သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရသစ္အတြက္ ဆုမြန္ေကာင္းေတာင္းသြားတဲ့ သမၼတTrump ရဲ႕ႏႈတ္ဆက္မိန္႔ခြန္း


သမၼတTrump ႏႈတ္ဆက္မိန္႔ခြန္းေျပာ

(Zawgyi/Unicode)

သမၼတ ေဒၚနယ္ ထရမ့္က ေနာက္တက္မယ့္ အစိုးရသစ္အတြက္ ႏႈတ္ဆက္ ဆုမြန္ေကာင္း ေတာင္းတဲ့ ဗီြဒီယိုကို ရာထူးက မစြန္႔ခြာခင္ တစ္ရက္ အလို အဂၤါေန႔က ထုတ္ျပန္လိုက္ပါတယ္။ သူ႔ကို ဆက္ခံမည့္သူအတြက္ ကံေကာင္းေစေၾကာင္း ဆုေတာင္းေပမယ့္ Joe Biden ရဲ႕ နာမည္ကို ေတာ့ တစ္လုံးတစ္ပါဒမွာ ထုတ္ေဖာ္ေျပာဆိုသြားတာ မရွိပါဘူး။

ဒီ သီတင္းပတ္ထဲ အစိုးရသစ္ စတင္ တာဝန္ ထမ္းေဆာင္မွာ ျဖစ္ေၾကာင္းနဲ႔ အေမရိကန္နိုင္ငံကို လုံျခဳံၿပီး သာယာဝေျပာေစေအာင္ ဆက္လက္ ေဆာင္ရြက္ရာမွာ ေအာင္ျမင္မႈေတြ ရေစေၾကာင္း ဆုေတာင္းတယ္လို႔လည္း သူက ေျပာပါတယ္။

တနလၤာေန႔ကရိုက္ကူးခဲ့တဲ့ မိနစ္ ၂၀ ၾကာ ဗီြဒီယိုမွာ ထရမ့္က ကမၻာ့သမိုင္းမွာ အေအာင္ျမင္ဆုံး စီးပြားေရးကို ဖန္တီးခဲ့သူအျဖစ္လည္းအမွတ္ယူ ေျပာၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္ ဆယ္စုႏွစ္အခ်ိန္ေတြထဲ စစ္ပြဲသစ္ မစတင္ခဲ့တဲ့ ပထမဆုံး အေမရိကန္ သမၼတ တစ္ေယာက္အျဖစ္လည္း ဂုဏ္ယူေျပာ ဆို သြားခဲ့ပါတယ္။

အိမ္ျဖဴေတာ္က အဲဒီ ဗြီဒီယိုကို YouTube ကေန ထုတ္လႊင့္တဲ့ အခ်ိန္မွာပဲ ေရြးေကာက္ခံ သမၼတ Joe Biden က Delaware ျပည္နယ္ကေန ဝါရွင္တန္ ဒီစီ အနီး Maryland ျပည္နယ္က Andrew ေလတပ္ အေျခစိုက္ စခန္းကို ေရာက္ရွိလာခဲ့ပါတယ္။ ေနာက္တစ္ေန႔ ဗုဒၶဟူးေန႔မွာ အဲဒီ ေလတပ္ အေျခစိုက္စခန္းမွာပဲ သမၼတ ထရမ့္ကို ေနာက္ဆုံး ႏႈတ္ဆက္တဲ့အခမ္းအနားကို က်င္းပမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ Air Force One ေလယာဥ္နဲ႔ ေနာက္ဆုံးခရီးအျဖစ္ Florida ျပည္နယ္ကို သမၼတ ထရမ့္ သြားေရာက္မွာ ျဖစ္ပါတယ္။

အစဥ္အလာကို ခ်ိဳးေဖာက္ၿပီး သမၼတ ထရမ့္က နိုဝင္ဘာ ေရြးေကာက္ပြဲမွာ သူ႔အေပၚ အနိုင္ရခဲ့တဲ့ JoeBiden ရဲ႕ သမၼတ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုတဲ့ အခမ္းအနားကို မတက္ေရာက္ဘဲေနမွာပါ။ Joe Biden က သူ႔အေပၚ လူတစ္ဦးခ်င္းေပးတဲ့မဲေရာ၊ သမၼတ ေရြးခ်ယ္ေရးအဖြဲ႕ ေပးတဲ့ မဲေတြမွာပါ အနိုင္ရခဲ့သူ ျဖစ္ပါတယ္။ ဒါေပမဲ့ ထရမ့္က မဲ႐ုံေတြမွာ မဲမသာမႈေတြ ရွိတယ္လို႔ စြပ္စြဲ ေျပာၾကားေနဆဲျဖစ္ၿပီး Biden ကိုလည္း ခ်ီးက်ဴးဂုဏ္ျပစကား အခု အခ်ိန္အထိ ေျပာၾကားျခင္း မရွိေသးပါဘူး။

က်မ္းသစၥာ က်ိန္ဆိုပြဲကို ဒုတိယ သမၼတ Mike Pence ကေတာ့ တက္ေရာက္ဖို႔ စီစဥ္ထားပါတယ္။ ဒုတိယ သမၼတအျဖစ္ သူ႔ကို ဆက္ခံမယ့္ Kamala Harris က်မ္းသစၥာ က်ိန္ဆိုၿပီး ၁၅ မိနစ္အၾကာမွာ မြန္းတည့္ခ်ိန္မွာ Joe Biden က သမၼတ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုမွာ ျဖစ္ပါတယ္။

ဒီႏွစ္ က်မ္းသစၥာ က်ိန္ဆိုပြဲမွာေတာ့ ခ်ီတက္လမ္း ေလၽွာက္ပြဲနဲ႔ တျခား ပြဲေတြကိုေတာ့ ကပ္ေရာဂါ အေျခအေနေၾကာင့္ အက်ဥ္း႐ုံး ဒါမွမဟုတ္ ဗီြဒီယိုက တဆင့္သာ ျပဳလုပ္မွာ ျဖစ္ပါတယ္။

သမၼတသစ္ က်မ္းသစၥာ က်ိန္ဆိုအၿပီး ဒီ သီတင္းပတ္ကုန္မွာပဲ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က ၿပီးခဲ့တဲ့ အပတ္က ေအာက္လႊတ္ေတာ္ကေန ဆုံးျဖတ္ အတည္ျပဳထားတဲ့ သမၼတ ထရမ့္ကို တရားစြဲဆိုခ်က္ အာတီကယ္ကို အထက္လႊတ္ေတာ္ကို တင္သြင္းမယ္လို႔ ခန္႔မွန္းရပါတယ္။

..............

အစိုးရသစ်အတွက်ဆုမွန်ကောင်းတောင်းသွားတဲ့ သမ္မတTrump ရဲ့နှုတ်ဆက်မိန့်ခွန်း

(Unicode)

သမ္မတ ဒေါ်နယ် ထရမ့်က နောက်တက်မယ့် အစိုးရသစ်အတွက် နှုတ်ဆက် ဆုမွန်ကောင်း တောင်းတဲ့ ဗွီဒီယိုကို ရာထူးက မစွန့်ခွာခင် တစ်ရက် အလို အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။ သူ့ကို ဆက်ခံမည့်သူအတွက် ကံကောင်းစေကြောင်း ဆုတောင်းပေမယ့် Joe Biden ရဲ့ နာမည်ကို တော့ တစ်လုံးတစ်ပါဒမှာ ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။

ဒီ သီတင်းပတ်ထဲ အစိုးရသစ် စတင် တာဝန် ထမ်းဆောင်မှာ ဖြစ်ကြောင်းနဲ့ အမေရိကန်နိုင်ငံကို လုံခြုံပြီး သာယာဝပြောစေအောင် ဆက်လက် ဆောင်ရွက်ရာမှာ အောင်မြင်မှုတွေ ရစေကြောင်း ဆုတောင်းတယ်လို့လည်း သူက ပြောပါတယ်။

တနင်္လာနေ့ကရိုက်ကူးခဲ့တဲ့ မိနစ် ၂၀ ကြာ ဗွီဒီယိုမှာ ထရမ့်က ကမ္ဘာ့သမိုင်းမှာ အအောင်မြင်ဆုံး စီးပွားရေးကို ဖန်တီးခဲ့သူအဖြစ်လည်းအမှတ်ယူ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်အချိန်တွေထဲ စစ်ပွဲသစ် မစတင်ခဲ့တဲ့ ပထမဆုံး အမေရိကန် သမ္မတ တစ်ယောက်အဖြစ်လည်း ဂုဏ်ယူပြော ဆို သွားခဲ့ပါတယ်။

အိမ်ဖြူတော်က အဲဒီ ဗွီဒီယိုကို YouTube ကနေ ထုတ်လွှင့်တဲ့ အချိန်မှာပဲ ရွေးကောက်ခံ သမ္မတ Joe Biden က Delaware ပြည်နယ်ကနေ ဝါရှင်တန် ဒီစီ အနီး Maryland ပြည်နယ်က Andrew လေတပ် အခြေစိုက် စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့မှာ အဲဒီ လေတပ် အခြေစိုက်စခန်းမှာပဲ သမ္မတ ထရမ့်ကို နောက်ဆုံး နှုတ်ဆက်တဲ့အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီနောက် Air Force One လေယာဉ်နဲ့ နောက်ဆုံးခရီးအဖြစ် Florida ပြည်နယ်ကို သမ္မတ ထရမ့် သွားရောက်မှာ ဖြစ်ပါတယ်။

အစဉ်အလာကို ချိုးဖောက်ပြီး သမ္မတ ထရမ့်က နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူ့အပေါ် အနိုင်ရခဲ့တဲ့ JoeBiden ရဲ့ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို မတက်ရောက်ဘဲနေမှာပါ။ Joe Biden က သူ့အပေါ် လူတစ်ဦးချင်းပေးတဲ့မဲရော၊ သမ္မတ ရွေးချယ်ရေးအဖွဲ့ ပေးတဲ့ မဲတွေမှာပါ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်က မဲရုံတွေမှာ မဲမသာမှုတွေ ရှိတယ်လို့ စွပ်စွဲ ပြောကြားနေဆဲဖြစ်ပြီး Biden ကိုလည်း ချီးကျူးဂုဏ်ပြစကား အခု အချိန်အထိ ပြောကြားခြင်း မရှိသေးပါဘူး။

ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဒုတိယ သမ္မတ Mike Pence ကတော့ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ဒုတိယ သမ္မတအဖြစ် သူ့ကို ဆက်ခံမယ့် Kamala Harris ကျမ်းသစ္စာ ကျိန်ဆိုပြီး ၁၅ မိနစ်အကြာမှာ မွန်းတည့်ချိန်မှာ Joe Biden က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဒီနှစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာတော့ ချီတက်လမ်း လျှောက်ပွဲနဲ့ တခြား ပွဲတွေကိုတော့ ကပ်ရောဂါ အခြေအနေကြောင့် အကျဉ်းရုံး ဒါမှမဟုတ် ဗွီဒီယိုက တဆင့်သာ ပြုလုပ်မှာ ဖြစ်ပါတယ်။

သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုအပြီး ဒီ သီတင်းပတ်ကုန်မှာပဲ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က ပြီးခဲ့တဲ့ အပတ်က အောက်လွှတ်တော်ကနေ ဆုံးဖြတ် အတည်ပြုထားတဲ့ သမ္မတ ထရမ့်ကို တရားစွဲဆိုချက် အာတီကယ်ကို အထက်လွှတ်တော်ကို တင်သွင်းမယ်လို့ ခန့်မှန်းရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG