သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟြန္ဒူးရပ္စ္က ေရႊ႕ေျပာင္းလူအုပ္ အေမရိကန္နယ္စပ္ဆီ ဦးတည္ေန


အေမရိကန္ႏုိင္ငံထဲဝင္ဖို႔ ႀကိဳးစားတဲ့ ေရႊ႕ေျပာင္းလူအုပ္ႀကီးနဲ႔ ထိပ္တုိက္ေတြ႔ေနတဲ့ ဟြြန္ဒူးရပ္စ္ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ဟြန္ဒူးရပ္စ္ႏုိင္ငံက ေရႊ႕ေျပာင္းလာသူ အနည္းဆုံး ၉,၀၀၀ ေလာက္ဟာ ဂြါတီမာလာႏုိင္ငံကို ျဖတ္ၿပီး အေမရိကန္ျပည္ေထာင္စု အစိုးရသစ္ တာဝန္ယူတဲ့ အေစာပိုင္းရက္ေတြမွာ ေရာက္လာႏိုင္ဖို႔ ေမွ်ာ္လင့္ရင္း တရက္ေစာၿပီး စတင္ ထြက္ခြာလာေနပါတယ္။

ဟြန္ဒူးရပ္စ္နဲ႔ ဂြါတီမာလာက အေဝးေျပးလမ္းမႀကီးေတြတေလွ်ာက္ စစ္ေဆးေရး စခန္းေတြက ရဲေတြက ေစာေစာပိုင္း ထြက္လာတဲ့သူေတြရဲ႕ သက္ေသခံ စာရြက္စာတမ္းေတြ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ လူအုပ္ႀကီးကို ေရွ႕ဆက္မသြားေအာင္ ရပ္တန႔္ဖို႔ေတာ့ မႀကိဳးစားခဲ့ၾကပါဘူး။

စေနေန႔ကေတာ့ ဟြန္ဒူးရပ္စ္နယ္ျခား Chiquimula အေဝးေျပးလမ္းမ အဝင္ဂိတ္ဘက္ကို နီးကပ္လာတဲ့ လူအုပ္ႀကီးကို ဂြါတီမာလာႏုိင္ငံက စစ္သားေတြက ဟန႔္တားခဲ့ပါတယ္။

ဟြန္ဒူးရပ္စ္ အာဏာပိုင္ေတြအေနနဲ႔ ဒီလို လူေတြ အစုလိုက္အၿပဳံလိုက္ ေရႊ႕ေျပာင္းထြက္ခြာတာေတြကို ထိန္းသိမ္းဖို႔၊ ဒါမွမဟုတ္ အၿမဲတေစ တားျမစ္လုပ္ေဆာင္ဖို႔ ဂြါတီမာလာ အစိုးရက ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။

လမ္းေလွ်ာက္လာေနတဲ့ ေရႊ႕ေျပာင္းလာသူေတြက သူတို႔ဟာ ကီလိုမီတာ ေထာင္နဲ႔ခ်ီတဲ့ ခရီးကို ရဲရဲရင့္ရင့္ ျဖတ္ေက်ာ္ၿပီး ဂြါတီမာလာနဲ႔ မကၠဆီကိုကိုျဖတ္ၿပီး အေမရိကန္ျပည္ေထာင္စုအထိ ေရာက္ေအာင္သြားမယ္လို႔ ေျပာဆိုပါတယ္။

သူတို႔ႏိုင္ငံမွာ ႀကဳံေနရတဲ့ ဆင္းရဲႏြမ္းပါးမႈ၊ အလုပ္လက္မဲ့ျပႆနာ၊ အၾကမ္းဖက္ဂိုဏ္းေတြနဲ႔ မူးယစ္ေဆးျပႆနာ၊ သဘာဝေဘးဒဏ္ေတြက လြတ္ေျမာက္ဖို႔ အခုလို သြားေနၾကတာလို႔ ေျပာပါတယ္။

အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ပါဝင္တဲ့ ဒီလူအုပ္ႀကီးဟာ အေမရိကတိုက္ ႏိုင္ငံေတြထဲက ဒီႏွစ္ထြက္လာတဲ့ ပထဆုံးအသုတ္ ျဖစ္ပါတယ္။

အရင္သမၼတ Donald Trump လက္ထက္ကထက္ သူတို႔အေပၚ စာနာငဲ့ညႇာမယ္လို႔ ေမွ်ာ္လင့္ေနၾကတဲ့ ဒီလူအုပ္ႀကီးက အေမရိျပည္ေထာင္စုမွာ ေရြးေကာက္ခံသမၼတ Joe Biden က်န္းသစၥာမက်ိန္ဆိုခင္ တပတ္ေတာင္ မလိုတဲ့အခ်ိန္မွာ ထြက္လာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလူအုပ် အမေရိကန်နယ်စပ်ဆီ ဦးတည်နေ

ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းလာသူ အနည်းဆုံး ၉,၀၀၀ လောက်ဟာ ဂွါတီမာလာနိုင်ငံကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရသစ် တာဝန်ယူတဲ့ အစောပိုင်းရက်တွေမှာ ရောက်လာနိုင်ဖို့ မျှော်လင့်ရင်း တရက်စောပြီး စတင် ထွက်ခွာလာနေပါတယ်။

ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာက အဝေးပြေးလမ်းမကြီးတွေတလျှောက် စစ်ဆေးရေး စခန်းတွေက ရဲတွေက စောစောပိုင်း ထွက်လာတဲ့သူတွေရဲ့ သက်သေခံ စာရွက်စာတမ်းတွေ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကို ရှေ့ဆက်မသွားအောင် ရပ်တန့်ဖို့တော့ မကြိုးစားခဲ့ကြပါဘူး။

စနေနေ့ကတော့ ဟွန်ဒူးရပ်စ်နယ်ခြား Chiquimula အဝေးပြေးလမ်းမ အဝင်ဂိတ်ဘက်ကို နီးကပ်လာတဲ့ လူအုပ်ကြီးကို ဂွါတီမာလာနိုင်ငံက စစ်သားတွေက ဟန့်တားခဲ့ပါတယ်။

ဟွန်ဒူးရပ်စ် အာဏာပိုင်တွေအနေနဲ့ ဒီလို လူတွေ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာတာတွေကို ထိန်းသိမ်းဖို့၊ ဒါမှမဟုတ် အမြဲတစေ တားမြစ်လုပ်ဆောင်ဖို့ ဂွါတီမာလာ အစိုးရက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

လမ်းလျှောက်လာနေတဲ့ ရွှေ့ပြောင်းလာသူတွေက သူတို့ဟာ ကီလိုမီတာ ထောင်နဲ့ချီတဲ့ ခရီးကို ရဲရဲရင့်ရင့် ဖြတ်ကျော်ပြီး ဂွါတီမာလာနဲ့ မက္ကဆီကိုကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုအထိ ရောက်အောင်သွားမယ်လို့ ပြောဆိုပါတယ်။

သူတို့နိုင်ငံမှာ ကြုံနေရတဲ့ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပြဿနာ၊ အကြမ်းဖက်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးပြဿနာ၊ သဘာဝဘေးဒဏ်တွေက လွတ်မြောက်ဖို့ အခုလို သွားနေကြတာလို့ ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ဒီလူအုပ်ကြီးဟာ အမေရိကတိုက် နိုင်ငံတွေထဲက ဒီနှစ်ထွက်လာတဲ့ ပထဆုံးအသုတ် ဖြစ်ပါတယ်။

အရင်သမ္မတ Donald Trump လက်ထက်ကထက် သူတို့အပေါ် စာနာငဲ့ညှာမယ်လို့ မျှော်လင့်နေကြတဲ့ ဒီလူအုပ်ကြီးက အမေရိပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ Joe Biden ကျန်းသစ္စာမကျိန်ဆိုခင် တပတ်တောင် မလိုတဲ့အချိန်မှာ ထွက်လာတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG