သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် လာရောက်သူတွေ ဌာနေပြန်ပို့ဖို့ ကန်စတင်ဖမ်းဆီး


တရားမဝင် လာရောက်သူတွေကို စစ်ဆေးစဉ်
တရားမဝင် လာရောက်သူတွေကို စစ်ဆေးစဉ်

အမေရိကန် ပြည်ထောင်စု အတွင်းက ဌာနေပြန်ပို့ခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဖမ်းဆီးနိုင်ရေး ရည်ရွယ်ပြီး နိုင်ငံတဝန်း ရှာဖွေ ဖမ်းဆီးမှုကို လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန ICE က တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေ အနေနဲ့ နိုင်ငံရင်း ပြန်ပို့ခံရနိုင်ပါတယ်။

အမေရိကန် သမ္မတ Donald Trump က သောကြာနေ့က အတည်ပြုလိုက်တဲ့ ဒီအရေးယူ ဆောင်ရွက်မှုက Chicago ၊ Los Angeles နဲ့ New York အပါအဝင် အဓိက ကျတဲ့ မြို့ကြီး ၉ ခုက ရာနဲ့ချီတဲ့ မိသားစုတွေကို ပစ်မှတ်ထား ဆောင်ရွက်မယ်လို့ ယူဆထားကြပါတယ်။ ဒီနိုင်ငံကို တရားမဝင် ဝင်ရောက် လာသူတွေကို တရားဝင် ပြန်ပို့မှာ ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။ အန္တရာယ် ရှိတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို လူဝင်မှုနဲ့ အကောက်ခွန် ဌာန တာဝန်ရှိသူတွေက အများစု ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တရားရုံး အမှုတင်ထားဆဲ ရွှေ့ပြောင်းတွေကို အများစု ပစ်မှတ်ထားမယ်လို့လည်း လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာနရဲ့ ယာယီ ညွှန်ကြားရေးမှူး Matthew Albence က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်းက တရားမဝင် ရွှေ့ပြောင်းတွေကို ဖြိုခွင်းမယ်ဆိုတဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကြောင့် သမ္မတ Trump ကို မဲထည့်ခဲ့ကြသူတွေကတော့ အခု ရှာဖွေ ဖမ်းဆီးမှုတွေကို အားရ ကျေနပ်ကြမယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီဆောင်ရွက်ချက်ကို ရှုတ်ချထားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ပိုပြီး သာယာတဲ့ ဘ၀ တခုရဖို့ ကြိုးစားနေကြတဲ့ အများစု ဗဟို အမေရိက နိုင်ငံတွေက အများအပြား ပါဝင်တဲ့ မိသားစုတွေကို ပစ်မှတ်ထားတာဟာဆိုရင် လူမဆန်ဘူးလို့လည်း ဒီမိုကရက်တွေက ကြေညာထားပါတယ်။

တရားမဝင် လာရောက်သူတွေ ဌာနေပြန်ပို့ဖို့ ကန်စတင်ဖမ်းဆီး
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG