သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ကမၻာ့ေရႊ႕ေျပာင္းေနထုိင္သူ အေရအတြက္ ၃၀ ရာခုိင္ႏႈန္း က်ဆင္းခဲ့ (ကုလသမဂၢ)


အေမရိကန္-မကၠဆီကုိ နယ္စပ္မွာ အေမရိကန္ႏုိင္ငံတြင္း ခုိလႈံခြင့္ရသူစာရင္း ေၾကညာတာကို ေစာင့္ေမွ်ာ္ေနၾကတဲ့ ေရႊ႕ေျပာင္းေနထုိင္သူမ်ား။ (ဇူလုိင္ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါက ကမၻာတလႊား မိခင္ႏုိင္ငံကေန ျပင္ပႏုိင္ငံေတြကို ေရႊ႕ေျပာင္းေနထိုင္တဲ့ Migration ႏႈန္းကို ၃၀ ရာခိုင္ႏႈန္း ေႏွးေကြး က်ဆင္းေစခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အတြင္း ကမၻာတဝန္း ေရႊ႕ေျပာင္းေနထိုင္တဲ့ လူအေရအတြက္က ခန္႔မွန္းထားတာထက္ ၂ သန္းဝန္းက်င္ ေလ်ာ့နည္းခဲ့ေၾကာင္း ကုလသမဂၢက ေသာၾကာေန႔က ထုတ္ျပန္တဲ့ အစီရင္ခံစာတေစာင္မွာ ေဖာ္ျပထားတာပါ။

၂၀၂၀ ခုႏွစ္အတြင္း လူေပါင္း ၂၈၁ သန္း မိခင္ႏုိင္ငံ ျပင္ပကို ေျပာင္းေရႊ႕ ေနထိုင္ေနၾကတယ္လို႔လည္း ဆိုပါတယ္။

အဲဒီအထဲကမွ မွတ္တမ္း မွတ္ပုံတင္ထားတဲ့ ေရႊ႕ေျပာင္းေနထိုင္သူ ၃ ပုံ ၂ ပုံက ႏုိင္ငံေပါင္း ၂၀ ကိုသာ ေျပာင္းေရႊ႕ေနထိုင္ၾကတာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုကို ေျပာင္းေရႊ႕ေနထိုင္သူ ၅၁ သန္းနဲ႔ ပထမေနရာမွာ ရွိေနတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

လူအမ်ားဆုံး ေျပာင္းေရႊ႕ေနထိုင္တဲ့ ေနာက္တႏုိင္ငံကေတာ့ လူ ၁၆ သန္း လက္ခံခဲ့တဲ့ ဂ်ာမနီႏုိင္ငံ ျဖစ္ပါတယ္။ ေဆာ္ဒီအာေရးဗ်ကိုေတာ့ လူ ၁၃ သန္း၊ ႐ုရွားကို လူ ၁၂ သန္းနဲ႔ ၿဗိတိန္ႏုိင္ငံကို လူ ၉ သန္း ေျပာင္းေရႊ႕ေနထိုင္ခဲ့ပါတယ္။

၂၀၂၀ ျပည့္ႏွစ္မွာ အိႏၵိယႏုိင္ငံက လူအမ်ားဆုံး ေျပာင္းေရႊ႕ထြက္ခြာတဲ့ႏုိင္ငံ ျဖစ္ပါတယ္။ မႏွစ္က မိခင္ အိႏၵိယႏုိင္ငံကေန ျပင္ပကို ေျပာင္းေရႊ႕ေနထိုင္သူ ၁၈ သန္း ရွိပါတယ္။

အိႏၵိယလိုပဲ​ ေရႊ႕ေျပာင္းေနထိုင္တဲ့သူ မ်ားျပားတဲ့ တျခားႏုိင္ငံေတြကေတာ့ မကၠဆီကိုနဲ႔ ႐ုရွားႏုိင္ငံတို႔ျဖစ္ၿပီး လူ ၁၁ သန္းစီ ေျပာင္းေရႊ႕ေနထိုင္ၾကသလို တ႐ုတ္က လူ ၁၀ သန္းနဲ႔ ဆီးရီးယားက လူ ၈ သန္း တျခားႏုိင္ငံေတြကို ေရႊ႕ေျပာင္းေနထိုင္ၾကပါတယ္။

၂၀၂၀ ျပည့္ႏွစ္အတြင္း ႏုိင္ငံတကာက ေရႊ႕ေျပာင္းေနထိုင္သူေတြ အမ်ားဆုံးသြားတဲ့ေနရာက ဥေရာပျဖစ္ၿပီး ၈၇ သန္း ရွိပါတယ္။ ႏုိင္ငံတကာက ေရႊ႕ေျပာင္းေနထိုင္သူ ထက္ဝက္နီးပါးက သူတို႔ေနထိုင္တဲ့ တိုက္ေဒသအတြင္းမွာသာ ေျပာင္းေရႊ႕ေနထိုင္ၾကတာပါ။

ေရႊ႕ေျပာင္းေနထိုင္သူ အားလုံးရဲ႕ ၁၂ ရာခိုင္ႏႈန္းက ဒုကၡသည္ေတြျဖစ္ၿပီး အဲဒီဒုကၡသည္ေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းကို ဝင္ေငြ အလယ္အလတ္နဲ႔ ဝင္ေငြနည္း ႏုိင္ငံေတြက လက္ခံထားရတယ္လို႔လည္း ကုလသမဂၢက အစီရင္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ (ကုလသမဂ္ဂ)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတလွှား မိခင်နိုင်ငံကနေ ပြင်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်တဲ့ Migration နှုန်းကို ၃၀ ရာခိုင်နှုန်း နှေးကွေး ကျဆင်းစေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝန်း ရွှေ့ပြောင်းနေထိုင်တဲ့ လူအရေအတွက်က ခန့်မှန်းထားတာထက် ၂ သန်းဝန်းကျင် လျော့နည်းခဲ့ကြောင်း ကုလသမဂ္ဂက သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားတာပါ။

၂၀၂၀ ခုနှစ်အတွင်း လူပေါင်း ၂၈၁ သန်း မိခင်နိုင်ငံ ပြင်ပကို ပြောင်းရွှေ့ နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီအထဲကမှ မှတ်တမ်း မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃ ပုံ ၂ ပုံက နိုင်ငံပေါင်း ၂၀ ကိုသာ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်သူ ၅၁ သန်းနဲ့ ပထမနေရာမှာ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူအများဆုံး ပြောင်းရွှေ့နေထိုင်တဲ့ နောက်တနိုင်ငံကတော့ လူ ၁၆ သန်း လက်ခံခဲ့တဲ့ ဂျာမနီနိုင်ငံ ဖြစ်ပါတယ်။ ဆော်ဒီအာရေးဗျကိုတော့ လူ ၁၃ သန်း၊ ရုရှားကို လူ ၁၂ သန်းနဲ့ ဗြိတိန်နိုင်ငံကို လူ ၉ သန်း ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အိန္ဒိယနိုင်ငံက လူအများဆုံး ပြောင်းရွှေ့ထွက်ခွာတဲ့နိုင်ငံ ဖြစ်ပါတယ်။ မနှစ်က မိခင် အိန္ဒိယနိုင်ငံကနေ ပြင်ပကို ပြောင်းရွှေ့နေထိုင်သူ ၁၈ သန်း ရှိပါတယ်။

အိန္ဒိယလိုပဲ ရွှေ့ပြောင်းနေထိုင်တဲ့သူ များပြားတဲ့ တခြားနိုင်ငံတွေကတော့ မက္ကဆီကိုနဲ့ ရုရှားနိုင်ငံတို့ဖြစ်ပြီး လူ ၁၁ သန်းစီ ပြောင်းရွှေ့နေထိုင်ကြသလို တရုတ်က လူ ၁၀ သန်းနဲ့ ဆီးရီးယားက လူ ၈ သန်း တခြားနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတကာက ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံးသွားတဲ့နေရာက ဥရောပဖြစ်ပြီး ၈၇ သန်း ရှိပါတယ်။ နိုင်ငံတကာက ရွှေ့ပြောင်းနေထိုင်သူ ထက်ဝက်နီးပါးက သူတို့နေထိုင်တဲ့ တိုက်ဒေသအတွင်းမှာသာ ပြောင်းရွှေ့နေထိုင်ကြတာပါ။

ရွှေ့ပြောင်းနေထိုင်သူ အားလုံးရဲ့ ၁၂ ရာခိုင်နှုန်းက ဒုက္ခသည်တွေဖြစ်ပြီး အဲဒီဒုက္ခသည်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေက လက်ခံထားရတယ်လို့လည်း ကုလသမဂ္ဂက အစီရင်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG