သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သက္တမ္းကုန္ဆံုးေတာ့မည့္ သမၼတ Trump ဖေလာ္ရီဒါထြက္ခြာမည္


ဇန္နဝါရီ ၁၂ ရက္ေန႔က လက္ရွိအေမရိကန္သမၼတ Donald Trump Maryland ကေန Texas သို႔ မထြက္ခြာခင္ ျမင္ကြင္း။ (ဇန္နဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

လက္ရွိသမၼတ Donald Trump ရဲ႕ ေလးႏွစ္တာ သမၼတသက္တမ္းကေတာ့ ဒီကေန႔မွာပဲ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဒီကေန႔မနက္ပိုင္းမွာ အိမ္ျဖဴေတာ္ကေန ထြက္ခြာၿပီးတဲ့ေနာက္ Air Force One ေလယာဥ္နဲ႔ ဖေလာ္ရီဒါျပည္နယ္ကို သြားမွာျဖစ္ပါတယ္။

အေရအတြက္ အတိအက်မသိတဲ့ ဧည့္သည္ေတာ္ေတြ တက္ေရာက္မယ့္ အိမ္ျဖဴေတာ္က ထြက္ခြာပြဲအခမ္းအနားကို ေကာ္ေဇာနီခင္း၊ ဂုဏ္ျပဳတပ္ဖြဲ႕က တီးမႈတ္ၿပီးေတာ့ ေသနတ္ ၂၁ ခ်က္ပစ္ေဖာက္ၿပီး က်င္းပဖို႔ စီစဥ္ထားပါတယ္။

မစၥတာထရမ့္ပ္ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရွိလာတဲ့ အစဥ္အလာကို ခ်ိဳးေဖာက္ၿပီး မစၥတာဘိုင္ဒန္ သမၼတသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္မွာ မဟုတ္ပါဘူး။

မစၥတာထရမ့္ပ္အေနနဲ႔ ႏိုင္ငံေရး ရည္မွန္းခ်က္တခုခုနဲ႔ ဘာဆက္လုပ္မယ္ဆိုတာအပါအဝင္ အနာဂတ္အေျခအေနကေတာ့ ေရေရရာရာ မသိရေသးပါဘူး။

သူ႔ရဲ႕ သမၼတသက္တမ္း မကုန္ဆုံးခင္ နာရီပိုင္းေတြအတြင္းမွာပဲ သမၼတထရမ့္ပ္က လူေပါင္း ၇၃ ေယာက္ကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးခဲ့ၿပီး ေနာက္ထပ္ အေယာက္ ၇၀ ကို ျပစ္ဒဏ္ေတြ ေလ ွ်ာ့ေပါ့ေပးလိုက္တဲ့အေၾကာင္း ဒီကေန႔အေစာပိုင္းမွာ အိမ္ျဖဴေတာ္ကေၾကညာပါတယ္။

ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ ေပးလိုက္သူေတြထဲမွာ သမၼတထရမ့္ပ္ရဲ႕ မဲဆြယ္စည္း႐ုံးေရးအဖြဲ႕ မန္ေနဂ်ာလုပ္ခဲ့ၿပီး ေနာက္ပိုင္းမွာ အႀကီးတန္းအႀကံေပးပုဂၢိဳလ္ျဖစ္ခဲ့တဲ့ Steve Bannon လည္း ပါဝင္ပါတယ္။

Steve Bannon ဟာ အေမရိကန္-မကၠဆီကိုနယ္စပ္မွာ တံတိုင္းေဆာက္မယ္ဆိုၿပီး လူေထာင္ေပါင္းမ်ားစြာဆီကေန ရန္ပံုေငြ လိမ္လည္ေကာက္ခံခဲ့မႈစြဲခ်က္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သက်တမ်းကုန်ဆုံးတော့မည့် သမ္မတ Trump ဖလော်ရီဒါထွက်ခွာမည်

လက်ရှိသမ္မတ Donald Trump ရဲ့ လေးနှစ်တာ သမ္မတသက်တမ်းကတော့ ဒီကနေ့မှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ အိမ်ဖြူတော်ကနေ ထွက်ခွာပြီးတဲ့နောက် Air Force One လေယာဉ်နဲ့ ဖလော်ရီဒါပြည်နယ်ကို သွားမှာဖြစ်ပါတယ်။

အရေအတွက် အတိအကျမသိတဲ့ ဧည့်သည်တော်တွေ တက်ရောက်မယ့် အိမ်ဖြူတော်က ထွက်ခွာပွဲအခမ်းအနားကို ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့က တီးမှုတ်ပြီးတော့ သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး ကျင်းပဖို့ စီစဉ်ထားပါတယ်။

မစ္စတာထရမ့်ပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး မစ္စတာဘိုင်ဒန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာ မဟုတ်ပါဘူး။

မစ္စတာထရမ့်ပ်အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်တခုခုနဲ့ ဘာဆက်လုပ်မယ်ဆိုတာအပါအဝင် အနာဂတ်အခြေအနေကတော့ ရေရေရာရာ မသိရသေးပါဘူး။

သူ့ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးခင် နာရီပိုင်းတွေအတွင်းမှာပဲ သမ္မတထရမ့်ပ်က လူပေါင်း ၇၃ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နောက်ထပ် အယောက် ၇၀ ကို ပြစ်ဒဏ်တွေ လေ ျှာ့ပေါ့ပေးလိုက်တဲ့အကြောင်း ဒီကနေ့အစောပိုင်းမှာ အိမ်ဖြူတော်ကကြေညာပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သူတွေထဲမှာ သမ္မတထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာလုပ်ခဲ့ပြီး နောက်ပိုင်းမှာ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ Steve Bannon လည်း ပါဝင်ပါတယ်။

Steve Bannon ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်မယ်ဆိုပြီး လူထောင်ပေါင်းများစွာဆီကနေ ရန်ပုံငွေ လိမ်လည်ကောက်ခံခဲ့မှုစွဲချက်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

XS
SM
MD
LG