုၿပီး ျမင္ရေတြ႕ရ အေရးႀကီးလာပါတယ္။ သမၼတ ယူရတဲ့ တာ၀န္နဲ႔ အခန္းက႑ ပိုၿပီး ႀကီးလာတာကလည္း အဓိကအေၾကာင္းတခု ျဖစ္လာပါတယ္။
George Washington တကၠသိုလ္က ႏိုင္ငံေရးသမိုင္းပညာရွင္ Matt Dallek က
“သမၼတ ထမ္းရတဲ့ တာ၀န္နဲ႔ ၀တၱရားေတြ ပိုၿပီး မ်ားလာလို႔လည္း၊ က်မ္းသစၥာက်ိန္ဆုိပြဲက ပါတီေတြ၊ ခ်ီတက္ပြဲေတြနဲ႔ ပိုၿပီး ခမ္းနားသထက္ ခမ္းနားေအာင္ က်င္းပလာၾကတာပါ။”
ဒီလိုနဲ႔ က်မ္းသစၥာက်ိန္ဆုိပြဲေတြဟာ အေမရိကန္ ဒီမိုကေရစီ အဓြန္႔ရွည္တည္တန္႔တာကို ျပသတဲ့ အခမ္းအနားေတြလည္း ျဖစ္လာပါတယ္။
..............
ကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ သမိုင်းကြောင်း တတေ့တစောင်း
(Unicode)
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းတာကို အမေရိကန်ပြည်သူတွေ လေးနှစ်တကြိမ် စောင့်ကြည့်ကြတဲ့ အခမ်းအနား ဖြစ်သလို အမေရိကန်ဒီမိုကရေစီရဲ့ အရှိန်သြဇာကြီးတဲ့ အထိမ်းအမှတ် သင်္ကေတခုလည်း ဖြစ်ပါတယ်။ အမေရိကန် ဒီမိုကရေစီ စနစ် အဓွန့်ရှည်ခိုင်ခန့်မှုကို ပြသတဲ့ အခမ်းအနားလည်းဖြစ်တဲ့အကြောင်း Dora Mekouar သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ပြည်သူတွေ ရွေးချယ်တဲ့ အစိုးရ အုပ်ချုပ်တဲ့ အတွေးအခေါ် အဓွန့်ရှည်မှုကို ခိုင်ခိုင်မာမာ ပြတဲ့နေ့လည်းဖြစ်ပါတယ်။ ခေါင်းဆောင်သစ် ကျမ်းသစ္စာကျိန်ဆိုပြီး အုပ်ချုပ်မှုအာဏာ အပ်နှင်းဖို့ သဘောတူလိုက်တဲ့နေ့လည်း ဖြစ်ပါတယ်။
ဒီနေ့မှာ သမိုင်းရဲ့ အမွန်မြတ်ဆုံး အခန်းကဏ္ဍသစ် မျှော်လင့်ချက်တွေကို ပုံဖေါ်ကြပါစို့လို့ သမ္မတဟောင်း Bill Clinton ပြောခဲ့ပါတယ်။သမ္မတသစ်တွေက နောင်လေး နှစ်အုပ်ချုပ်မယ့် သူ့တို့ ရပ်တည်ချက်သဘောထားတွေ ချပြလေ့ရှိပါတယ်။
သမ္မတဟောင်း John F Kennedy က ကျနော်တို့မှာ ကြောက်ရွံနေခြင်းကိုသာ ကြောက်ရမှာလို့ ပြောခဲ့ဘူးပါတယ်။ တိုင်းပြည်က ကိုယ့်အတွက်လာလုပ်မလဲ မပေးပါနဲ့ ကိုယ်က တိုင်းပြည်အတွက်ဘာလုပ်ပေးနိုင်မလဲ မေးပါလို့လည်း Kennedy ပြောခဲ့ပါတယ်။
အိမ်ဖြူတော် သမိုင်းအဖွဲ့က Collen Shogan က
“အမေရိကန်တွေအတွက် တကယ့်ကို အသစ်တဖန်ပြန်စခွင့် အခွင့်အလမ်းတခုပါ။ သမ္မတအနေနဲ့ တိုင်းပြည်ကို သူ့ကိုယ်သူ ပထမဆုံး မိတ်ဆက်ခွင့်ရတယ်။ ဒီအခွင့်အရေးက နောင်တခါ ထပ်ရမှာ မဟုတ်ဘူး။ အမေရိကန်သမိုင်းမှာ သိပ်ကို အရေးကြီးတဲ့ အချိန်အခါပါ။”
အစိုးရဟာ ကျနော်တို့ရဲ့ ပြသနာတွေအတွက် အဖြေမဟုတ်ဘဲ အစိုးရက ပြသနာဖြစ်နေတယ်လို့ ဖက်ဒရယ်အစိုးရ အာဏာကို ကန့်သတ်ဖို့ Ronald Reagan ပြောခဲ့ပါတယ်။ ပထမဆုံး လူမည်းသမ္မတရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲပဲဖြစ်ဖြစ်၊ ဘယ်လို အချိန်အခါဖြစ်ပစေ အမေရိကန်ပြည်သူတွေအတွက် သာမန်ထက် ထူးခြားတဲ့ အချိန်အခါပါ။
George Washington တက္ကသိုလ်က နိုင်ငံရေးသမိုင်းပညာရှင် Matt Dallek က
“တိုင်းပြည်အတွက် အခြေခံကျတဲ့ တစုံတခုအကြောင်းအရာ ပဲဖြစ်ဖြစ်၊ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလနဲ့ သက်ဆိုင်တဲ့ အကြောင်းပဲဖြစ်ဖြစ် အထိမ်းအမှတ် အမှတ်တရ မိန့်ခွန်းတွေ ပြောကြလေ့ရှိပါတယ်။”
သင်္ကေတပြု အထိမ်းအမှတ်ခုအတွက်လည်း အမှတ်ရစရာဖြစ်ခဲ့တာတွေ ရှိပါတယ်။ ၁၈၀၉ ခုနှစ်ကဆိုရင် သမ္မတဟောင်း James Madison က သူ ကျမ်းသစ္စာကျိန်ဆိုပွဲ ဝတ်တဲ့ ဝတ်စုံတခုလုံးကို အမေရိကန်လုပ်တွေချည်းပဲ ရွေးဝတ်ခဲ့ပါတယ်။
၁၉၅၃ Dwight D. Eisenhower ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ချီတက်ပွဲက အမေရိကန် စစ်အင်အားကို ပြတဲ့ ချီတက်ပွဲပါ။
၁၈၆၅ Abraham Lincoln ရဲ့ ဒုတိယအကြိမ် ကျန်းသစ္စာကျိန်ဆိုပွဲမှာ အာဖရိကနွယ်ဖွား အမေရိကန်တွေကို ချီတက်ပွဲမှာ ဝင်ပါဖို့ ပထမဆုံး ဖိတ်ကြားခဲ့ပါတယ်။
သမ္မတဟောင်း Woodrow Wilson ရဲ့ ဒုတိမြောက် ကျန်းသစ္စာကျိမ်ဆိုပွဲ ချီတက်ပွဲမှာမှ အမျိုးသမီးတွေ ပထမဆုံး ပါဝင်ခွင့်ရခဲ့ပါတယ်။
၁၉၄၁ ခုနှစ် William Henry Harrison ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကတော့ အထူး စိတ်မကောင်းစရာပါ။ အသက် ၆၈ နှစ်ရှိပြီး အဲဒီအချိန်က အသက်အကြီးဆုံး သမ္မတဖြစ်ခဲ့တဲ့ Harrison က ရေခဲမတ်အောက်အထိ အေးနေတဲ့ ရာသီဥတုထဲမှာ တနာရီကြာမိန့်ခွန်းကို ပြောခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ သမိုင်းမှာ အရှည်ဆုံး မိန့်ခွန်းပါ။
အိမ်ဖြူတော် သမိုင်းအဖွဲ့က Collen Shogan က
“ သူက အားနဲ့မာန်နဲ့ ပြောနိုင်တဲ့သူ၊ သမ္မတတာဝန်ထမ်းဖို့ လုပ်နိုင် ကိုင်နိုင် ရှိတဲ့သူဆိုတာ သက်သေ ပြချင်ခဲ့ပါတယ်။”
အဲဒီနေ့ ညနေမှာပဲ Harrison ဖျားနာခဲ့ပြီး နောက် တလအကြာမှာ ကွယ်လွန်သွားပါတယ်။ အမေရိကန် သမိုင်းမှာ သက်တမ်း အတိုဆုံး ထမ်းဆောင်ခဲ့တဲ့ သမ္မတ ဖြစ်ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲတွေဟာ သာမန်ပွဲလမ်း ကနေ အကြီးအကျယ် ကျင်းပတဲ့ အခမ်းအနားတွေ ဖြစ်လာပါတယ်။ ရုပ်မြင်သံကြားပေါ်လာပြီးတဲ့အချိန်မှာ ပိုပြီး မြင်ရတွေ့ရ အရေးကြီးလာပါတယ်။ သမ္မတ ယူရတဲ့ တာဝန်နဲ့ အခန်းကဏ္ဍ ပိုပြီး ကြီးလာတာကလည်း အဓိကအကြောင်းတခု ဖြစ်လာပါတယ်။
George Washington တက္ကသိုလ်က နိုင်ငံရေးသမိုင်းပညာရှင် Matt Dallek က
“သမ္မတ ထမ်းရတဲ့ တာဝန်နဲ့ ဝတ္တရားတွေ ပိုပြီး များလာလို့လည်း၊ ကျမ်းသစ္စာကျိန်ဆိုပွဲက ပါတီတွေ၊ ချီတက်ပွဲတွေနဲ့ ပိုပြီး ခမ်းနားသထက် ခမ်းနားအောင် ကျင်းပလာကြတာပါ။”
ဒီလိုနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေဟာ အမေရိကန် ဒီမိုကရေစီ အဓွန့်ရှည်တည်တန့်တာကို ပြသတဲ့ အခမ်းအနားတွေလည်း ဖြစ်လာပါတယ်။