သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်သူ ၇၀၀ ကို ကန်လူဝင်မှုကြီးကြပ်ရေးဖမ်းဆီး


အမေရိကန်ပြည်ထောင်စု၊ Mississippi ပြည်နယ်က အစားအစာ စည်သွပ်ဘူးစက်ရုံတွေကို အမေရိကန် ရဲနဲ့လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က ဝင်ရှာပြီး တရားဝင်အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းဝင်သူ ၇၀၀ နီးပါးကို ဖမ်းလိုက်ပါတယ်။ ဒါဟာ အမေရိကန်မှာ ၁၀ နှစ်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကြီးမားဆုံး ဖမ်းဆီးမှုတခုဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေကို Mississippi ပြည်နယ်တွင်း သူတို့လုပ်ခဲ့တဲ့စက်ရုံတွေရဲ့အပြင်ဘက် တခြားမြို့ ၆ မြို့မှာ ထိန်းသိမ်းထားပြီး သူတို့ရဲ့ မိတ်ဆွေတချို့နဲ့ ဆွေမျိုးသားချင်းတွေကို “Let them go” သူတို့ကို ပြန်လွှတ်ပေးပါလို့ အော်ဟစ် တောင်းဆိုကြပါတယ်။

အဖမ်းခံရသူတချို့က ထွက်ပြေးဖို့ ကြိုးစားပေမယ့် ပြန်မိသွားတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။ ဖမ်းဆီးခံရသူအများစု ဟာ လက်တက်အမေရိကနိုင်ငံတွေက လာကြသူတွေပါ။

သူတို့ကို ဆက်ပြီး မှတ်တမ်းတင် စစ်ဆေးဖို့ စစ်စခန်းတခုကို ပို့လိုက်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန တာဝန်ရှိ သူတွေကပြောပါတယ်။ သူတို့ထဲက တချို့ကိုတော့ တရားရုံးတင်ဖို့ရက် စောင့်နေချိန်အတွင်း ခြေရာခံစောင့်ကြည့်လို့ရတဲ့ ကိရိယာတွေ ခြေကျင်းဝတ်မှာ တပ်ပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့က အဲဒီဖမ်းဆီးမှုမှာပါဝင်တဲ့ စက်ရုံတွေထဲက ဘယ်စက်ရုံကမှ ဒီကိစ္စအပေါ် မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။ တနိုင်ငံလုံးမှာ ရှာဖွေဖမ်းဆီးတာတွေကို လုပ်သွားမှာဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်းဝင်သူ ထောင်ပေါင်းများစွာ အဖမ်းခံရမယ်လို့ သမ္မတထရမ့်ပ်က ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG