သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားရေပိုင်နက် လှေမှောက် ပြောင်းရွှေ့ဝင်ရောက်သူ ၈၀ ကျော် သေဆုံး


လှေ နစ်မြုပ်ခဲ့ရာမှာ အသက်ရှင်ကျန်ရစ်သူတဦး
လှေ နစ်မြုပ်ခဲ့ရာမှာ အသက်ရှင်ကျန်ရစ်သူတဦး

ပြီးခဲ့တဲ့ နှစ်ရက်က တူနီးရှား ရေပိုင်နက်အတွင်း အာဖရိကက ရွှေ့ပြောင်း ဝင်ရောက်သူတွေ လိုက်ပါလာတဲ့ လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ သုံးဦးသာ အသက်ရှင်ပြီး ၈၃ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။ နစ်မြုပ်ခဲ့တဲ့လှေဟာ လစ်ဗျားနိုင်ငံ Zuwara မြို့က ထွက်လာပြီး နာရီပိုင်း အကြာမှာ မြေထဲ ပင်လယ် အတွင်း နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ကြက်ခြေနီ အသင်းက ဒီလှေပေါ် သယ်ဆောင်လာတဲ့ လူအရေအတွက် များလွန်းတယ်လို့ ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က လှေပေါ်ကလူတွေ ကမ်းခြေက မီးရောင်းကို မြင်နေရတုန်း အချိန်မှာပဲ လှေထဲ ရေအပြည့် ရောက်နေပြီလို့ ပြောပါတယ်။ အရေးပေါ် တယ်လီဖုန်း ဆက်ပြီး အကူအညီ တောင်းခံခဲ့ပေမဲ့ လှေရဲ့ တည်နေရာကို အတိအကျ မပြောနိုင်တာကြောင့် အကူအညီ မရခဲ့ပါဘူးလို့လည်း သူက ပြောပါတယ်။

အဲဒီ အသက်ရှင်ကျန်ရစ်သူတွေဟာ ပင်လယ်ပြင်ထဲ ၂ရက်ကြာ မျောနေရာမှ တံငါသည်တွေက ကယ်တင်ခဲ့ရတာပါ။

လှေမြုပ်တဲ့ ရက်မှာပဲ ထရီပိုလီမြို့က ရွှေ့ပြောင်းသူတွေကို ထိန်သိမ်းထားတဲ့စခန်းတစ်ခု လေကြောင်းက တိုက်ခိုက်တာ ခံခဲ့ရပြီး လူ ၄၄ ယောက် သေဆုံးခဲ့ပါတယ်။ ကုလ သမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဥရောပကို ပြောင်းရွှေ့ဖို့ ကြိုးစားသူ အာဖရိက ရွှေ့ပြောင်းသူတွေ အခုလို ဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး ကန့်ကွက် ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG