သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Trump အဖြဲ႔နဲ႔ လုပ္ငန္း ကန္ထ႐ိုက္ေတြ နယူးေယာက္ၿမိဳ႕က ပယ္ဖ်က္ဖို႔ စီစဥ္


(Zawgyi/ Unicode)

အေမရိကန္ လႊတ္ေတာ္ အေဆာက္အအံုမွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ေတြအတြင္း သမၼတ Donald Trump ကို ေထာက္ခံသူေတြေၾကာင့္ ေသြးထြက္သံယို ဆူပူအံုၾကြမႈေတြ ျဖစ္ခဲ႔တာေၾကာင့္ သမၼတ Trump ရဲ႕ စီးပြားေရး အဖြဲ႔နဲ႔ ခ်ဳပ္ဆိုထားတဲ႔ ကန္ထရိုက္ေတြ အားလံုးကို ဖ်က္သိမ္းမယ့္ အေၾကာင္း New York City က ေၾကညာခဲ႔ပါတယ္။ သမၼတ Trump ရဲ႕ သားျဖစ္သူ Eric Trump ကေတာ့ ဒီေၾကညာခ်က္ကို ကန္႔ကြက္ ရႈတ္ခ်လိုက္ၿပီး ရင္ဆိုင္ တုံ႔ျပန္သြားမယ္လို႔ ေျပာဆိုထားပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

သမၼတ Donald Trump ရဲ႕ ေမြးရပ္ေျမ New York City က Trump Organization နဲ႔ ခ်ဳပ္ဆိုထားတဲ႔ ကန္ထရိုက္အားလံုးကို ဖ်က္မယ့္ အေၾကာင္း ၿမိဳ႕ေတာ္၀န္ De Blasio က ေၾကညာခဲ႔တာပါ။ ၿမဳိ႕ေတာ္၀ါရွင္တန္ ဒီစီက ကြန္ဂရက္ အေဆာက္အအံုမွာ ေရြးေကာက္ခံ သမၼတ Joe Biden ကို လႊတ္ေတာ္က တရား၀င္ အတည္ျပဳတဲ႔ လုပ္ငန္းစဥ္ အတြင္း Trump ေထာက္ခံသူေတြ ၀င္ေရာက္စီးနင္းတာေၾကာင့္ လူေသဆံုး ဒဏ္ရာရမႈေတြထိ ျဖစ္ခဲ႔တာပါ။ ဒီျဖစ္ရပ္ဟာဆိုရင္ ဘယ္လိုပံုစံမ်ိဳး၊ ဘယ္လို နည္းလမ္းမ်ိဳး၊ ဘယ္လို လုပ္ရပ္မ်ိဳးနဲ႔မွ ခြင့္လႊတ္ႏိုင္စရာ မရွိတဲ႔ လုပ္ရပ္ေတြနဲ႔ New York ၿမိဳ႕က ပတ္သက္မွာ မဟုတ္ဘူးလို႔ ၿမိဳ႕ေတာ္၀န္ Bill de Blasio က ဇန္န၀ါရီလ ၁၃ ရက္ေန႔ ဗုဒၶဟူးေန႔က တရား၀င္ ေၾကညာခ်က္ ထုတ္ခဲ႔တာပါ။

" အေျခခံ ဥပေဒနဲ႔ အညီ တရား၀င္ ေရြးေကာက္ခံ ကိုယ္စားလွယ္မဲေတြကို ေရတြက္ ေဆာင္ရြက္ေနခ်ိန္ လႊတ္ေတာ္ကို လူအုပ္နဲ႔ ဆန္႔က်င္ဖို႔ အေမရိကန္ သမၼတက ညႊန္ၾကားခဲ႔ပါတယ္။ ဥပေဒ ခ်ိဳးေဖာက္တဲ႔ လုပ္ရပ္ေၾကာင့္ Trump Organization နဲ႔ ကန္ထရိုက္ အားလံုးကို နယူးေယာက္ ၿမိဳ႕ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ရုပ္သိမ္းဖို႔ ဆံုးျဖတ္ထားပါတယ္။ ဘာစီးပြားေရးမွ ဆက္ၿပီး မလုပ္ေတာ့ပါဘူး။ ကန္ထရုိက္ အသံုးအႏႈန္း အရ တရားဥပေဒနဲ႔ မညီတဲ႔ လုပ္ရပ္ေတြ လုပ္ေနတာနဲ႔ တရားဥပေဒနဲ႔ မညီတဲ႔ လုပ္ရပ္ေတြ က်ဴးလြန္ခဲ႔ရင္ က်ေနာ္တို႔ အေနနဲ႔ ကန္ထရိုက္ေတြကို ရုပ္သိမ္းခြင့္ရွိပါတယ္။ "

နယူးေယာက္ၿမိဳ႕ Central Park က ခ်ားရဟတ္ တခုနဲ႔ ေရခဲျပင္ စကိတ္ကြင္း ၂ ခုကို စီမံခန္႔ခြဲမယ့္ ကန္ထရိုက္ အားလံုးကို ရပ္ပစ္ဖို႔ စတင္ေဆာင္ရြက္ေနၿပီလို႔လည္း ၿမိဳ႕ေတာ္၀န္ De Balsio က ေျပာပါတယ္။ Trump ရဲ႕ ကုမၸဏီက ဒီစီမံကိန္းေတြကေန တႏွစ္ကို ေဒၚလာ ၁၇ သန္းေလာက္ အက်ိဳးအျမတ္ ရရွိေနတာ ျဖစ္ပါတယ္။
သမၼတ Trump ရဲ႕ သားျဖစ္သူ Eric Trump ကေတာ့ ဒီ ေၾကညာခ်က္ကို ရႈတ္ခ်လိုက္ၿပီး ဒီကိစၥ ရင္ဆိုင္ေျဖရွင္းမယ္လို႔ ေျပာဆိုလုိက္ပါတယ္။

ၿမိဳ႕ေတာ္၀န္ de Blasio ရဲ႕ မကြ်မ္းက်င္ ညံ႔ဖ်င္းမႈ၊ အမွန္တရားကို မေထာက္ထားဘဲ ေျဗာင္က်က် လစ္လ်ဴရႈမႈ ျပယုဂ္တခု ျဖစ္တယ္လို႔ Eric Trump က ေျပာဆိုပါတယ္။ New York ၿမိဳ႕ အေနနဲ႔ Trump ကုမၸဏီနဲ႔ ခ်ဳပ္ဆိုထားတဲ႔ ကန္ထရိုက္ေတြကို အဆံုးသတ္ဖို႔ တရားဥပေဒေၾကာင္း အရ အခြင့္မရွိေၾကာင္း၊ တကယ္လို႔ ဆက္ၿပီး လုပ္ဖို႔ ေရြးခ်ယ္မယ္ဆိုရင္ေတာ့ Trump Organization ကို ေဒၚလာ သန္း ၃၀ ေပးရမွာ ျဖစ္တယ္လို႔လည္း Eric Trump က ေျပာပါတယ္။

ဒါဟာ ႏုိင္ငံေရး ခြဲျခားဆက္ဆံမႈသာ ျဖစ္ၿပီး အားသြန္ခြန္စိုက္ တံု႔ျပန္ေဆာင္ရြက္ဖို႔ စီစဥ္ေနေၾကာင္းလည္း ေျပာဆိုခဲ႔ပါတယ္။

သမၼတ Trump ကို ေထာက္ခံသူေတြရဲ႕ ဇန္န၀ါရီလ ၆ ရက္ေန႔ က ရုန္းရင္းဆန္ခတ္မႈေၾကာင့္ သမၼတရဲ႕ ပုဂၢလိက စီးပြားေရး ဆက္ဆံမႈေတြမွာ ဆိုးဆိုးရြားရြား သက္ေရာက္ ထိခိုက္မႈေတြရွိေနတဲ႔ အထဲ နယူးေယာက္ ၿမိဳ႕ေတာ္၀န္ရဲ႕ ဆံုးျဖတ္ခ်က္က ေနာက္ဆံုးထြက္လာတဲ႔ကိစၥ တခု ျဖစ္ပါတယ္။ အေမရိကရဲ႕ ေၾကးစား ေဂါ့ဖ္ကစားသမားမ်ား အသင္း PGA ရဲ႕ လာမယ့္ႏွစ္ PGA Championship ကစားပြဲကို Trump ရဲ႕ နယူးဂ်ာဆီ ေဂါ့ဖ္ကြင္းမွာ မက်င္းပဖို႔ မဲခြဲဆံုးျဖတ္ၿပီး ၃ ရက္ အၾကာမွာ New York ၿမိဳ႕ေတာ္၀န္ရဲ႕ ေၾကညာခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

" Trump Organization ၇ဲ႕ ကန္ထရိုက္ေတြထဲက တခုကေတာ့ Bronx က ေဂါဖ္႔ကြင္း တခုပါ၊ ဒီကန္ထရိုက္ကေတာ့ Championship တံခြန္စိုက္ ေဂါဖ္႔ ၿပိဳင္ပြဲေတြ က်င္းပဖို႔ ျဖစ္ပါတယ္။ အဲဒီမွာ ဘာျဖစ္သြားသလဲ ဆိုေတာ့ Trump Organization ရဲ႕ ေဂါဖ္႔ကြင္းေတြ အားလံုးမွာ သူတို႔ ၿပိဳင္ပြဲေတြ က်င္းပဖို႔ ခြင့္မျပဳေၾကာင္း PGA က ေျပာဆိုထားပါတယ္။"

Twitter နဲ႔ တျခား လူမႈကြန္ရက္ မီဒီယာေတြက သမၼတ Trump ရဲ႕ အေကာင့္ေတြကို ပိတ္ပင္လိုက္သလိုဘဲ Shopify ကလည္း သမၼတ Trump နဲ႔ ဆက္စပ္ေနတဲ႔ အြန္လိုင္း စတိုးေတြကို ပယ္ဖ်က္လုိက္ပါတယ္။

ေရြးေကာက္ခံ သမၼတ Joe Biden ရဲ႕ ႏို၀င္ဘာလ ၃ ရက္ေန႔ ေရြးေကာက္ပြဲ အႏုိင္ရမႈကို လႊတ္ေတာ္ အမတ္ေတြက တရား၀င္ အတည္ျပဳတဲ႔ လုပ္ငန္းစဥ္ စေနခ်ိန္ လႊတ္ေတာ္ အေဆာက္အအံုကို ခ်ီတက္ၾကမယ့္ Save America March - အေမရိကန္ကို ကယ္တင္ေရး ခ်ီတက္ပြဲ အတြက္ ၀ါရွင္တန္ကို ေရာက္လာတဲ႔ ေထာင္နဲ႔ခ်ီတဲ႔ ေထာက္ခံသူေတြကို ဇန္န၀ါရီလ ၆ ရက္ေန႔မွာ သမၼတ Trump က ပန္ၾကားခဲ႔ပါတယ္။

တရားမ၀င္ သမၼတ ရလာမယ္။ ဒါမ်ိဳးအေျခအေန ျဖစ္ခြင့္ ေပးလို႔ မရဘူး လို႔ သမၼတ Trump က ခ်ီတက္လာသူေတြကို ေျပာခဲ႔တာပါ။ အေလးအနက္ထား တုံ႔ျပန္ တြန္းလွန္ဖို႔၊ တကယ္လို႔ ဒီလို မတြန္းလွန္ဘူး ဆိုရင္ ႏုိင္ငံတခုကို ဘယ္ေတာ့မွ ရမွာ မဟုတ္ဘူးလို႔ သမၼတ Trump က ေျပာခဲ႔ပါတယ္။

သမၼတ မိန္႔ခြန္း အၿပီးမွာေတာ့ သမၼတ Trump ကို ေထာက္ခံတဲ႔ ေထာင္နဲ႔ခ်ီတဲ႔ လူအုပ္က လႊတ္ေတာ္ အေဆာက္အအံု Capitol ကုိ ခ်ီတက္ၿပီး ရဲအတားအဆီးေတြကို တြန္းထိုး ေက်ာ္ျဖတ္ၿပီး လႊတ္ေတာ္တြင္းကို ၀င္ေရာက္ခဲ႔ၾကတာပါ။ ၀ရုန္းသုန္ကား ျဖစ္ေနတဲ႔ လူအုပ္ထဲမွာ ၆ ဦး ေသဆံုးခဲ႔ပါတယ္။

ဒီမိုကရက္ ဦးေဆာင္တဲ႔ ေအာက္လႊတ္ေတာ္က သမၼတ Trump ကို ဗုဒၶဟူးေန႔က တရားစြဲဆိုလိုက္ပါတယ္။ လူေသဆုံးရတဲ့အထိ ျဖစ္ပြားခဲ့တဲ့ လႊတ္ေတာ္ အေဆာက္အအုံကို ဝင္ေရာက္ စီးနင္းမႈ ျဖစ္ရပ္မွာ သမၼတ ထရမ့္က သူ႔ကို ေထာက္ခံသူေတြကို လႈံ႔ေဆာ္အားေပးခဲ့တယ္ဆိုတဲ့ အခ်က္ကို ေထာက္ျပၿပီး ေအာက္လႊတ္ေတာ္က တရားစြဲဆိုလိုက္တာ ျဖစ္ၿပီး ဒါဟာဆိုရင္ သမၼတ Trump အေနနဲ႔ ဒုတိယ အႀကိမ္ ထပ္မံ တရားစြဲဆိုခံရမႈ ျဖစ္ပါတယ္။

ပထမ အႀကိမ္ တရားစြဲခံရတာကေတာ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက ျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ သမၼတ ေရြးေကာက္ပြဲမွာ ျပန္လည္ ေရြးေကာက္ခံတာမွာ အားသာခ်က္ ရဖို႔ အတြက္ Joe Biden နဲ႔ သားျဖစ္သူကို စံုစမ္းစစ္ေဆးဖို႔ ယူကရိန္း သမၼတသစ္ Volodymyr Zelenskiy ကို တြန္းအားေပးဖို႔ ႀကိဳးပမ္းခဲ႔တာေၾကာင့္ အာဏာ အလြဲသံုးစား လုပ္မႈ၊ တရားစီရင္ေရးကို အဟန္႔အတား လုပ္မႈေတြနဲ႔ စြဲဆိုတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္၀ါရီလမွာ အထက္လႊတ္ေတာ္က အျပစ္မရွိေၾကာင္း ဆံုးျဖတ္ခဲ႔ပါတယ္။ အခု ဒုတိယ အႀကိမ္မွာေတာ့ သမၼတကို အထက္လႊတ္ေတာ္က စစ္ေဆးမလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)
Trump အဖွဲ့နဲ့ လုပ်ငန်း ကန်ထရိုက်တွေ နယူးယောက်မြို့က ပယ်ဖျက်ဖို့ စီစဉ်

အမေရိကန် လွှတ်တော် အဆောက်အအုံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သမ္မတ Donald Trump ကို ထောက်ခံသူတွေကြောင့် သွေးထွက်သံယို ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့တာကြောင့် သမ္မတ Trump ရဲ့ စီးပွားရေး အဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်တွေ အားလုံးကို ဖျက်သိမ်းမယ့် အကြောင်း New York City က ကြေညာခဲ့ပါတယ်။ သမ္မတ Trump ရဲ့ သားဖြစ်သူ Eric Trump ကတော့ ဒီကြေညာချက်ကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ရင်ဆိုင် တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

သမ္မတ Donald Trump ရဲ့ မွေးရပ်မြေ New York City က Trump Organization နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်အားလုံးကို ဖျက်မယ့် အကြောင်း မြို့တော်ဝန် De Blasio က ကြေညာခဲ့တာပါ။ မြို့တော်ဝါရှင်တန် ဒီစီက ကွန်ဂရက် အဆောက်အအုံမှာ ရွေးကောက်ခံ သမ္မတ Joe Biden ကို လွှတ်တော်က တရားဝင် အတည်ပြုတဲ့ လုပ်ငန်းစဉ် အတွင်း Trump ထောက်ခံသူတွေ ဝင်ရောက်စီးနင်းတာကြောင့် လူသေဆုံး ဒဏ်ရာရမှုတွေထိ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာဆိုရင် ဘယ်လိုပုံစံမျိုး၊ ဘယ်လို နည်းလမ်းမျိုး၊ ဘယ်လို လုပ်ရပ်မျိုးနဲ့မှ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ လုပ်ရပ်တွေနဲ့ New York မြို့က ပတ်သက်မှာ မဟုတ်ဘူးလို့ မြို့တော်ဝန် Bill de Blasio က ဇန်နဝါရီလ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့က တရားဝင် ကြေညာချက် ထုတ်ခဲ့တာပါ။

" အခြေခံ ဥပဒေနဲ့ အညီ တရားဝင် ရွေးကောက်ခံ ကိုယ်စားလှယ်မဲတွေကို ရေတွက် ဆောင်ရွက်နေချိန် လွှတ်တော်ကို လူအုပ်နဲ့ ဆန့်ကျင်ဖို့ အမေရိကန် သမ္မတက ညွှန်ကြားခဲ့ပါတယ်။ ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ်ကြောင့် Trump Organization နဲ့ ကန်ထရိုက် အားလုံးကို နယူးယောက် မြို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာစီးပွားရေးမှ ဆက်ပြီး မလုပ်တော့ပါဘူး။ ကန်ထရိုက် အသုံးအနှုန်း အရ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်နေတာနဲ့ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ရင် ကျနော်တို့ အနေနဲ့ ကန်ထရိုက်တွေကို ရုပ်သိမ်းခွင့်ရှိပါတယ်။ "

နယူးယောက်မြို့ Central Park က ချားရဟတ် တခုနဲ့ ရေခဲပြင် စကိတ်ကွင်း ၂ ခုကို စီမံခန့်ခွဲမယ့် ကန်ထရိုက် အားလုံးကို ရပ်ပစ်ဖို့ စတင်ဆောင်ရွက်နေပြီလို့လည်း မြို့တော်ဝန် De Balsio က ပြောပါတယ်။ Trump ရဲ့ ကုမ္ပဏီက ဒီစီမံကိန်းတွေကနေ တနှစ်ကို ဒေါ်လာ ၁၇ သန်းလောက် အကျိုးအမြတ် ရရှိနေတာ ဖြစ်ပါတယ်။
သမ္မတ Trump ရဲ့ သားဖြစ်သူ Eric Trump ကတော့ ဒီ ကြေညာချက်ကို ရှုတ်ချလိုက်ပြီး ဒီကိစ္စ ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောဆိုလိုက်ပါတယ်။

မြို့တော်ဝန် de Blasio ရဲ့ မကျွမ်းကျင် ညံ့ဖျင်းမှု၊ အမှန်တရားကို မထောက်ထားဘဲ ဗြောင်ကျကျ လစ်လျူရှုမှု ပြယုဂ်တခု ဖြစ်တယ်လို့ Eric Trump က ပြောဆိုပါတယ်။ New York မြို့ အနေနဲ့ Trump ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်တွေကို အဆုံးသတ်ဖို့ တရားဥပဒေကြောင်း အရ အခွင့်မရှိကြောင်း၊ တကယ်လို့ ဆက်ပြီး လုပ်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ Trump Organization ကို ဒေါ်လာ သန်း ၃၀ ပေးရမှာ ဖြစ်တယ်လို့လည်း Eric Trump က ပြောပါတယ်။ ဒါဟာ နိုင်ငံရေး ခွဲခြားဆက်ဆံမှုသာ ဖြစ်ပြီး အားသွန်ခွန်စိုက် တုံ့ပြန်ဆောင်ရွက်ဖို့ စီစဉ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သမ္မတ Trump ကို ထောက်ခံသူတွေရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ က ရုန်းရင်းဆန်ခတ်မှုကြောင့် သမ္မတရဲ့ ပုဂ္ဂလိက စီးပွားရေး ဆက်ဆံမှုတွေမှာ ဆိုးဆိုးရွားရွား သက်ရောက် ထိခိုက်မှုတွေရှိနေတဲ့ အထဲ နယူးယောက် မြို့တော်ဝန်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံးထွက်လာတဲ့ကိစ္စ တခု ဖြစ်ပါတယ်။ အမေရိကရဲ့ ကြေးစား ဂေါ့ဖ်ကစားသမားများ အသင်း PGA ရဲ့ လာမယ့်နှစ် PGA Championship ကစားပွဲကို Trump ရဲ့ နယူးဂျာဆီ ဂေါ့ဖ်ကွင်းမှာ မကျင်းပဖို့ မဲခွဲဆုံးဖြတ်ပြီး ၃ ရက် အကြာမှာ New York မြို့တော်ဝန်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

" Trump Organization ရဲ့ ကန်ထရိုက်တွေထဲက တခုကတော့ Bronx က ဂေါဖ့်ကွင်း တခုပါ၊ ဒီကန်ထရိုက်ကတော့ Championship တံခွန်စိုက် ဂေါဖ့် ပြိုင်ပွဲတွေ ကျင်းပဖို့ ဖြစ်ပါတယ်။ အဲဒီမှာ ဘာဖြစ်သွားသလဲ ဆိုတော့ Trump Organization ရဲ့ ဂေါဖ့်ကွင်းတွေ အားလုံးမှာ သူတို့ ပြိုင်ပွဲတွေ ကျင်းပဖို့ ခွင့်မပြုကြောင်း PGA က ပြောဆိုထားပါတယ်။"

Twitter နဲ့ တခြား လူမှုကွန်ရက် မီဒီယာတွေက သမ္မတ Trump ရဲ့ အကောင့်တွေကို ပိတ်ပင်လိုက်သလိုဘဲ Shopify ကလည်း သမ္မတ Trump နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်း စတိုးတွေကို ပယ်ဖျက်လိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ Joe Biden ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲ အနိုင်ရမှုကို လွှတ်တော် အမတ်တွေက တရားဝင် အတည်ပြုတဲ့ လုပ်ငန်းစဉ် စနေချိန် လွှတ်တော် အဆောက်အအုံကို ချီတက်ကြမယ့် Save America March - အမေရိကန်ကို ကယ်တင်ရေး ချီတက်ပွဲ အတွက် ဝါရှင်တန်ကို ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို ဇန်နဝါရီလ ၆ ရက်နေ့မှာ သမ္မတ Trump က ပန်ကြားခဲ့ပါတယ်။

တရားမဝင် သမ္မတ ရလာမယ်။ ဒါမျိုးအခြေအနေ ဖြစ်ခွင့် ပေးလို့ မရဘူး လို့ သမ္မတ Trump က ချီတက်လာသူတွေကို ပြောခဲ့တာပါ။ အလေးအနက်ထား တုံ့ပြန် တွန်းလှန်ဖို့၊ တကယ်လို့ ဒီလို မတွန်းလှန်ဘူး ဆိုရင် နိုင်ငံတခုကို ဘယ်တော့မှ ရမှာ မဟုတ်ဘူးလို့ သမ္မတ Trump က ပြောခဲ့ပါတယ်။

သမ္မတ မိန့်ခွန်း အပြီးမှာတော့ သမ္မတ Trump ကို ထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်က လွှတ်တော် အဆောက်အအုံ Capitol ကို ချီတက်ပြီး ရဲအတားအဆီးတွေကို တွန်းထိုး ကျော်ဖြတ်ပြီး လွှတ်တော်တွင်းကို ဝင်ရောက်ခဲ့ကြတာပါ။ ဝရုန်းသုန်ကား ဖြစ်နေတဲ့ လူအုပ်ထဲမှာ ၆ ဦး သေဆုံးခဲ့ပါတယ်။

ဒီမိုကရက် ဦးဆောင်တဲ့ အောက်လွှတ်တော်က သမ္မတ Trump ကို ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပါတယ်။ လူသေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ လွှတ်တော် အဆောက်အအုံကို ဝင်ရောက် စီးနင်းမှု ဖြစ်ရပ်မှာ သမ္မတ ထရမ့်က သူ့ကို ထောက်ခံသူတွေကို လှုံ့ဆော်အားပေးခဲ့တယ်ဆိုတဲ့ အချက်ကို ထောက်ပြပြီး အောက်လွှတ်တော်က တရားစွဲဆိုလိုက်တာ ဖြစ်ပြီး ဒါဟာဆိုရင် သမ္မတ Trump အနေနဲ့ ဒုတိယ အကြိမ် ထပ်မံ တရားစွဲဆိုခံရမှု ဖြစ်ပါတယ်။

ပထမ အကြိမ် တရားစွဲခံရတာကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံတာမှာ အားသာချက် ရဖို့ အတွက် Joe Biden နဲ့ သားဖြစ်သူကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်း သမ္မတသစ် Volodymyr Zelenskiy ကို တွန်းအားပေးဖို့ ကြိုးပမ်းခဲ့တာကြောင့် အာဏာ အလွဲသုံးစား လုပ်မှု၊ တရားစီရင်ရေးကို အဟန့်အတား လုပ်မှုတွေနဲ့ စွဲဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ အထက်လွှတ်တော်က အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အခု ဒုတိယ အကြိမ်မှာတော့ သမ္မတကို အထက်လွှတ်တော်က စစ်ဆေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

XS
SM
MD
LG